အားကစားသတင်းများ

မြန်မာ 𝐄𝐬𝐩𝐨𝐫𝐭 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 မှာ ဘာကြောင့် 𝐌𝐏𝐋 လိုအပ်နေတာလည်း ?

blog image

February 7, 2025

ဒီဘက်ခေတ် တွေမှာ မိုဘိုင်း ဂိမ်းတွေခေတ်စားလာတာနဲ့ အမျှ 𝐄𝐒𝐏𝐎𝐑𝐓 ဆိုတဲ့ 𝐍𝐄𝐓𝐖𝐎𝐑𝐊 တစ်ခုကျယ်ပြန့်လာခဲ့ပါတယ်။ ဒီဘက်ခေတ် ခေတ် ရေစီးကြောင်းမှာ 𝐄𝐒𝐏𝐎𝐑𝐓 နယ်ပယ် တစ်ခု က သိသိသာသာကြီး ကျယ်ပြန့်လာခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်လောက် ကတည်းက တရုတ် နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ 𝐄𝐒𝐏𝐎𝐑𝐓 ဆိုပြီး ပထမ ဆုံး နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 ကစားသမားတွေ စတင်ပေါ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ 𝐄𝐒𝐏𝐎𝐑𝐓 က အွန်းလိုင်းနဲ့ ဆော့ရတဲ့ ဂိမ်းတွေဘက် ကို ပိုမို စိတ်ဝင်စားလာခဲ့ကြပါတယ်။ 𝐄𝐬𝐩𝐨𝐫𝐭 𝐆𝐚𝐦𝐞 ပြိုင်ပွဲတော်တော်များများကို ကျင်းပခဲ့ပြီး ၂၀၀၀ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် တွေမှာ 𝐓𝐕 𝐂𝐡𝐚𝐧𝐧𝐞𝐥 တော်တော်များများ က 𝐄𝐬𝐩𝐨𝐫𝐭 ပြိုင်ပွဲတော်တော်များကို စတင်ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကို ၂၀၀၀ ခုနှစ် လောက်ကစပြီး 𝐃𝐎𝐓𝐀 𝟏 ၊𝐂𝐨𝐮𝐧𝐭𝐞𝐫-𝐒𝐭𝐫𝐢𝐤𝐞 𝟏.𝟔 ၊ 𝐖𝐚𝐫𝐜𝐫𝐚𝐟𝐭 𝐥𝐥𝐥 စတဲ့ 𝐄𝐬𝐩𝐨𝐫𝐭 ဂိမ်းတွေ မြန်မာနိုင်ငံကို စရောက်ရှိခဲ့ပေမယ့် ကျယ်ကျယ့်ပြန့်ပြန့် ဖြစ်မလာသေးပဲ နောက်ပိုင်းမှ သာ လူငယ်တော်တော်များများ က 𝐄𝐒𝐏𝐎𝐑𝐓 ဂိမ်းတွေကို ပိုမို စိတ်ဝင်စားလာကြပါတယ်။ 𝐄𝐒𝐏𝐎𝐑𝐓 နယ်ပယ် က အာရှ တစ်ခွင်မှာ နာမည် အကြီးဆုံး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ကနေ ၂၀၁၈ ခုနှစ်လောက်ကမှ မြန်မာနိုင်ငံ မှာ 𝐄𝐒𝐏𝐎𝐑𝐓 နယ်ပယ် က သိသိသာသာ ကျယ်ပြန့်ခဲ့ပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ်တွေမှာ 𝐃𝐨𝐭𝐚 𝟐 & 𝐋𝐞𝐚𝐠𝐮𝐞 𝐨𝐟 𝐋𝐞𝐠𝐞𝐧𝐝𝐬 (𝐋𝐨𝐋) စတဲ့ 𝐄𝐬𝐩𝐨𝐫𝐭 ပြိုင်ပွဲ တွေစတင်ကျင်းပလာခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာ 𝐏𝐔𝐏𝐆 𝐏𝐂 နဲ့ ၂၀၁၈ ခုနှစ်မှာ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬: 𝐁𝐚𝐧𝐠 𝐁𝐚𝐧𝐠 (𝐌𝐋𝐁𝐁) , 𝐏𝐔𝐁𝐆 𝐌𝐨𝐛𝐢𝐥𝐞 စတဲ့ ဂိမ်းတွေ က မြန်မာ 𝐆𝐚𝐦𝐞𝐫 တွေ အတွက် 𝐄𝐒𝐏𝐎𝐑𝐓 ကို ပိုမို စိတ်ဝင်စားအောင် စွဲဆောင်နိုင်ခဲ့ပြီး အဲ့ဒီ နောက်ပိုင်း 𝐄𝐒𝐏𝐎𝐑𝐓 တိုင်းမှာ အသင်းတိုင်းကိုဖွဲ့စည်ခဲ့ကြပြီး ပြိုင်ပွဲများကို ဝင်ပြိုင်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐥𝐲𝐦𝐩𝐢𝐜𝐬 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 ( 𝐈𝐎𝐂 ) က 𝐄𝐒𝐏𝐎𝐑𝐓 ကို အားကစားတစ်ခုအဖြစ် စတင်သတ်မှတ်ခဲ့ပြီး အိုလံပစ် ရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ အိုလံပစ်မှာ စတင်ဝင်ရောက် ပြိုင်ဆိုင်စေခဲ့ပါတယ်။
𝐄𝐒𝐏𝐎𝐑𝐓 𝐆𝐀𝐌𝐄 တွေထဲက မှ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬: 𝐁𝐚𝐧𝐠 𝐁𝐚𝐧𝐠 (𝐌𝐋𝐁𝐁) ကဆိုရင် ကျွန်တော် တို့မြန်မာ နိုင်ငံမှာ လူဆော့အများဆုံးနဲ့ အကျော်ကြားဆုံးဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ 𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬: 𝐁𝐚𝐧𝐠 𝐁𝐚𝐧𝐠 (𝐌𝐋𝐁𝐁) ရဲ့ အကြီးမားဆုံးသော (𝐌𝐨𝐛𝐢𝐥𝐞 𝐋𝐞𝐠𝐞𝐧𝐝𝐬 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐚𝐠𝐮𝐞) လို့ ခေါ်တဲ့ 𝐦𝐩𝐥 ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ 𝐌𝐏𝐋 ပြိုင်ပွဲ တွေက မြန်မာ ပရိတ်သတ်တော်တော်များ ကို စွဲဆောင်နိုင်စေခဲ့ပြီး 𝐄𝐬𝐩𝐨𝐫𝐭 လောက က ပိုမို ကျယ်ပြန့်စေခဲ့ပါတယ်။ မြန်မာ 𝐌𝐏𝐋 𝐒 𝟓 ထိ ကျင်းပနိုင်ခဲ့ပြီး 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ပြိုင်ပွဲတော်တော်များများ ကို မြန်မာ နိုင်ငံ ကိုယ်စားပြု အသင်းတွေကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ 𝐌 𝟐 𝐖𝐨𝐫𝐥𝐝 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အသင်းတစ်သင်းဖြစ်တဲ့ 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐆𝐡𝐨𝐮𝐥𝐬 အသင်းက ဒုတိယ နေရာအထိ ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် 𝐌𝟐 အပြီးမှာ ကိစ္စအရပ်ရပ်ကြောင့် ပြိုင်ပွဲတွေရပ်တန့်သွားခဲ့ပြီး 𝐌𝐋𝐁𝐁𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲ကြီးကလည်းပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက် ပြည်တွင်း 𝐓𝐡𝐢𝐫𝐝 𝐏𝐚𝐫𝐭𝐲 ပြိုင်ပွဲလေးတွေတစ်စတစ်စ ပိုမိုများပြားလာခဲ့ပြီး 𝐌𝐋𝐁𝐁 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 ကြီးကလည်းပြန်လည်အသက်ဝင်လာခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော် တို့ မြန်မာ နိုင်ငံ 𝐌𝐏𝐋က တော့ ပြန်လည်မကျင်းပတော့ပါဘူး၊ ကျွန်‌တော်တို့ 𝐌𝐏𝐋 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့သမိုင်းက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး မဖြစ်ခဲ့ပါဘူး။ 𝐌𝐏𝐋 𝐌𝐲𝐚𝐧𝐦𝐚𝐫 မရှိတော့ချိန်မှာမှ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခဲ့တာပါ။ ကျွန်တော်တို့ မြန်မာ အသင်းတွေ အနေနဲ့ 𝐌𝐏𝐋ပြိုင်ပွဲ မရှိတာကြောင့် ယှဥ်ပြိုင်ရတဲ့ ပွဲ အရေအတွက် ကနည်းပါး ပြီး 𝐎𝐟𝐟𝐥𝐢𝐧𝐞 ပွဲတွေကိုပဲ အများအားဖြင့် ယှဥ်ပြိုင်နေခဲ့ရတာကြောင့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 ပွဲတွေမှာ သွားရောက်ယှဥ်ပြိုင်တဲ့ အခါကြရင် 𝐬𝐭𝐚𝐠𝐞 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 တွေကြောင့် အကောင်းဆုံးလက်စွမ်းတွေကို ပြသနိုင်ဖို့ တားဆီးထားသလိုဖြစ်ခဲ့ရပါတယ်။ 𝐑𝐞𝐠𝐢𝐨𝐧 အ‌သေးတော်တော်များများ နဲ့ 𝐌𝐏𝐋 မရရှိထားတဲ့ နိုင်ငံတွေက 𝐒𝐭𝐚𝐠𝐞 နဲ့ ယှဥ်ပြိုင်ရတဲ့ အတွေ့အကြုံကတော်တော်လေးကိုနည်းပါးပါတယ်။ ဒါကြောင့် အကုန်လုံးက 𝐌𝐏𝐋 ကိုတောင်းဆိုနေကြတာပဲဖြစ်ပါတယ်။ 𝐌𝐏𝐋ရှိတဲ့နိုင်ငံတွေက ပြိုင်ပွဲတွေကို အပတ်စဥ် 𝐒𝐓𝐀𝐆𝐄 ပေါ်မှာ ယှဥ်ပြိုင်ခဲ့ရပြီး သူတို့မှာ 𝐬𝐭𝐚𝐠𝐞 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞 တွေကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံတွေ ရရှိနေတာပဲဖြစ်ပါတယ်။ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐋𝐞𝐚𝐠𝐮𝐞 မရှိတဲ့အတွက် မြန်မာ 𝐏𝐥𝐚𝐲𝐞𝐫𝐬 တွေ ချန်ရှင်တန်းမတက်နိုင်𝐌𝐏𝐋 ဆိုတာ 𝐌𝐨𝐨𝐧𝐭𝐨𝐧 (𝐌𝐋𝐁𝐁 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫) မှာ တရားဝင် တည်ထောင်ထားတဲ့ 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐞𝐚𝐠𝐮𝐞 ဖြစ်တဲ့အတွက် 𝐌𝐏𝐋 ရှိတဲ့နိုင်ငံတွေ (𝐞.𝐠., 𝐏𝐡𝐢𝐥𝐢𝐩𝐩𝐢𝐧𝐞𝐬, 𝐈𝐧𝐝𝐨𝐧𝐞𝐬𝐢𝐚, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚, 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞, 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚, 𝐞𝐭𝐜.) ကတော့ 𝐌𝐏𝐋 𝐋𝐞𝐚𝐠𝐮𝐞 မှတဆင့် 𝐌 𝐒𝐞𝐫𝐢𝐞𝐬 (𝐖𝐨𝐫𝐥𝐝 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩) သို့ တိုက်ရိုက် 𝐐𝐮𝐚𝐥𝐢𝐟𝐢𝐞𝐝 ဖြစ်နိုင်ပါတယ်။
မြန်မာမှာ 𝐌𝐏𝐋 မရှိတဲ့အတွက် 𝐌 𝐒𝐞𝐫𝐢𝐞𝐬, 𝐌𝐒𝐂 (𝐌𝐋𝐁𝐁 𝐒𝐨𝐮𝐭𝐡𝐞𝐚𝐬𝐭 𝐀𝐬𝐢𝐚 𝐂𝐮𝐩) တို့ကို တိုက်ရိုက်မဝင်နိုင်ဘဲ 𝐖𝐢𝐥𝐝 𝐂𝐚𝐫𝐝 𝐑𝐨𝐮𝐧𝐝𝐬 (𝐨𝐫) 𝐓𝐡𝐢𝐫𝐝-𝐏𝐚𝐫𝐭𝐲 𝐓𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭𝐬 မှတဆင့် ဝင်ရတယ်။ ဒါက မြန်မာ 𝐌𝐋𝐁𝐁 𝐓𝐞𝐚𝐦 တွေအတွက် အခွင့်အရေး ပိုလျော့သွားစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာ 𝐄𝐬𝐩𝐨𝐫𝐭𝐬 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 အတွက် 𝐌𝐏𝐋 ရှိလာမယ်ဆိုရင် 𝐌𝐋𝐁𝐁 𝐏𝐫𝐨 𝐒𝐜𝐞𝐧𝐞 ပိုမိုခိုင်မာ လာမယ်။ မြန်မာ 𝐏𝐥𝐚𝐲𝐞𝐫𝐬 & 𝐓𝐞𝐚𝐦𝐬 တွေ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐭𝐚𝐠𝐞 ပိုရောက်လာနိုင်မယ်။𝐋𝐨𝐜𝐚𝐥 𝐒𝐩𝐨𝐧𝐬𝐨𝐫𝐬 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭𝐬 တိုးလာမယ်𝐌𝐨𝐨𝐧𝐭𝐨𝐧 မှ မြန်မာကို 𝐑𝐞𝐜𝐨𝐠𝐧𝐢𝐳𝐞𝐝 𝐋𝐞𝐚𝐠𝐮𝐞 အဖြစ် အသိအမှတ်ပြုလာနိုင်မယ်။ဒါကြောင့် 𝐌𝐏𝐋 𝐌𝐲𝐚𝐧𝐦𝐚𝐫 (𝐌𝐏𝐋-𝐌𝐌) ရှိလာခြင်းက မြန်မာ 𝐌𝐋𝐁𝐁 𝐄𝐬𝐩𝐨𝐫𝐭𝐬 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 အတွက် အလွန်အရေးကြီးတယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

Related Sports News