𝟐𝟎ရာစု နှောင်းပိုင်းနဲ့ 𝟐𝟏ရာစုအစောပိုင်းတွေမှာ အီတလီ ဘောလုံးလောကဟာ ဩဇာအကြီးမားဆုံးနဲ့ အလွှမ်းမိုးဆုံးဖြစ်ခဲ့သလို 𝐈𝐭𝐚𝐥𝐲 𝐬𝐞𝐫𝐢𝐞𝐬 𝐀ဟာလည်း လူကြိုက်အများဆုံး 𝐥𝐞𝐚𝐠𝐮𝐞တစ်ခုဖြစ်ခဲ့ပါတယ်။ 𝐂𝐚𝐭𝐞𝐧𝐚𝐜𝐜𝐢𝐨 လို့ခေါ်တဲ့ ခံစစ်အသားပေး ကစားတဲ့ဟန်နဲ့အတူ 𝐁𝐮𝐟𝐟𝐨𝐧, 𝐌𝐚𝐥𝐝𝐢𝐧𝐢, 𝐍𝐞𝐬𝐭𝐚 ကစလို့ 𝐏𝐢𝐫𝐥𝐨, 𝐆𝐚𝐭𝐭𝐮𝐬𝐨, 𝐃𝐞𝐥 𝐏𝐢𝐞𝐫𝐨, 𝐓𝐨𝐭𝐭𝐢, 𝐈𝐧𝐳𝐚𝐠𝐡𝐢အဆုံး ကျော်ကြားလှတဲ့ဘောလုံးသမားများစွာလည်းပေါ်ထွက်လာခဲ့ပါတယ်။ထိုကစားသမား များနှင့်အတူ ဘောလွန်းဒီအော ဆုရရှိတဲ့အထူးဆုရရှိတဲ့အထိအောင်မြင်ကျော်ကြားခဲ့တဲ့ ကစားသမားနောက်ထပ်တစ်ယောက်လည်းရှိနေပါသေးတယ်။ သူရဲ့နာမည်ကတော့ 𝐅𝐚𝐛𝐢𝐨 𝐂𝐚𝐧𝐧𝐚𝐯𝐚𝐫𝐨 လို့ခေါ်ပါတယ်။ 𝐂𝐚𝐧𝐧𝐚𝐯𝐚𝐫𝐨လို့ပြောလိုက်တာနဲ့ 𝟐𝟎𝟎𝟔 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 မှာ 𝐂𝐚𝐩𝐭𝐚𝐢𝐧 လက်ပတ်ပတ်ပြီး အီတလီအသင်းရဲ့ နောက်တန်းတစ်နေရာမှာ အပီကြမ်းခဲ့တဲ့ ကစားသမားတစ်ယောက်ကို တော်တော်များများ မှတ်မိနေမယ်ထင်ပါတယ်။
အဲ့ဒီလိုမျိုး ကြမ်းခဲ့တဲ့ကစားသမားကိုတော့ 𝐈𝐭𝐚𝐥𝐲နိုင်ငံ 𝐍𝐚𝐩𝐞𝐥𝐬 မြို့မှာ 𝟏𝟗𝟕𝟑 ခုနှစ် 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 𝟏𝟑ရက်(ဒီနေ့)မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းသုံးယောက်အနက် အလတ် ဖြစ်ပြီးသူ့ရဲ့ညီကတော့ 𝐩𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐟𝐨𝐨𝐭𝐛𝐚𝐥𝐥𝐞𝐫တစ်ယောက်ဖြစ်တဲ့ 𝐏𝐚𝐨𝐥𝐨 𝐂𝐚𝐧𝐧𝐚𝐯𝐚𝐫𝐨 ပဲဖြစ်ပါတယ်။ 𝐅𝐚𝐛𝐢𝐨 အနေနဲ့ အသက်၁၁နှစ်မှာ 𝐍𝐚𝐩𝐞𝐥𝐬မြို့ခံအသင်းဖြစ်တဲ့ 𝐍𝐚𝐩𝐨𝐥𝐢 𝐉𝐮𝐧𝐢𝐨𝐫 𝐭𝐞𝐚𝐦 မှာကစားသမားဘဝစတင်ခဲ့ပြီး သိပ်မကြာခင်အချိန်အတွင်း 𝐒𝐞𝐧𝐢𝐨𝐫 အသင်းဆီပြောင်းရွှေ့ကစားခွင့်ရခဲ့ပါတယ်။ကွင်းလယ်ကစားသမားအဖြစ် စတင်ကစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဗဟိုခံစစ်မှူးနေရာသို့ပြောင်းကစားအပြီးမှာသူ့ရဲ့အကောင်းဆုံးပုံစံတွေကိုမြင်တွေ့ခွင့်ရခဲ့ရပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် ဘောလုံး𝐈𝐐 မြင့်မားသူတဦးဖြစ်ပြီး သူ့ခေတ်သူ့အခါက ကြယ်ပွင့်ကစားသမားလဲဖြစ်၊အသင်းဖော်လဲဖြစ်ခဲ့တဲ့ 𝐃𝐢𝐞𝐠𝐨 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚 ထံမှ ချီးကျူးစကားများလည်း ပြောကြားခံခဲ့ရပါတယ် ။
သူ့ရဲ့ကစားသမားဘဝကိုတော့ 𝐍𝐚𝐩𝐨𝐥𝐢, 𝐏𝐚𝐫𝐦𝐚 𝐂𝐚𝐥𝐜𝐢𝐨, 𝐉𝐮𝐯𝐞𝐧𝐭𝐮𝐬, 𝐑𝐞𝐚𝐥 𝐌𝐚𝐝𝐫𝐢𝐝 အစရှိတဲ့ ဒိတ်ဒိတ်ကြဲအသင်းတွေမှာ ဖြတ်သန်းခဲ့ပီး 𝐉𝐮𝐯𝐚𝐧𝐭𝐮𝐬အသင်းမှာ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်။ဘယ်လောက်ထိကောင်းခဲ့သလဲဆို 𝐅𝐢𝐟𝐚ရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ 𝟐𝟎𝟎𝟔ခုနှစ်ကရရှိခဲ့ပြီး ရယူရန် အင်မတန်ခက်ခဲလွန်းလှတဲ့ 𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐃'𝐎𝐫 ဆုကိုရရှိခဲ့တဲ့ ဗဟိုနောက်ခံလူ သုံးယောက်ထဲမှာလည်းတစ်ယောက် အပါအဝင်ပဲဖြစ်ခဲ့ပါတယ်။ နိုင်ငံအသင်းနှင့်အတူ ကမ္ဘ့ာဖလားလည်းရရှိခဲ့ပြီး ထိုပြိုင်ပွဲတွင် 𝐂𝐚𝐧𝐧𝐚𝐯𝐚𝐫𝐨 ရဲ့ 𝐂𝐚𝐩𝐭𝐚𝐢𝐧𝐜𝐲 ကလည်းအဓိကကျတဲ့ နေရာကနေပါဝင်ခဲ့ပါတယ်။ကစားသမားဘဝပွဲပေါင်း ၆၉၃ပွဲကစားပီး ၁၈ဂိုးသွင်း၊ ၅ကြိမ်သာဖန်တီးပေးခဲ့ပေမယ့် ရရှိခဲ့တဲ့ဆုတွေကတော့ လက်ဖျားခါချင်စရာကောင်းလွန်းလှပါတယ်။အရပ်𝟏,𝟕𝟔𝐦သာရှိတဲ့နောက်တန်းကစားသမားတစ်ယောက်ကဘောလွန်းဒီအောဆု ရရှိခဲ့တဲ့အထိအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
သူက𝐒𝐰𝐞𝐞𝐩𝐞𝐫နေရာပါမကျန်ကစားနိုင်ပေမယ့် 𝐝𝐞𝐬𝐭𝐫𝐨𝐲𝐞𝐫 𝐭𝐲𝐩𝐞နဲ့ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းကိုပြသနိုင်ပါတယ်။တခြားသောခံစစ်မှူးတွေနဲ့မတူဘဲ ထူးခြားတာကတော့ 𝐀𝐠𝐢𝐥𝐢𝐭𝐲 အရမ်းကောင်းတာပါ။ အရပ် ငါးပေ ကိုးလက်မသာရှိသော်လည်း 𝐀𝐞𝐫𝐢𝐚𝐥 𝐃𝐮𝐚𝐥တွေယှဉ်ရင် အမြဲအသာရလေ့လည်းရှိပြီး နောက်ဆုံးအနေနဲ့ကတော့ အီတလီကစားသမားပီပီ မာကြောတယ် ပြတ်သားတယ် ။ထို့အပြင် 𝐀𝐞𝐫𝐨𝐛𝐚𝐭𝐢𝐜 𝐂𝐥𝐞𝐚𝐫𝐧𝐞𝐬𝐬 နဲ့ 𝐬𝐥𝐢𝐝𝐢𝐧𝐠 𝐭𝐚𝐜𝐤𝐥𝐞 သပ်ရပ်မှုတွေကြောင့်လည်းသူ့ရဲ့ကစားဟန်ကဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။ဒီလိုမျိုး အဖက်ဖက်ကနေ ပြည့်စုံတဲ့ ကစားသမားတစ်ဦးဖြစ်သော်လည်းဒဏ်ရာပြဿနာများကြောင့် ၂၀၁၂ခုနှစ်၊မတ်လ၁ရက်နေ့မှာတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။ အနားယူပြီးသွားသော်လည်း သူချစ်တဲ့ဘောလုံးအားကစားအတွက် နည်းပြအဖြစ်နဲ့ ဝင်ရောက်လာပြန်ပါသေးတယ်။ ကနာဗားရိုး ကတော့ နည်းပြဘဝ မှာတော့ ခရိုအေးရှား ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဒိုင်မိုဇာကရက် အသင်းကို ကိုင်တွယ်မနေတာပဲဖြစ်ပါတယ်။ ကနာဗားရိုး က ကစားသမား ဘဝ မှာ တော့ တစ်ဦးတစ်ယောက်ချင်းဆုတံဆိပ် များ အဖြစ် 𝐓𝐇𝐄 𝐁𝐄𝐒𝐓 𝐅𝐈𝐅𝐀 𝐌𝐄𝐍'𝐒 𝐏𝐋𝐀𝐘𝐄𝐑 တစ်ကြိမ် ၊ 𝐁𝐀𝐋𝐋𝐎𝐍 𝐃'𝐎𝐑 တစ်ကြိမ်၊ 𝐅𝐎𝐎𝐓𝐁𝐀𝐋𝐋𝐄𝐑 𝐎𝐅 𝐓𝐇𝐄 𝐘𝐄𝐀𝐑 တစ်ကြိမ် တို့ကို ရရှိခဲ့ပြီး ဆူဖလားအောင်မြင်မှုများ အဖြစ် ပါးမား အသင်းနှင့်အတူ 𝐂𝐨𝐩𝐩𝐚 𝐢𝐭𝐚𝐥𝐢𝐚 ( ၂ ) ကြိမ်၊ 𝐒𝐮𝐩𝐞𝐫𝐜𝐨𝐩𝐩𝐚 𝐢𝐭𝐚𝐥𝐢𝐚𝐧𝐚 ( ၁ ) ကြိမ် ၊ 𝐔𝐄𝐅𝐀 𝐂𝐮𝐩 ( ၁ )ကြိမ်တို့ကို ရရှိခဲ့ပြီး ရီးရဲလ် အသင်းနဲ့ အတူ လာလီဂာ ဖလား ( ၂ )ကြိမ်၊ 𝐒𝐮𝐩𝐞𝐫𝐜𝐨𝐩𝐩𝐚 𝐃𝐞 𝐄𝐬𝐩𝐚𝐧𝐚 ( ၁ ) ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းနဲ့ လည်းဆုဖလားတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ် အသင်း ရဲ့ အရှုပ်တော်ပုံတွေကြောင့် ဆုဖလားတွေကို ပြန်လည်ပေးအပ်ခဲ့ရပါတယ်။ဒီနေ့တင်ဆက်ပေးသွားတာ ကတော့ တစ်ချိန်က အီတလီ အသင်းရဲ့ နောက်တန်းခံစစ်ကို ဦးဆောင်ခဲ့တဲ့ ကနာဗားရိုး အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"