အားကစားသတင်းများ

မန်ယူ အသင်းအနေနဲ့ လက်ကျန်ပွဲကြပ်တွေကို ဖြတ်ကျော်ပြီး ရာသီကုန်မှာ အဆင့်ဘယ်လောက်မှာ ရပ်တည်နိုင်မလဲ?

blog image

April 3, 2025

  အခုနောက်ပိုင်း  နည်းပြအသစ် ဖြစ်တဲ့ အာမိုရင် လက်အောက်မှာ မန်ချက်စတာယူနိုက်တက် အသင်းက တဖြည်းဖြည်းနဲ့ အပေါင်းလက္ခဏ ဆောင်တဲ့ ကိစ္စတော်တော် များများကို တွေ့မြင်လာရပါတယ်။ အသင်းရဲ့ ကစားသမားတော်တော်များများကလည်း တဖြည်းဖြည်းနဲ့ အာမိုရင် ကစာကွက် နဲ့ အံဝင်လာခဲ့သလို အာမိုရင်ရဲ့ ကစားကွက် မှာ အကောင်းဆုံ စီးမျောကစားလာနိုင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အစပိုင်းမှာ ဒဏ်ရာရရှိတဲ့ ကစားသမားပေါင်းများစွာနဲ့ နည်းပြရဲ့ ကစားကွက်နဲ့ လိုက်ပါစည်းမျောဖို့ လိုအပ်ချက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းက အတော်လေးရုန်းကန်နေရပြီး ရလဒ်ပိုင်းတွေမှာ အတော်လေးဆိုးနရွားပြီး အဆင့်ဇယား ရပ်တည်မှုမှာ အဆင့် ၁၅ အထိ ရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ 


   ဒါပေမယ့် တဖြည်းဖြည်းနဲ့ အာမိုရင်ရဲ့ မန်ချက်စတာယူနိုက်တတ် အသင်းက ခြေစွမ်းပိုင်းအရ ဖိဖိစီးစီးနဲ့ မကစားနိုင်ပေမယ့်   အနိုင်ရလဒ်တွေ ရရှိအောင်တဖြည်းဖြည်းနဲ့ စွမ်းဆောင်လာနိုင်ခဲ့တယ်။ တစ်ဦးချင်းအမှားတွေ ရှိသေးပေမယ့်လည်း မန်ချက်စတာယူနိုက်တက် အသင်းတိုးတက်ကောင်းမွန်လာတာကိုတော့လက်ခံပေးရမှာပဲဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းက နိုင်သင့်တဲ့ ပွဲတွေကို အနိုင်ရလဒ်ရရှိအောင် ကစားလာနိုင်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက် အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ ရှုံးပွဲ တစ်ပွဲမှ မရှိသေးပဲ ၃ ပွဲနိုင်၊ ၄ ပွဲ သရေ ထိ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ပွဲစဥ် ၇ ပွဲမှာ အာဆင်နယ် ၊ ဖူဟမ် တို့လို ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတွေပါဝင်နေတာပဲဖြစ်ပါတယ် ။ ဒီတစ်ခေါက် နိုင်ငံတစ်ကာ ပွဲစဥ် တွေ ကစားရမှာကြောင့် လိဂ် ပွဲစဥ်  တွေ ခနနားတဲ့ အချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒဏ်ရာရရှိနေတဲ့ ကစားသမားတော်တော်များများက ဒဏ်ရာပြသနာကနေနဲ့ ပြန်လည်ကောင်းမွန်လာခဲ့ကြပါတယ်။


    လက်ကျန် ကစားဖို့ ပရီးမီးယားလိဂ် ၉ ပွဲ ကျန်ရှိနေသေးပြီး မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ နော်တင်ဟမ် ဖောရက် ၊ မန်စီးတီး ၊ နယူးကာဆယ် ၊ ဝုစ် ၊ ဘုန်းမောက် ၊ ဘရမ်ဖို့စ် ၊ ဝက်ဟမ်း ၊ ချယ်ဆီး ၊ အက်စတွန်ဗီလာ စတဲ့ အသင်းတွေနဲ့ ပွဲကြပ်တွေကို ရင်ဆိုင်သွားရမှာပဲဖြစ်ပါတယ်။ အခုချိန် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပရီးမီးယားလိဂ် အဆင့်ဇယား ရပ်တည်မှုမှာ အဆင့် ၁၃ နေရာမှာ ရှိနေပြီး ရမှတ် ၃၇ မှတ်ထိ ရှိနေတာပဲဖြစ်ပါတယ်။ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ချယ်ဆီး အသင်းနဲ့ ၁၂ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ လက်ကျန် ၉ ပွဲမှာ ပွဲကြပ်တွေနဲ့  ရင်ဆိုင်ပြီး ရမှတ်ဘယ်လောက်ထိ စုဆောင်းသွားနိုင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ယူရိုပါလိဂ် မှာလည်း ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိနေခဲ့ပြီး လီဂူးဝမ်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန် အသင်းနဲ့ ရင်ဆိုင်ရာမှာပဲဖြစ်ပါတယ်။


    ဒဏ်ရာရ ကစားသမား တော်တော်များများ ပြန်လာနိုင်ခဲ့ပြီး နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်ရော အပေါင်းလက္ခဏာ ဆောင်လာတဲ့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ လက်ကျန်ပွဲကြပ် ကာလတစ်ခုကို ဖြတ်ကျော်ပြီး ရာသီကုန်မှာ အဆင့်ဘယ်လောက်မှာ ရပ်တည်သွားမှာလဲ ။ ယူရိုပါလိဂ် ဖလားကိုရော အမိအရဆုပ်ကိုင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ  ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖက်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။ 

#mmmedia 

#manchesterunited

#amorim

#coach

#premierleague

#europaleague


Related Sports News