အားကစားသတင်းများ
ဂွာဒီယိုလာ ရဲ့ မန်စီးတီးက ခေတ်ကုန်သွားပြီလား
March 7, 2025
လူကြိုက်အများဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ် တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ် က ပြိုင်ဆိုင်မှု ဘယ်လောက်ပြင်းထန်တယ်ပဲပြောပြော ဂွာဒီယိုလာရဲ့ မန်စီးတီးက ပရီးမီးယားလိဂ် ကို ကြီးစိုးခဲ့တာ အချိန်တစ်ခုတော့ကြာခဲ့ပါပြီ။ ဂွာဒီယိုလာလက်ထပ် မန်စီးတီး အသင်းက အင်မတန်ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ပြိုင်ဘက် အသင်းတိုင်းရင်မဆိုင်ရဲတဲ့ အသင်းတစ်သင်းအဖြစ်ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ဖလားကို ၄ နှစ်ဆက် သိမ်းပိုက်နိုင်ခဲ့သလို ၇ နှစ်အတွင်းမှာလည်း ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ်အထိသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ ဂွာဒီယိုလာရဲ့ မန်စီတီး အသင်းက အရင်အခြေအနေတွေနဲ့ မတူတော့ပဲ ဆိုးဝါးတဲ့ ရာသီတစ်ခုကို ဖြတ်ကျော်နေရတာပဲဖြစ်ပါတယ်။
လောကနိယာမ ဖြစ်တဲ့ အတက်အကျအချိန်တွေကို ဂွာဒီယိုလာတစ်ယောက် ဖြတ်သန်းနေရပြီး အကျချိန်ရောက်ချိန်မှာ ဂွာဒီယိုလာက သူ့ရဲ့ နည်းပြဘဝ အဆိုးရွားဆုံးရာသီတစ်ခုကို မန်စီးတီး အသင်းနဲ့ကျော်ဖျက်နေရတာပဲဖြစ်ပါတယ်။ အခုချိန်မှာ ဂွာဒီယိုလာ အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်ဆိုင်ရာရော ကျဆင်းနေတဲ့ အချိန်တစ်ခုလည်းဖြစ်ပါတယ်။ မန်စီးတီး အသင်းက အဓိက အားထားရတဲ့ ကစားသမားတော်တော်များများရဲ့ ဒဏ်ရာပြသာနာတွေကြောင့် ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့ပြီး နည်းပြကြီး ဂွာဒီယိုလာအတွက်လည်း သူရဲ့နည်းပြ သမိုင်းတစ်လျောက် ပထမဆုံး ၅ ပွဲဆက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ နည်းပြကြီး ဂွာဒီယိုလာ ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ မန်စီးတီး အသင်းရဲ့ ကြီးစိုးမှုကပြီးဆုံးသွားနိုင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။
ဂွာဒီယိုလာ ဒီလိုရလဒ်ပိုင်းတွေကျဆင်းနေတာက အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတွေ ဒဏ်ရာရရှိနေတာကြောင့်လည်း ပါသလို အသင်းရဲ့ ဝါရင့် ကစားသမားကောင်းတွေရဲ့ အသက်အရွယ် ရလာပြီး ခြေစွမ်းကျဆင်းလာခဲ့တာကြောင့်လဲဖြစ်ပါတယ်။ အသင်းတစ်သင်းမှာ အဓိက ကျတာကတော့ ကွင်းလယ်ဖြစ်ပြီး ကွင်းလယ် ကစားသမားတွေက အသင်းရဲ့ ကျောရိုးတစ်ခုလည်းဖြစ်ပါတယ်။ မန်စီးတီး အသင်းရဲ့ ကွင်းလယ်က ဒီဘရိုင်း ၊ ဂန်ဒိုဂမ် ၊ ရိုဒရီ စတဲ့ ကမ္ဘာ့အကောင်းဆုံးကွင်းလယ် ကစားသမားတွေနဲ ဂွာဒီယိုလာက မန်စီးတီးအသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီရာသီ မန်စီးတီး အသင်းကျဆင်းသွားတဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခုကတော့ အခြားအသင်းတွေထက် မန်စီးတီး အသင်းခေါင်းတစ်လုံးသာစေတဲ့ ကွင်းလယ်အစုအဖွဲ့က အသက်အရွယ်တစ်ခုကြောင့် ခြေစွမ်းကျဆင်းသွာတာနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဒီဘရိုင်းက အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပြီး အရင်ကလောက် ပွဲစဥ်တိုင်းမှာ ပွဲချိန်ပြည့် အသုံးပြုလို့မရတော့တာကို အားလုံးလည်း မြင်တွေ့ပြီးပြီးဖြစ်မှာပါ။
ဂန်ဒိုဂမ် ရဲ့ အသက်ကလည်း ၃၄ နှစ်ရှိနေပြီဖြစ်ပြီး ပထမ တစ်ကြိမ် မန်စီးတီး အသင်းကထွက်သွားကတည်းက သူ့ရဲ့လုပ်အားနဲ့ ခြေစွမ်းကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။အသင်းရဲ့အဓိကအားထားရတဲ့ ကစားသမား ရိုဒရီကလည်း ဒီရာသီ ဒဏ်ရာပြသနာကြောင့် အနားယူနေရတဲ့ အချိန်မှာတော့ မန်စီတီးအသင်း ခက်ခဲတဲ့ ရာသီတစ်ခုကို ကျော်ဖြတ်နေရတာ ပဲဖြစ်ပါတယ်။ မန်စီးတီး အသင်းရဲ့ ကွင်းလယ်က ခေတ်တစ်ခုကုန်သွားခဲ့ပါပြီ။ ခေတ်တစ်ခေတ်ကုန်သွားရင် သွေးသစ်လောင်းဖို့လိုအပ်ပါတယ်။ အခုချိန်မှာ မန်စီးတီး အသင်းက ကစားသမား အစုအဖွဲ့ အသစ်တစ်ခုနဲ့ သွေးသစ်လောင်းဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ ဂွာဒီယိုလာက ကစားသမား အသစ်တွေနဲ့ သွေးသစ်လောင်းပြီး အသင်းကို အစကနေ ပြန်လည်တည်ထောင်ဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။
ဂွာဒီယိုလာ မန်စီးတီး အသင်းကို အစကနေပြန်လည်တည်ဆောက်သွားမလား။ ဂွာဒီယိုလာ က မန်စီးတီး အသင်းရဲ့ သမိုင်းတစ်လျောက် ပထမဆုံး ချန်ပီယံလိဂ် ဖလားအပြင် အခြားသော ဖလားအကုန်လုံးကိုလည်း သိမ်းပိုက်ပြီးပြီ ဖြစ်တာကြောင့် အသင်း နဲ့ စာချုပ်ဆက်မချုပ်တော့ပဲ အသင်းနဲ့လမ်းခွဲသွားမလား။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#ManchesterCity
#PepGuardiola
#coach
Related Sports News
အာဆင်နယ် အသင်းရဲ့ စတင်ဖြစ်ပေါ်လာပုံ နဲ့ အောင်မြင်မှု သမိုင်းကြောင်း
April 11, 2025
မော်ရင်ဟိုခေတ် ချဲယ်လ်ဆီးအသင်းပြန်လည်ဦးမော့လာခြင်း
April 11, 2025
ဘောလုံးသမိုင်းရဲ့ ဘက်လိုက်မှု မရှိဆုံးဒိုင်လူသား VAR
April 10, 2025
ယူနိုက်တက်ရဲ့ ကြောက်စရာအကောင်ဆုံးတိုက်စစ်အတွဲ ၂၀၀၇-၂၀၀၈ ရာသီရဲ့ အကောင်းဆုံးတိုက်စစ်အတွဲ
April 10, 2025
ချယ်ဆီး အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်မယ်လို့ ပြောလာတဲ့ ဂျင်မီကာရေဂါ ရဲ့ ပြောစကားကမှန်ရဲ့လား
April 10, 2025