ကနေဒါ နိုင်ငံသားတစ်ဦးဖြစ်ပေမယ့် မြန်မာ့ ရိုးရာ လက်ဝှေ့ကို အလွန်ချစ်မြတ်နိုးတဲ့ နိုင်ငံခြားသားတစ်ယောက်ရှိပါတယ်။ အဲဒိ လူကတော့ ဒေဝ လို့လူသိများတဲ့ 𝐃𝐚𝐯𝐞 𝐋𝐞𝐝𝐮𝐜 ပဲဖြစ်ပါတယ်။ ဒေဝ ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဂါတီနို မြို့ ကွီဗက် ပြည်နယ်မှာ မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဒေဝ က ကမ္ဘာ့အနှံသွားလာခဲ့ပြီး ကိုယ်ခံပညာရပ်များကိုလေ့လာခဲ့တာကြောင့် လက်ဝှေ့ ၊ မွေထိုင်း နဲ့ အခြား ကိုယ်ခံပညာ ရပ်တွေကို အကျွမ်းတကျင် တက်မြောက်ထားတဲ့လူတစ်ယောက်လဲဖြစ်ပါတယ်။ ဒေဝ က ငယ်စဥ်က 𝐁𝐀𝐒𝐄𝐁𝐀𝐋𝐋 ကစားခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာတော့ ကိုယ်ခံပညာတွေကို စတင်လေ့လာခဲ့ပါတယ်။။ ဒေဝ တစ်ယောက် အပျော်တမ်း လက်ဝှေ့ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဒေဝက ကနေဒါ 𝐌𝐌𝐀 မှာ စတင်ထိုးသတ်ခဲ့တာဖြစ်ပြီး ၃ ဆက်တိုက် အနိုင်ရရှိအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဒေဝ က ထိုင်းနိုင်ငံကို အလည်ပတ်သွားခဲ့ပြီး မွေထိုင်းပွဲတွေကို ဝင်ရောက်ထိုးသတ်ခဲ့ကာ သူရဲပြိုင်ဘက်ဖြစ်တဲ့ တောင်ကိုရီးယား ကို အနိုင်ရရှိအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။ အဲ့ဒိနောက် ၂၀၁၄ ခုနှစ်မှာတော့ 𝐦𝐦𝐚 𝐩𝐫𝐨 အဆင့်ကို တက်ထိုးခဲ့ပြီး ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒေဝ တစ်ယောက် ထိုင်းနိုင်ငံ ပရီစင်ဖိုက်မှာ ပါဝင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ပထမဆုံး အနိုင်ရရှိခဲ့တဲ့ ကနေဒါနိုင်ငံသားတစ်ယောက်အဖြစ်လဲ စာရင်းဝင်ခဲ့ပါတယ်။ ကနေဒါ နိုင်ငံက မွေးထိုင်းနဲ့ လက်ဝှေ့ကို တရားမဝင်ဖူးလို့ ကြော်ငြာခဲ့တာကြောင့် ဒေဝ တစ်ယောက်ကိုယ်ခံပညာ ပေါင်းစုံကိုလည်း လေ့လာခဲ့ကာ ၂၀၁၆ ခုနှစ်မှာတော့ သူပိုင်ဆိုင်တာတွေကို ရောင်းချပြီး အာရှ ဘက်ကို ပြောင်းလာခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံးမွေထိုင်း ကလပ်တွေထဲကတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ ဖူးခက် ရှိတိုက်ဂါးမွေးထိုင်းမှာ စတင်လေ့ကျင့်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တော့ ဒေဝ တစ်ယောက် မြန်မ့ာလက်ဝှေ့ ဝေါချန်ပီယံရှစ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့အတွက် ဖိတ်ကြားခံခဲ့ရပါတယ်။ ပထမဆုံးပွဲစဥ်အဖြစ် ရှုံးပွဲမရှိသေးတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ တူးတူး နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ သရေကျခဲ့ပေမယ့် တူးတူးကို အသာစီးထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီပွဲ ပြီးကတည်းက မြန်မာပရိတ်သတ်တော်တော်များများ ရဲ့ အားပေးမှုကို ဒေဝ တစ်ယောက် ရရှိခဲ့ပါတယ်။ ထွန်းထွန်းမင်း နဲ့ ထိုးသတ်တဲ့ပွဲစဥ်မှာလဲ ပရိတ်သတ်တွေ အတွက် ကြည့်ကောင်းစေတဲ့ပွဲကောင်းတစ်ပွဲဖြစ်အောင်ရေကုန်ရေခန်းထိုးသတ်ခဲ့ကြပေမယ့် သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ခါနီးလောက်က အောင်လန် ရွှေခါးပတ်ချန်ပီယံရှစ်ပွဲမှာ ဝင်ရောက်ထိုးသတ်ခဲ့ပါတယ်။ လက်ဝှေ့ 𝐎𝐩𝐞𝐧𝐰𝐞𝐢𝐠𝐡𝐭𝐖𝐨𝐫𝐥𝐝 ပြိုင်ပွဲ ကို ၂၀၁၆ ခုနှစ်မှာ ထွန်းထွန်းမင်းနဲ့ ယှဥ်ပြိုင်ထိုးသတ်ကာ အနိုင်ရရှိခဲ့ပြီး ပထမဆုံးသော လက်ဝှေ့ 𝐎𝐩𝐞𝐧𝐰𝐞𝐢𝐠𝐡𝐭𝐖𝐨𝐫𝐥𝐝 ဆုကိုရရှိတဲ့ မြန်မာနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားလည်းဖြစ်လာခဲ့ပါတယ်။ဒေဝ ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ပုံစံ ၊ ဒေဝ ရဲ့ မာဂုဏ် ၊ ခေါင်းတိုက်စွမ်းရည်တို့ကြောင့် ပြိုင်ပွဲတော်တော်များများကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လမှာတော့ ဂျပန်နိုင်ငံမှာ ရွှေခါးပတ် ကာကွယ်တဲ့ပွဲကို ဖိုးကေနဲ့ ထိုးသတ်ခဲ့ပြီး အနိုင်ရရှိခဲ့ရုံသာမက ပရိတ်သတ်အားပေးမှုကိုလည်း တော်တော်လေးရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒေဝ ကတော့ ရွှေခါးပတ် ကာကွယ်ပွဲ အတွက် နိုင်ငံခြားကစားသမားကောင်းတွေရော ၊ မြန်မာနာမည်ကြီး ကစားသမားတွေ နဲ့ ရောထိုးသတ်ခဲ့ပြီး ရွှေခါးပတ်ကို အကြိမ်ပေါင်းများစွာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒေဝကို 𝐌𝐌𝐀 မှာ ဝင်ရောက်ထိုးသတ်ရန်ဖိတ်ခေါ်ခဲ့ပေမယ့် ဒေဝကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒေဝ က မြန်မာလက်ဝှေ့ ကို နိုင်ငံ တကာ ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့မြန်မာနိုင်ငံသားတစ်ဦးမဟုတ်ပေမယ့် မြန်လက်ရိုးရာ လက်ဝှေ့ကို အလွန်ချစ်ခင်တဲ့ ကနေဒါနိုင်ငံသား ဒေဝ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"