အားကစားသတင်းများ

တစ်ချိန်က မန်ယူနိုက်တက်ရဲ့ ဟီးရိုးကြီး - ဒေးဗစ် ဒီဂီယာ

blog image

January 2, 2025

ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ သက်တမ်း ၂၆ နှစ်လုံးလုံးမှာ အသင်းရဲ့ ပွဲတွေကို ကြီးကြပ်ဖို့ ၃ ကြိမ်ပဲ လွဲဖူးပါတယ်။ တစ်ကြိမ်ကတော့ မန်ချက်စတာဒါဘီကို လွဲတာပါ။ သူ့သား မင်္ဂလာဆောင်ကို သွားတက်ဖို့ပေါ့။ နောက်တစ်ကြိမ်ကတော့ သူ့ညီအစ်ကိုတစ်ယောက်ရဲ့ အမျိုးသမီး နာရေးကို သွားတက်ဖို့အတွက် လွဲတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ကြိမ်ကတော့ ဖလားပြိုင်ပွဲတစ်ခုမှာ ဆကန်သော့ပ် ဆိုတဲ့အသင်းနဲ့ ကစားမယ့်ပွဲကို လွဲတာဖြစ်ပါတယ်။ အဲဒီတစ်ကြိမ်ကတော့ သူ စပိန်မြေကို သွားပြီး အက်သလက်တီကိုမက်ဒရစ်ရဲ့ လူငယ်ဂိုးသမားလေးကို ကိုယ်တိုင်ကင်းထောက်ဖို့ သွားတဲ့အကြိမ်ပါပဲ။ အဲဒီ လူငယ်လေးက ဒေးဗစ် ဒီဂီယာပါ။



ဂိုးသမားတစ်ယောက်ကို အဲဒီလို ကင်းထောက်ဖို့ လိုလို့လားဆိုရင် ဆာအဲလက်စ်လို လူရဲ့အတွေ့အကြုံ အရ လိုတယ်လို့ ယူဆမှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူ့နဲ့ ယူနိုက်တက်တို့ အောင်မြင်ခဲ့ တဲ့ကာလတွေမှာ ရှမိုက်ကယ်၊ ဗန်ဒါဆားတို့လို ကစားသမားတွေရှိခဲ့ပြီး အသင်းနဲ့ အံမဝင်တဲ့ ကစားသမားတွေနဲ့ဆိုရင် အောင်မြင်မှုတွေ ဝေးကွာတတ်တာကို သူကိုယ်တိုင်သိနေလို့ပါပဲ။ သူ့နည်းပြသက်တမ်း ရောက်ရောက်ချင်းကာလတွေမှာတင်ဂိုးသမားတွေကို သူအပြောင်းအလဲ လုပ်ခဲ့ရတာ ရှမိုက်ကယ်နဲ့မတွေ့ခင်အထိပါပဲ။



ဂိုးသမားမှာမှ သူလိုချင်တဲ့အချက်တွေကလည်း ရှိရပါဦးမယ်။ အထူးသဖြင့် ဂိုးဖမ်းတာသေချာပြီး နောက် တန်းကိုလည်း ဦးဆောင်နိုင်ရမယ်။ စတင်ဘောတွေ ကန်တဲ့အခါလည်း လိုအပ်တဲ့ ဧရိယာဆီရောက်အောင် ကန်တင်နိုင်ရမယ်။ ဒါမျိုးတွေဆိုပါတော့။ နောက်ပိုင်းမှာ စတင်ဘောတွေကို ကန်တင်ပေးတာ တွေနည်းလာပါပြီ။ အများအားဖြင့် ဒါက ဘောလုံးကို ဆုံးရှုံးစေတယ်လို့ ယူဆကြတဲ့အခါ မလုပ်ကြတော့ တာပါ။ တစ်ချိန်တုန်းကတော့ ကန်တင်ကြပါတယ်။ ကန်တင်တဲ့နေရာမှာလည်း လက်ခံမယ့်ဧရိယာ၊ လက်ခံမယ့်ကစားသမား၊ 𝐅𝐢𝐫𝐬𝐭 𝐁𝐚𝐥𝐥 ဖမ်းပေးမယ့်သူ၊ 𝐒𝐞𝐜𝐨𝐧𝐝 𝐁𝐚𝐥𝐥 လက်ခံမယ့်သူ ဒါမျိုးတွေနဲ့ အဲဒီကနေ ဘယ်လို ကစားကွက်ကို တည်ဆောက်သွားမယ်ဆိုတာ အကုန်လေ့ကျင့်အကွက်ချထားပြီးသားဖြစ်မှ ကန်တင်ကြတာပါ။ နောက်တစ်နည်းပြောရရင် မလိုအပ်တဲ့ လိုင်းတွေကို ကျော်ပြီး တိုက်စစ်ဧရိယာထဲဆီ တိုက်ရိုက်ကန်ပို့နိုင်ဖို့ သုံးကြတဲ့နည်းပါပဲ။ 𝐋𝐢𝐧𝐞 𝐁𝐫𝐞𝐚𝐤𝐢𝐧𝐠 လုပ်တာလို့ ဆိုနိုင်ပါတယ်။



ဆာအဲလက်စ်က ဒီဂီယာကို သဘောကျခဲ့ပြီး ဈေးကြီးပေးခေါ်လာခဲ့ပါတယ်။ ၁၉ နှစ်သား ကစားသမား အတွက်ဆို ပေးခဲ့ရတဲ့ဈေးက များပါတယ်။ အထူးသဖြင့် ဂိုးသမားလည်း ဖြစ်နေတဲ့အခါပေါ့။ အဲဒီအပြင် သူက လူကောင်ကလည်း သေးသေး၊ အရပ်ကတည်း မိုးထွက်နေတာမျိုးမဟုတ်တော့ အားလုံးက ဖြစ်နိုင် ပါ့မလားလို့ ပူပန်ခဲ့ကြပါတယ်။ သူ့ရှေ့မှာ အနားယူသွားတဲ့ ဂိုးသမားကြီးက အက်ဒ်ဝင် ဗန်ဒါဆားဖြစ်နေ ခဲ့တာကိုး။ သူ ၂၀၁၁ မှာ ရောက်လာတော့ သူ့ ကာကွယ်မှုတွေက အဆင်မပြေခဲ့ဘဲ သာမန်ကန်ချက် လောက်တွေကို ဂိုးပေးနေခဲ့ရတာကြောင့် သူရော ဆာအဲလက်စ်ပါ ဝေဖန်မှုတွေအောက်မှာ ရောက်ခဲ့တာ ခဏခဏပါ။



တကယ်တော့ အဲဒီအချိန်မှာ ဆာအဲလက်စ်က အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပြီး လူငယ်ကစားသမားတွေကို စုဆောင်းချင်နေတာက သူ့ရဲ့ စီမံကိန်းဝင်ကိစ္စတစ်ခုပါ။ အောင်မြင်မှု တွေလည်း ရှေ့မှာ ရထားတော့ နောက်ထပ်မျိုးဆက်တစ်ခုကို သူပြန်တည်ဆောက်တဲ့အခါ အချိန် ယူရမယ်ဆိုရင်လည်း သူ့အတွက် ပြဿနာမရှိခဲ့ပါဘူး။ ကံဆိုးတာကတော့ အဲဒီလို မျိုးဆက်တစ်ခု ကို မတည်ဆောက်နိုင်ခင်မှာပဲ သူ အနားယူသွားတာပါ။ သူကိုယ်တိုင်ရဲ့ အကြောင်းပြချက်ကတော့ သူ့ မိန်းမရဲ့ အစ်မဖြစ်သူ ဆုံးပါးသွားတာကြောင့် စိတ်ထိခိုက်နေတဲ့ သူ့မိန်းမကို အဖော်ပြုပေးဖို့လို့ ဆို ထားပေမဲ့ အက်ဒ်ဝုဒ်ဝါ့ဒ်တို့ လူစု အသင်းအရေးပါတဲ့နေရာတွေကို ရောက်လာတဲ့အချိန်တွေနဲ့လည်း တိုက်ဆိုင်နေတော့ တကယ့်အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကို သူနဲ့ သက်ဆိုင်သူတွေပဲ သိ ပါလိမ့်မယ်။ သေချာတာကတော့ သူလိုချင်ခဲ့တဲ့ လူကာမိုဒရစ်၊ ဂါရတ်ဘေးတို့ကို တယောက်မှမရခဲ့ ဘဲအသင်းမှာရှိတဲ့ ရော်နယ်ဒိုကိုလည်း လက်လွှတ်လိုက်ရသလို တခြားကစားသမားတွေကလည်း အရွယ်ရလာနေပါပြီ။ မကြာသေးခင်က ဖာဒီနန်နဲ့ အင်တာဗျူးတွေမှာ လီဝန်ဒေါစကီးပြောခဲ့တဲ့ အတိုင်းဆိုရင် ယူနိုက်တက်က ဗန်ပါစီမတိုင်ခင် လီဝန်ဒေါစကီးကို ခေါ်ဖို့ ကြိုးစားခဲ့သေးတာပါ။



ဆိုတော့ ဒီဂီယာဟာလည်း ဆာအဲလက်စ်ရဲ့ နောက်ထပ်မျိုးဆက် စီမံကိန်းဝင်ကစားသမားတစ် ယောက်ပါပဲ။ ဒါပေမဲ့ ဆာအဲလက်စ်ကိုယ်တိုင်တောင် တွေဝေမိလောက်အောင် သူက လက်စွမ်းတွေ ဆိုးခဲ့ဖူးပါတယ်။ နောက်ဆုံး အဝတ်လဲခန်းထဲမှာ နားထောင်စမ်း မင်းက ဒီနေ့ သုံးစားလို့ကို မရဘူး။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူး။ မင်းကိုပဲ ငါ နောက်ပွဲတွေ ဆက်သုံးမှာ။ ဆိုတော့ တိုးတက်အောင်သာ ကြိုးစားပေတော့လို့ အော်ဟစ်ငေါက်ငမ်းခဲ့ရတဲ့အထိပါ။ ချယ်လ်ဆီးမှာပဲရှိသေးတဲ့ မာတာရဲ့ ထောင့်ကျလွန်းတဲ့ ဖရီးကစ်ကို ပုတ်ထုတ်ကာကွယ်လိုက်တဲ့အ ချိန်လောက်ကစပြီး ဒီဂီယာရဲ့ ယုံကြည်မှုရော၊ ဒီဂီယာအပေါ် အသင်းရဲ့ ယုံကြည်မှုရော၊ ဆာအဲ လက်စ်ရဲ့ ယုံကြည်မှုကပါ တက်လာခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့လက်စွမ်းတွေနဲ့ အသင်းကိုအကြိမ်ကြိမ် ကယ်တင်ပြီး ပရိသတ်စိတ်ကိုပါဖမ်းစားလာနိုင်ခဲ့ပါတယ်။ တကယ်တော့ အဲဒါက ဝမ်း သာစရာမဟုတ်ဘူးဆိုတာကို မန်ယူနိုက်တက်ပရိသတ်တွေ အဲဒီတုန်းက မေ့နေခဲ့ကြတာပါ။ယူနိုက်တက်ရဲ့ ရလဒ်အပြောင်းအလဲဟာ ဂိုးသမားတစ်ယောက်ရဲ့ လက်စွမ်းအပေါ်မှာ မူတည်နေခဲ့ တဲ့အချိန်တွေ တော်တော်များများရှိခဲ့ပါတယ်။ ဒီဂီယာက တစ်နှစ်တာအကောင်းဆုံးယူနိုက်တက်ကစားသမားဆု ဆက်တိုက်တွေရခဲ့တဲ့နှစ်တွေဟာ အဲဒီလိုနှစ်တွေပါ။ အသင်းက ခံစစ်ကို အားပြုကစား ၊တန်ပြန်တိုက်စစ်နဲ့ သွားနေတဲ့အချိန်တွေမှာ ဒီဂီယာရဲ့လက်စွမ်းကို ပရိသတ်တွေမြင်ခဲ့ရပြီး အားကိုးခဲ့ ရပါတယ်။ လိုတာထက် အားကိုးခဲ့ရတယ်လို့ ဆိုရမှာပါ။



ဆာအဲလက်စ်နဲ့အတူ ပရီးမီးယားလိဂ် ယူနိုင်ခဲ့ပေမဲ့ ဆာအဲလက်စ်ခေတ်လွန်မှာ ဒီဂီယာဟာ ကြီးကြီး မားမားအောင်မြင်မှုဆိုလို့ ယူရိုပါလိဂ်ပဲ ပြစရာရှိခဲ့ပါတော့တယ်။ သူ့ ပြဿနာမှာက နဂိုကတည်းက တိတ်ဆိတ်ပြီး အသံမထွက်တဲ့သူဆိုတော့ နောက်တန်းကို အော်ဟစ်ညွန်ကြားတာမျိုး အရမ်းအား နည်းပါတယ်။ ဖြတ်တင်ဘောတွေ ထွက်ဆွဲဖို့လည်း သူ့ ခန္ဓာကိုယ်က သေးလွန်းတော့ခွင့်မပြုထားပါ ဘူး။ နောက်ပိုင်း ဘောလုံးကိုင်ကစားဖို့ အသင်းက ဦးတည်လာတဲ့အခါ၊ ကစားကွက်ထဲ ဂိုးသမားတွေ ပိုပြီး ပါဝင်လာတဲ့အခါ သူလည်း ထွက်ခွါသွားရတော့တာပါပဲ။ သူနဲ့ ယူနိုက်တက်တို့ရဲ့လမ်းခွဲဟာ ဒီ ထက်အများကြီး ပိုလှပခဲ့ပေမဲ့ ဖြစ်ခဲ့တာကတော့ ဖြစ်ပြီးသွားပါပြီ။ ပရိသတ်တွေကတော့ သူ့ကို ကာ ကွယ်မှုတွေအတွက် သတိတရရှိနေကြဦးတော့မှာပါ။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#DavidDeGea
#goalkeeper
#soccer


Related Sports News