အားကစားသတင်းများ

အာဂျင်တီးနားရဲ့ မိုက်တီးကြီး ဒီယေဂို ဆီမြွန်နီ

blog image

December 31, 2024

ဒီယေဂို ဆီမြွန်နီဆိုရင် တန်းကနဲ မြင်ကြမှာက လက်ရှိ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ သက် တော်ရှည် မိုက်တီး နည်းပြကြီးဆိုပါတော့။ ဒီထက် ပို မြင်ဖူးကြားဖူးကြသူတွေကတော့ သူ့ကို ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ဒေးဗစ်ဘက်ခမ်းနဲ့ ပြဿနာတက်ခဲ့ပြီး ဘက်ခမ်းကို အနီကတ်ထိသွားစေခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်မိကြပါလိမ့်မယ်။ ဒီအပိုင်းမှာတော့ သူ့အကြောင်းလေးကို ပြောကြရ အောင်ပါ။



ဒီယေဂို ဆီမြွန်နီ က အာဂျင်တီးနားသားဆိုတာကတော့ အားလုံးသိထားကြပြီးသားဖြစ်မှာပါ။ ဘရူနို အေးရီးစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး နာမည်ရင်းကတော့ ဒီယေဂို ပါပလို ဆီမြွန်နီ ဂွန်ဇာလက်ပါ။ ကွင်း လယ်ကစားသမားတစ်ဉီးအဖြစ် ကစားသမားဘဝကို ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့ လူငယ်လေ့ကျင့်ရေး အကယ်ဒမီ သင်တန်းသားဘဝကို ဘရူနိုအေးရီးစ် အခြေစိုက် ကလပ် အသလက်တီကို ဗီလက် ဆား ဖီးလ်ဆိုတဲ့ အသင်းနဲ့အတူ ဖြတ်သန်းခဲ့တာပါ။ အဲဒီအသင်းမှာပဲ ပွဲဉီးထွက်ခဲ့ပြီး ၁၉၉၀ အထိ ၃ နှစ် ကစားခဲ့ပါတယ်။ အဲဒီနောက် အီတလီကလပ်အသင်း ပီဆာ ကို ရောက်လာခဲ့ပြီး နောက်တော့ စပိန်မှာ လူသူလေးစား ရတဲ့ကလပ်ဖြစ်တဲ့ ဆီဗီးလားအသင်း၊ အဲဒီကနေမှ အက်သလက်တီကို မက်ဒရစ်အသင်း၊ အဲဒီနောက် အင်တာမီလန်အသင်း၊ လာဇီယိုအသင်းတို့ကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက် လာ ဇီယိုကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြန်ပြောင်း၊ နောက်တော့ အာဂျင်တီးနားကလပ်တစ်ခု ဖြစ်တဲ့ ရေးဆင်းကို ပြန်ရောက်လာခဲ့ပြီး အဲဒီမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။



ဆီမြွန်နီရဲ့ ကစားသမားဘဝ ကစားဟန်က အခု သူ့ အက်သလက်တီကိုက ကွင်းလယ်ကစားသမား တွေဆီမှာ သူတောင်းဆိုတဲ့ ပုံစံ၊ အက်သလက်တီကို အသင်းလိုက် ကစားနေတဲ့ ဟန်အတိုင်းပါပဲ။ သူ က ကွင်းလယ်ဗဟိုမှာ နေရာယူကစားရတာများပြီး 𝐁𝐨𝐱-𝐭𝐨-𝐁𝐨𝐱 လည်း ကစားနိုင်သလို ကွင်းလယ်ခံ စစ်လိုလည်း ကစားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်တဲ့အရည်အသွေးကို နည်းပြတွေက အသုံးချချင်တာကြောင့် ကွင်းလယ်ခံစစ်လို လုံးဝခံစစ်အထိုင်ချည်းတော့ မကစားစေပါဘူး။
အမြင့်ဘော ရှင်းထုတ်တာတွေ၊ လေထဲမှာ ဘောလုံးယှဉ်လုတာတွေ အားသာပေမဲ့ အရပ်က အမြင့် ကြီးမဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန် အားထုတ်ကြိုးစား ကစားတတ်တဲ့ ကစားသမားမျိုးဖြစ်ပြီး မ မောမပန်း ပြေးလွှားလိုက်ပါကစားပါတယ်။ စိတ်ဓါတ်ပြင်းပြပါတယ်။ ဒီအချက်တွေကို ဖတ်လိုက်ရုံ နဲ့တင် လက်ရှိအက်သလက်တီကိုက ဘာလို့ ဒီလိုကစားဟန်ရှိနေလဲဆိုတာ အားလုံး သိနိုင်လောက် ကြပါပြီ။


သူက လိုအပ်ရင် 𝐖𝐢𝐧𝐠-𝐁𝐚𝐜𝐤 လိုလည်း ကစားနိုင်ပြီး ၁၉၉၈ ကမ္ဘာ့ဖလားမှာ ဘက်ခမ်းနဲ့ ပြဿနာ တက်တဲ့ အင်္ဂလန်နဲ့ပွဲတုန်းက သူ 𝐖𝐢𝐧𝐠-𝐛𝐚𝐜𝐤 ကစားခဲ့တာပါ။ ဘောလုံးဖြန့်ဝေနိုင်စွမ်းကောင်းတယ်၊ တိုက်ခိုက်ကြိုးစားပြီး သက်လုံလည်းကောင်းတယ်၊ ဘောလုံးပြန်လိုက်လုပြီး တိုက်စစ်ပြန်စတဲ့နေရာ မှာ ကောင်းတာကြောင့် သူ့ခေတ်သူ့အခါကတော့ ချီးကျူးအသိအမှတ်ပြုမှုတွေ ရခဲ့တဲ့သူပါပဲ။ ကစား သမားဘဝမှာ အက်သလက်တီကိုနဲ့ လာလီဂါရခဲ့ဖူးသလို ကိုပါဒယ်ရေးလည်းရခဲ့ဖူးတယ်။ အင်တာမီ လန်နဲ့ ယူအီးအက်ဖ်အေဖလား ရခဲ့ဖူးတယ်။ အခုတော့ အဲဒီဖလားကို ယူရိုပါလိဂ်လို့ ခေါ်တာပေါ့။ လာဇီယိုနဲ့လည်း စီးရီးအေ တစ်ကြိမ်၊ ကိုပါအီတာလီယာ တစ်ကြိမ်၊ အီတလီစူပါဖလားတစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလားတစ်ကြိမ် ရခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ကိုပါအမေရိကအောင်မြင်မှုက လည်း မှတ်ကျောက်တင်စရာပါပဲ။



သူ့အသက် အသက် ၃၆ နှစ် ၂၀၀၆ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးတာနဲ့ ရေးဆင်းက လပ်ကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလောက်မှာ နည်းပြအဖြစ် တာဝန် ယူပေးခဲ့ပြီး မေလလောက်မှာတော့ အသင်းဥက္ကဌသစ်တက်လာတော့ ရေးဆင်းကနေ ထွက်ခဲ့ပါ တယ်။ အဲဒီနောက် ကလပ် စတူဒီယန်းတက်စ် ဒဲ လာ ပါလာတာ ဆိုတဲ့ အာဂျင်တီးနားအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာ ၂၀၀၇ ခုနှစ်အထိပါပဲ။ အဲဒီနောက် ရေးဗားပလိတ်ကို တစ်ရာသီကိုင်လိုက် ပါသေးတယ်။ အဲဒီနောက် ဆန်လော်ရန်းဇိုးမှာ ခဏတာ၊ နောက်တော့ စစ္စလီကျွန်းအခြေစိုက် အီတ လီကလပ် ကာတာနီးယားကို ကိုင်ဖို့ ရောက်သွားခဲ့ပြီး ၆ လလောက် တာဝန်ယူ၊ တန်းဆင်းတော့မယ့် အန္တရာယ်ကနေ ကယ်တင်ခဲ့ပြီးတဲ့နောက် ရေးဆင်းဆီကို နည်းပြအဖြစ် ပြန်ရောက်သွားခဲ့ပြန်ပါ တယ်။



၂၀၁၁ ဇွန်လမှာ ရေးဆင်းကို ပြန်ကိုင်နေတဲ့ ဆီမြွန်နီဟာ ၂၀၁၁ ဒီဇင်ဘာမှာတော့ အက်သလက်တီ ကိုမက်ဒရစ်နည်းပြဖြစ်လာခဲ့ပါတော့တယ်။ ဂရီဂိုရီ မန်ဇာနိုရဲ့ နေရာမှာ အစားဝင်တာဖြစ်ပြီး အခုမှ သူ့အတွက် ဘူမိနက်သန် နေရာမှန်ကို ရောက်လာတာလို့ ဆိုရတော့မလိုပါပဲ။ သူက ဘယ်လိုနည်းပြ မျိုးလဲ၊ အသင်းကို ဘယ်လိုမျိုး တည်ဆောက်ရတာ ကြိုက်သလဲ၊ ဘယ်လို ကစားသမားမျိုးတွေကို သဘောကျတတ်သလဲဆိုတာကတော့ အခုအချိန်မှာ အားလုံးသိမြင်နိုင်နေပါပြီ။ သူ့ရဲ့ အက်သလက်တီကို နည်းပြဘဝသက်တမ်းအတွင်းမှာ ဆီမြွန်နီဟာ လာလီဂါ ၂ ကြိမ် ယူပေး ထားနိုင်ပါတယ်။ ၂၀၁၃-၁၄ တုန်းကတစ်ခါ၊ ၂၀၁၅-၁၆ မှာတစ်ခါ ဆိုပါတော့။ ဒါဟာ ဘာစီလိုနာ-ရီးရဲလ် မက်ဒရစ်တို့ ကြီးစိုးထားတဲ့လိဂ်တစ်ခုမှာ လုပ်နိုင်ခဲမျှ ကိစ္စကြီးကို လုပ်ပြနေတာပါပဲ။ ကိုပါဒယ်ရေး က တစ်ကြိမ်၊ ယူရိုပါလိဂ် ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလားက ၂ ကြိမ်ရခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ် ၂ ကြိမ်တက်ခဲ့ပါတယ်။ ၂၀၁၃-၁၄ တုန်းက ပွဲချိန်ပြီးခါနီးအထိ ဂိုဒင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ နာ ကျင်အချိန်ပိုက ရာမို့စ်ရဲ့ ချေပဂိုးကနေ အချိန်ပိုရောက်သွားခဲ့ပြီးမှ ရှုံးသွားခဲ့ရတာပါ။


၂၀၁၅-၁၆ တုန်းကလည်း ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ပဲ တွေ့ခဲ့ပြီး ၁ ဂိုးစီသရေနဲ့ ပင်နယ်တီအထိ ရောက်ခဲ့ပြီးမှ ပင်နယ်တီမှာ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီ ၂ ကြိမ်ထဲက ၁ ကြိမ်လောက်သာ သူ့ အတွက် ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့မယ်ဆိုရင် တကယ့်ကို အက်သလက်တီကို မက်ဒရစ်သမိုင်း ကို ရေးထိုးသွားနိုင်မှာပါ။ အခုထိလည်း အက်သလက်တီကိုမက်ဒရစ်ကို အကောင်းဆုံးဉီးဆောင်နေပြီး အသက်ကလည်း ၅၄ နှစ်ပဲရှိပါသေးတယ်။ အခုချိန်ထိမှာ လာလီဂါတန်းစီဇယားထိပ်ဆုံးကနေ ဦးဆောင်နေပါသေးတယ်။ ဘာတွေလုပ်ပြနိုင်ဦးမလဲကတော့ စောင့်ကြည့်ရဦးမှာပါ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#DiegoSimeone
#argentina
#manager


Related Sports News