ဘောလုံးအားကစား က လန်ဒန် မှာ အကြီးမား ဆုံး အားကစား ဖြစ်တာကြောင့် မြို့ ခံ အသင်း များ စွာ လည်း ရှိပါတယ် ။ ဥပမာ - အာဆင်နယ် နှင့် တော့တင်ဟမ်ဟော့စပါး တို့ ဟာ မြောက်လန်ဒန်မြို့ခံ ပြိုင်ဘက် အသင်းများဖြစ်ကြပြီး ချယ်ဆီး၊ ဘရန်းဖို့ဒ် ၊ ဖူဟမ် ၊ ကျူပီအာ (𝐐𝐏𝐑) တို့ဟာလည်း အနောက် လန်ဒန် မြို့ ခံ ပြိုင်ဘက်တွေ ဖြစ်ပါတယ် ။ ဒါဘီပွဲစဥ် တွေ က ကစားသမား တွေ မှာ ပိုပြီး နိုင်လို စိတ်ပြင်းထန်သလို ကွင်းထဲ မှာ လာရောက် ဝန်းရံ အားပေးတဲ့ အသင်းပရိတ်သတ်တွေ ဟာလည်း အခြားပွဲစဥ်တွေ ထက် ဒါဘီပွဲစဥ်တွေ ဆိုရင် အကြီးအကျယ် အားပေးကြမ်းကြပါတယ် ။
အနောက်လန်ဒန် နဲ့ မြောက်လန်ဒန် ဒါဘီ ဖြစ်တဲ့ အာဆင်နယ်နှင့် ချယ်ဆီးအသင်း တို့ကတော့ ရှေးအကျ ဆုံး မြို့ခံပြိုင်ဘက်တွေ ဖြစ်ပြီး ပြိုင်ဆိုင်မှု အပြင်းထန်းဆုံး လန်ဒန် ဒါဘီလို့လည်း ခေါ်ကြပါတယ် ။ သူတို့ နှစ်သင်း ဟာ ၁၉၀၇ ခုနှစ် ပထမတန်း 𝐅𝐢𝐫𝐬𝐭 𝐃𝐢𝐯𝐢𝐬𝐢𝐨𝐧 မှာ စတင်တွေ့စုံခဲ့ပြီးတော့ အခုချိန်ထိ ဆိုရင် ပွဲပေါင်း ၂၀၀ ကျော်ထိ ယှဥ်ပြိုင်ခဲ့ကြပြီး နောက်ထပ် လန်ဒန် ဒါဘီ ၂ သင်း ကတော့ ချဲလ်ဆီး အသင်း နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းတို့ပဲ ဖြစ်ပါတယ် ။ သူတို့ နှစ်သင်းဟာ ပထမဦးဆုံး အကြိမ်အဖြစ် အနောက်လန်ဒန် နဲ့ မြောက်လန်ဒန် မြို့ခံ ပြိုင်ဘက်တွေ အနေနဲ့ ချဲလ်ဆီး နဲ့ တော့တင်ဟမ်ဟော့ စပါး တို့ ဟာ ၁၉၀၉ ခုနှစ်က စပြီး စတင်တွေ့ဆုံခဲ့တာ အခုဆိုရင် ပွဲပေါင်း ၁၆၀ ကျော် ထိ တွေ့ဆုံး ကစားခဲ့ပြီးပြီလည်း ဖြစ်ပါတယ် ။
နောက်ထပ်ပြိုင်ဆိုင် မှု ပြင်းထန်တဲ့ ဒါဘီ ပွဲစဥ် တစ်ခု ကတော့ မြောက်လန်ဒန် ဒါဘီပွဲ ဖြစ်ပြီး မြောက်လန်ဒန် အခြေစိုက်တဲ့ အသင်းနှစ်သင်းဖြစ်ကြတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ အာဆင်နယ် တို့ရဲ့ ထိပ်တိုက် တွေ့ဆုံး မှုလည်း ဖြစ်ပါတယ် ။ ဒီနှစ်သင်း ရဲ့ နှစ်ဖက် ပရိတ်သတ် တွေက တဖက် နဲ့ တဖက် ကို အဓိက ပြိုင်ဘက်တွေ အဖြစ် သတ်မှတ်ထားပြီး မြောက်လန်ဒန် ဒါဘီ ကို ကမ္ဘာပေါ် မှာ ပြိုင်ဆိုင် မှု အပြင်းအထန်ဆုံး ဒါဘီ တွေ ထဲက တစ်ခု အဖြစ်လည်း သတ်မှတ်ထားကြပါတယ် ။ ဒါဘီ ပွဲစဥ်တွေ ရဲ့ အဓိက အားသာချက် က တွေ့ဆုံတဲ့ ဒါဘီပွဲတိုင်း မှာ မြို့ခံပြိုင်ဘက်တွေ ဖြစ်တာ နဲ့ အညီ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ၂ဖက် အသင်းရော ၊ ပရိတ်သတ် တွေကပါရေကုန်ရေခန်း အားပေး ယှဥ်ပြိုင် ကစားကြ တဲ့ ပွဲစဥ် တွေ ဖြစ်တာကြောင့်မလို့ ဒါဘီ ပွဲစဥ် တွေရဲ့ လူစိတ်ဝင်တစားအားပေးကြတဲ့ အဓိက အကြောင်းအရင်း လည်း ဖြစ်ပါတယ် ။
လန်ဒန် ဒါဘီ လိုပဲ အင်္ဂလန်အပြင် တစ်ကမ္ဘာလုံး ကပါ စိတ်ဝင်စားပြီး အားပေးကြတဲ့ မန်ချက်စတာ ဒါဘီ လို့ခေါ်တဲ့ မန်ချက်စတာ မြို့ခံနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ မန်ချက်စတာ စီးတီး အသင်းတို့ ရဲ့ ပွဲစဥ် ပဲ ဖြစ်ပါတယ် ။ မန်ချက်စတာ ဒါဘီ အဖြစ် ၁၈၈၁ ခုနှစ် မှာ စတင်ကစားခဲ့ပြီးတော့ အခု ချိန်ထိဆိုရင်ပွဲပေါင်း ၂၀၀ ကျော်ထိ တွေ့ဆုံ ကစားခဲ့ပြီးပြီလည်း ဖြစ်ပါတယ် ။ မန်ချက်စတာ ဒါဘီ ရဲ့ ပထမဦးဆုံး ပွဲစဥ် အဖြစ် ၁၈၈၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မှာ ပထမဦးဆုံး အဖြစ် ကစားခဲ့ကြပြီး လူစိတ်ဝင်းစား မှု နဲ့ လူကြိုက် အများဆုံး ဒါဘီ ပွဲစဥ် တစ်ခုလည်း ဖြစ်ခဲ့ပါတယ် ။ ပရီးမီးယား လိဂ် မှာ ဆိုရင် ဒါဘီ ပွဲစဥ် တွေ ကြားမှာ ကွာခြားချက် ကြီးကြီးမားမား ရှိပါတယ် ။ အဲတာက တော့ ဒါဘီပွဲစဥ်တွေဆိုရင် အစဥ်လာ မြို့ခံပြိုင်ဘက်တွေ ဖြစ်တာ တစ်ကြောင်း ပရိတ်သတ်တွေရဲ့ အားပေးမှု ၊ နိုင်လိုစိတ် ၊ အသင်း ၂ သင်းကြား သမိုင်းကြောင်း အစဥ်အလာ စတဲ့ အချက်တွေကြောင့် သာမန် ပွဲစဥ်တွေထက် ဒါဘီ ပွဲစဥ်တွေဟာ ပိုပြီး ပြိုင်ဆိုင်မှု ဖြစ်ထန်တဲ့ ပွဲစဥ်အဖြစ် တကမ္ဘာလုံးအနှံ့ လူကြိုက်အများဆုံး စောင့်ကြည့်ရတဲ့ ဒါဘီလဲ ဖြစ်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဒ်ရဲ့ သက်တမ်းအရှည်ဆုံး နှင့် ပြိုင်ဆိုင်မှု ပြင်းထန် တဲ့ ဒါဘီ မှာ မာဆေး ဆိုက် ဒါဘီ ဖြစ်တယ်။ မာဆေးဆိုက် ဒါဘီဖြစ်တဲ့ လီဗာပူးလ် နဲ့ အဲဗာတန် အသင်းနှစ်သင်းမှာ သူတို့နှစ်သင်း ရဲ့ ပထမဆုံး တရားဝင် ပွဲစဥ် အဖြစ် ၁၈၉၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ တွင် ယှဥ်ပြိုင် ကစားခဲ့ကြတ,ယ်။ မာဆေး ဆိုက် ဒါဘီ မှာ အင်္ဂလန် ပရီးမီးယားလိဒ်ရဲ့ သက်တမ်းအရှည်ဆုံး ဒါဘီ ဖြစ်ပြီး ၁၉၆၂-၁၉၆၃ ခုနှစ်ကတည်းစတင် ယှဥ် ပြိုင် လာခဲ့တာ ဒီနေ့ဒီချိန်ထိပဲ ဖြစ်တယ်။ မာဆေးဆိုက် ဒါဘီရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ရတဲ့ အချက် တစ်စိတ်တစ်ပိုင်းကတော့ လီဗာပူးလ် အသင်းရဲ့ အိမ်ကွင်း ဖြစ်သော အန်ဖီးလ်နှင့် အဲဗာတန် အသင်းရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ် တို့မှာ တစ်မိုင်လောက်ပဲ ဝေးကွာပြီး တစ်ကွင်း နှင့်တစ်ကွင်း လှမ်း မြင်နေရတဲ့အထိ ၂ သင်းကြားမှာ နီးကပ်မှု လည်းရှိနေတယ်။ အသင်းနှစ်သင်း ရဲ့ လူစာရင်းအရဆိုရင် လီဗာပူးလ် အသင်းက အဲဗာတန်း အသင်းထက် ဆုဖလား အရရော အသင်း ရဲ့ ဖွဲ့စည်းပုံ အရ ပါ ပိုသာတဲ့ အနေထားမှာ ရှိပါတယ် ။ ဒါပေမဲ့ လည်း အသင်း ရဲ့ ကွာခြား မှု ဘယ်လောက်ပဲ ရှိနေနေ ၂သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ဒါဘီပွဲတိုင်းလို လိုကတော့ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ အကြိတ်အနယ် ရှိတဲ့ မာဆေးဆိုက် ဒါဘီ တနည်းမဟုတ် လူကြိုက်များတဲ့ ဒါဘီပွဲကောင်း တစ်ပွဲလည်း ဖြစ်ပါတယ် ။
အင်္ဂလန်ပရီးမီးယားလိဂ် ရဲ့ နာမည်ကျော် ပွဲကောင်းတစ်ပွဲ လည်း ဖြစ်သလို ကမ္ဘာ့ဘောလုံးလောကမှာလည်း အကြီးအမားဆုံး နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဥ်တစ်ပွဲလည်း ဖြစ်တဲ့ ဒါဘီ ပွဲစဥ်ကတော့ နာမည်ကျော် မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတို့ ယှဥ်ပြိုင်ကစားတဲ့ အင်္ဂလန် ဒါဘီ ပွဲ စဥ်ပဲဖြစ်ပါတယ်။ လီဗာပူးလ် အသင်း နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ အနေနဲ့ မြို့ခံ ပြိုင်ဖက်ပွဲစဥ်တွေ အဖြစ် အဲဗာတန် နဲ့ မန်ချက်စတာ စီးတီး တို့ ပွဲစဥ် တွေဖြစ်ပေမဲ့ အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အကျော်ကြားဆုံး အသင်း ၂ သင်း ဖြစ်တဲ့ ဒီ ၂သင်း ရဲ့ တွေ့ဆုံမှု ဒါဘီ ပွဲစဥ်ကို တော့ ပြိုင်ဆိုင်မှု အပြင်းထန် ဆုံး ဒါဘီ ပွဲကောင်းတစ်ခု အဖြစ် ဘောလုံးပရိတ်သတ်တွေ က မှတ်ယူကြပါတယ် ။ ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဒါဘီတွေ ထဲက တစ်ပွဲအပါအဝင်ဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ် လိုမျိုး ရေပန်းအစားဆုံး လိဂ် ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ဖြစ်တာကြောင့် ပွဲကြည့်ပရိတ်သတ် တွေ စိတ်ကျေနပ်မှုရော ဘောလုံးပွဲ တစ်ပွဲ ရဲ့ ရသကို အပြည့်အဝ ရရှိတဲ့ ဒါဘီ ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ ပရိတ်သတ်တွေကော အင်္ဂလန်ပရီးမီးယားလိဂ် ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန် တဲ့ဒါဘီတွေ ထဲမှာ ဘယ်ဒါဘီကိုအကြိုက်နှစ်သက်ဆုံး လည်း၊ ။ ဘယ်ဒါဘီ ပွဲစဥ် တွေ ကိုစောင့်ကြည့် ဖြစ်လဲ ဆိုတာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦး .....
အဆုံးထိ ဝင်ရောက် ဖတ်ရှုသွားပေးတဲ့ ပရိတ်သတ်တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို အထူးကျေးဇူးပါတင်ရှိပါတယ် ။ နောက်တင်မယ့် ပိုစ့်လေးတွေကိုလည်းစောင့်မျှော်အားပေးကြပါဦး။❣❣
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"