အားကစားသတင်းများ

ချဲဆီးကို ချန်ပီယံလိဂ်ချန်ပီယံအဖြစ်စွမ်းဆောင်ပေးခဲ့သူ သောမက်တူချယ် ရဲ့ နည်းပြဘဝ ဖြတ်သန်းခရီးလမ်း

blog image

January 9, 2025

ဘောလုံးနည်းစနစ် တွေကို အရမ်း ရူးသွပ် တဲ့ နည်းပြတစ်ယောက် ၊ နည်းဗျူဟာအသစ် များကို တီထွင် ဆန်းသစ်သူတစ်ယောက် ၊ တစ်ပွဲထိုး နည်းဗျူ ဟာ ကို ပိုင်နိုင်လွန်းတဲ့ နည်းပြတစ်ယောက်၊ အဲ့ဒီနည်းပြ ကတော့ သောမက်တူချယ် ပဲဖြစ်ပါတယ်။ သောမက်တူချယ် ဟာ ဆန်းသစ် တဲ့ကစားကွက် နည်းဗျူဟာများ ကို တီထွင် အသုံးပြုခဲ့တာကြောင့် လူသိများလာတဲ့ နည်းပြတစ်ယောက်ဖြစ် ပြီး 𝟓နှစ်အတွင်း မတူညီတဲ့ အသင်း ၃ သင်း နဲ့ ချန်ပီယံ လိဂ် ဖိုင်နယ် ကို တက်နိုင်ခဲ့ တဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်။


ချန်ပီယံ လိဂ် ရဲ့ ကြောက်စရာ ကောင်းတဲ့ နည်းပြတွေထဲက တစ်ယောက်လဲ ဖြစ်ပြီး။ သောမက်တူချယ် က တစ်ပွဲချင်းချဉ်းကပ် ပုံမှာ အရမ်းကောင်းမွန် တဲ့ နည်းပြလည်းဖြစ်ပါတယ်။သောမက်တူချဘ် ကို ၁၉၇၃ ခုနှစ် ဩဂုတ် လ ၂၉ ရက်နေ့ က 𝐊𝐫𝐮𝐦𝐛𝐚𝐜𝐡 တွင် မွေးဖွားခဲ့ပြီး အရမ်းကြီး ပေါ်ပေါ် ထင်ထင် နဲ့ လူသိများတဲ့ဘောလုံး ကစားသမား တစ်ယောက် မဟုတ်ခဲ့ပါဘူး။ သောမက်တူချယ် ဟာ အသက် ၂၅ နှစ် အရွယ် မှာ ပဲဒူးအရွတ်ဒဏ်ရာ ကြောင့် ကစားသမား ဘဝ ကို အနားယူ ကာ ဘောလုံး ကစားကွက်၊ ဘောလုံးနည်းစနစ်များကို သေသေချာချာလေ့ လာခဲ့ပြီး ၂၀၀၀ ခုနှစ် တွင် 𝐕𝐅𝐁 𝐒𝐭𝐮𝐭𝐭𝐠𝐚𝐫𝐭 𝐔𝟏𝟗 အသင်းကို 𝐑𝐚𝐥𝐟 𝐑𝐚𝐧𝐠𝐧𝐢𝐜𝐤 က သောမက်တူချယ် ကို ခေါ် ယူကိုင်တွယ် စေခဲ့တယ်။ 𝟐𝟎𝟎𝟒 -𝟐𝟎𝟎𝟓 ခုနှစ် မှာ သောမက်တူချယ် ရဲ့ အသင်းက ဘွန်ဒက်စ်လီဂါ 𝐔𝐈 𝟏𝟗 ချန်ပီယံ ဆုကို သိမ်းပိုက်နိုင်ခဲ့သည်။



၂၀၀၇ - ၂၀၀၈ တွင် သောမက်တူချယ် က 𝐀𝐮𝐠𝐬𝐛𝐮𝐫𝐠 𝐥𝐥 အသင်းကိုပြောင်းရွှေ့ ခဲ့ ပြီး သူရဲ့ နည်းပြ အရည်အချင်း ဘယ်လောက်ရှိကြောင်း ပြသနိုင်ခဲ့ပြီး အခြား ဂျာမန် ထိပ်တန်း အသင်းတွေ ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်တွင် ဘွန်ဒက်စ်လီဂါ အသင်းတစ်သင်း ဖြစ်တဲ့ 𝐌𝐚𝐢𝐧𝐳 အသင်းက သူတို့နည်းပြ ဂျွန် အန်တာစန် ရဲ့ နေရာ တွင် သောမက်တူချယ် ကို အစားထိုး ခဲ့ပါတယ် မိန့် အသင်းကို လည်း သောမက်တူချယ် ရဲ့ ဦးဆောင်နိုင်မှု နဲ့ နည်းစနစ်တို့က အများကြီး အကျိုး ပြုခဲ့ ပြီးသောမက်တူချယ် ဟာ လူငယ်ကြယ်ပွင့် ကစားသမား များကို ကောင်းကောင်း ကိုင်တွယ် နိုင်ခဲ့တဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။ 𝟐𝟎𝟏𝟓-𝟐𝟎𝟏𝟔 ရာသီတွင် ဒေါ့မွန် အသင်းမှာ သူတို့ရဲ့ နည်းပြ ယာကန် ကလော့ မှာ ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ လီပါပူးလ် အသင်း ကို ပြောင်းရွှေ့ခဲ့တာကြောင့် သောမက်တူချယ် ကို သူတို့ရဲ့ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။


သောမက်တူချယ် ရဲ့ နည်းစနစ် တွေနဲ့ ဒေါ့မွန် အသင်းဟာ ထိုက်သင့်လျောက်တော့ အဆင်ပြေခဲ့ပြီး ဘိုရုရှား ဒေါ့မွန် ရဲ့ ပထမ ဆုံး ၁၄ ပွဲ ဆက်ရှုံးပွဲ မရှိတဲ့ ထိ သောမက်တူချယ် ရဲ့ နည်းစနစ် ၊ ပွဲ တစ် ပွဲ ချင်းကပ် ပုံတို့က အသင်းအတွက် အများကြီး အကျိုးပြုခဲ့ပါတယ်။ 𝟐𝟎𝟏𝟔 𝐃𝐅𝐆_𝐏𝐨𝐤𝐚𝐥 ဖိုင်နယ် ပွဲစဥ် တွင် ဘိုင်ယန်မြူးနစ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ရှုံးနိမ့်ခဲ့ ပြီး ၂၀၁၅ - ၂၀၁၆ ရာသီ ဟာ ဖလားလက်မဲ့ ရာသီ အဖြစ်ဖြတ်သန်းခဲ့ရပြီး ၂၀၁၆ -၂၀၁၇ ရာသီ တွင် အသင်းရဲ့အရေးပါတဲ့ကစားသမား များဖြစ်ကြတဲ့ 𝐌𝐚𝐭𝐬 𝐇𝐮𝐦𝐦𝐞𝐥𝐬 ၊ 𝐆𝐮𝐧𝐝𝐨𝐠𝐚𝐧 နဲ့ 𝐌𝐤𝐡𝐢𝐭𝐚𝐫𝐲𝐚𝐧 တို့ အသင်းမှ ထွက်ခွာ သွားတာကြောင့် ယူရို ၆၄ သန်း ထိ အသုံးပြုကာ 𝐎𝐮𝐬𝐦𝐚𝐧𝐞 𝐃𝐞𝐦𝐛𝐞𝐥𝐞 ၊ 𝐌𝐚𝐫𝐜 𝐁𝐚𝐫𝐭𝐫𝐚 ၊ 𝐄𝐦𝐫𝐞 𝐌𝐨𝐫 ၊ 𝐌𝐚𝐫𝐢𝐨 𝐆𝐨𝐭𝐳𝐞 ၊ 𝐑𝐚𝐩𝐡𝐚𝐞𝐥 𝐆𝐮𝐞𝐫𝐫𝐞𝐢𝐫𝐨 တို့ကို ခေါ်ယူခဲ့ကာ အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ပြီး ၂၀၁၅ - ၂၀၁၆ 𝐃𝐅𝐆_𝐏𝐨𝐤𝐚𝐥 ဖလားကိုပြန်လည်သိမ်းပိုက်နိုင်ခဲပါတယ်။ ၂၀၁၈ ခုနှစ် မေလ တွင် 𝐏𝐒𝐆အသင်းက နည်းပြ ဖြစ်တဲ့ အူနိုင်းအမ်မရီ ရဲ့ နေရာတွင် သောမက်တူချယ် ကို အစားထိုးခန့်အပ်ခဲ့ပြီး ဥရောပ အောင်မြင် မှု မရရှိ သေးတဲ့ 𝐏𝐒𝐆 အသင်းကို ချန်ပီယံ လိဂ် တွင် လူရိုသေရှင်ရိုသေ ဖြစ်အောင် လုပ်ပေးနိုင် ခဲ့တဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ် ။ လူငယ် ကစားသမား တော်တော် အများကို ပဲ အုပ်ချုပ်ခဲ့တဲ့ သောမက်တူချယ် ဟာ 𝐏𝐒𝐆 အသင်းတွင် 𝐊𝐲𝐥𝐢𝐚𝐧 𝐌𝐛𝐚𝐩𝐩𝐞 ၊ 𝐍𝐞𝐲𝐦𝐚𝐫 တို့လို ကြယ်ပွင့် ကစားများ ကို လည်း အကောင်းဆုံး အုပ်ချုပ် ပြီး သူ့ရဲ့ နည်းပြ အဆင့်အတန်း ကို ပြသခဲ့ပါတယ်။


သောမက်တူချယ် လက်ထပ် 𝐏𝐒𝐆 အသင်း ဟာ ခံစစ် ပိုင်း ကျစ်ကျစ်လစ်လစ် နဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရေး ကောင်းများကိုလဲ တွေ့မြင် ခဲ့ရပါတယ်။𝐔𝐂𝐋 လို အတွေ့အကြုံအသားပေးကစားရတဲ့ ပြိုင်ပွဲမှာ တပွဲထိုး 𝐓𝐚𝐜𝐭𝐢𝐜𝐬 ကောင်းတဲ့ သောမက်တူချယ် ဟာ သူရဲ့ အားသာချက် ကို အသုံးပြု ကာ 𝐏𝐒𝐆 အသင်းကို ချန်ပီယံ လိဂ် ဖိုင်နယ်အထိ ပို့ပေးနိုင်ခဲ့ပါတယ်။ချန်ပီယံ လိဂ် ဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ် အသင်းကို ရှုံးနိမ့်ခဲ့ပြီးချန်ပီယံ လိဂ် ဖလားကို လက်လွှတ်ခဲ့ရ ကာ 𝐏𝐒𝐆 သမိုင်းတလျောက် သောမက်တူချယ် နည်းပြခဲ့တဲ့ 𝐏𝐒𝐆 အသင်း က အကျစ်လစ် ဆုံးနဲ့ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်ပြီး ဆုဖလား အောင်မြင်မှု အဖြစ် လီဂူး၀မ်းချန်ပီယံ ( ၂ ) ကြိမ်၊ 𝐂𝐨𝐮𝐩𝐞 𝐝𝐞 𝐅𝐫𝐚𝐧𝐜𝐞 ( ၁ )ကြိမ် ၊ 𝐂𝐨𝐮𝐩𝐞 𝐝𝐞 𝐥𝐚 𝐋𝐢𝐠𝐮𝐞 ( ၁ )ကြိမ်၊ 𝐓𝐫𝐨𝐩𝐡𝐞𝐞 𝐝𝐞𝐬 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 ဆု ( ၂ ) ကြိမ် တို့ကို ရရှိ ခဲ့တယ်။ သောမက်တူချယ် ဟာ နည်းပြခဲ့တဲ့ အသင်းတိုင်း တွင် အသင်းသားတွေနဲ့ ရော ဘုတ်အဖွဲ့ဝင် တွေနဲ့ ပါအဆင်မပြေ ဖြစ်ခဲ့တာတွေလဲ များပြားလာခဲ့ပြီး ချယ်ဆီး အသင်းဟာ အသင်းရဲ့ ရလဒ်တွေ ဆက်တိုက် ဆိုးဝါး နေတာကြောင့် အသင်းရဲ့ နည်းပြ ဖြစ်တဲ့ လမ်းပတ် နေရာ မှာ သောမက်တူချယ် ကို အစားထိုးခဲ့ပါတယ်။ ချယ်ဆီး ရောက်ရှိ လာတဲ့ သောမက်တူချယ် ဟာ သူရဲ့ နည်းပြ ဘဝ တစ်ခုလုံး နဲ့ ဆန့်ကျင်ဘက် ဖြစ်လာပြီး အကောင်းတွေချည်းမြင်ခဲ့ရပါတယ်။



လမ်းပတ် အသုံးပြုခဲ့တဲ့ လူငယ် ကစားသမား တွေရော ဝါရင့်ကစားသမားတွေကို ရော အကောင်းဆုံး ပေါင်းစပ် ပြီး ချယ်ဆီးအသင်း ကို ပိုမို ကျစ်လစ်တဲ့အသင်းတစ်သင်းအဖြစ်တည်ဆောက်နိုင်ခဲ့ပြီး သောမက်တူချယ်ရဲ့ နည်းစနစ် တွေ နဲ့ ချယ်ဆီး အသင်းဟာ တဖြည်းဖြည်း နဲ့ အသားကျလာခဲ့ပါတယ်။ ပွဲတိုင်းနီးပါး 𝐜𝐥𝐞𝐚𝐧 𝐬𝐡𝐞𝐞𝐭 တွေနဲ့ အနိုင်ရရှိလာခဲ့ပြီး သောမက်တူချယ် ကိုင်တွယ် တဲ့ ချယ်ဆီး အသင်း ရဲ့ ခံစစ် ကစားပုံဟာ သိသိသာသာ ကောင်းမွန် လာခဲ့ပြီး ယခင် ကထက်ကျစ်ကျစ်လစ်လစ် နဲ့ အသင်းတိုင်းကို စိန်ခေါ် နိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ် ။ သောမက်တူချယ် ဟာ အဆင်မပြေ တပ်ပျက်နေတဲ့ ချယ်ဆီး ကို အချိန်တို အတွင်း အကောင်းဆုံး ကိုင်တွယ်ပြီး ၂၀၂၀ - ၂၀၂၁ ရာသီ ချန်ပီယံ လိဂ် ဖိုင်နယ်ပွဲ တွင် ပက်ဂွာဒီရိုလာ ရဲ့ မန်စီးတီး လို အသင်းမျိုး ကို ဂိုးကန်သွင်း ခွင့်တစ်ကြိမ် တောင် ကန်ခွင့်မပေးပဲ အကောင်းဆုံး ထိန်းချုပ် ကစားပြီး ချန်ပီယံ လိဂ် ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ထိ အောင်မြင်မှုရရှိလာခဲ့ပါတယ်။ သောမက်တူချယ်က “ကျွန်တော်တို့ အသင်းကို ဘယ်သူမှ ရင်မဆိုင်ရဲတဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်သွားမှာပါ” လို့ ပြောဆိုခဲ့ကာ ပြောတဲ့အတိုင်းအကောင်းဆုံးလုပ်ပြခဲ့ပြီး ချယ်ဆီး အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ( ၁ )ကြိမ် ၊ ဥရောပ စူပါဖလား ( ၁ )ကြိမ် နဲ့ ကလပ်ကမ္ဘာ့ဖလား ( ၁ )ကြိမ် တို့ကိုရရှိခဲ့ပါတယ်။ ရရှား ၊ယူကရိန်း စစ်ပွဲရဲ့ ရိုက်ခက်မှုတွေ အဖြစ် အသင်းပိုင်ရှင် ရိုမန် က အသင်းကိုမဖြစ်မနေ ရောင်းရတော့မယ့် အခြေအနေ တွေကြောင့် အသင်း ကို တော့ဘိုလေး တို့ထံရောင်းချခဲ့ရပါတယ်။ အသင်းပိုင်ရှင် အသစ်တွေ နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး သောမက်တူချယ် ဟာ ချယ်ဆီး အသင်းနဲ့လမ်းခွဲခဲ့ရပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ဘိုင်ယန်မြူးနစ် အသင်း ဟာ သူတို့ရဲ့ နည်းပြ ဖြစ်တဲ့ 𝐉𝐮𝐥𝐢𝐚𝐧 𝐍𝐚𝐠𝐞𝐥𝐬𝐦𝐚𝐧𝐧 နေရာ မှာ သောမက်တူချယ် ကို ခန့်အပ်ခဲ့ ပါတယ်။



ဘိုင်ယန်မြူနစ် အသင်းကို ကိုင်တွယ် တဲ့ ပထမဆုံးရာသီ မှာပဲ ဘိုင်ယန်မြူးနစ် အသင်းအတွက် ( ၁၁ )ကြိမ် မြောက် ဘွန်ဒက်လီဂါ ဖလားကို ရယူပေးနိုင်ခဲ့ပြီး ၂၀၂၃- ၂၀၂၄ ရာသီ မှာ သောမက်တူချယ် ဟာ အသင်းနဲ့ အဆင်မပြေ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ သောမက်တူချယ် ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ထူးထူးခြားခြား ဘားမှမလုပ် ပြနိူင် ခဲ့ပဲ ဆုဖလားအောင်မြင်မှု အဖြစ် ဘွန်ဒက်လီဂါ ဖလား ( ၁ ) ကြိမ် ကို သာ ရရှိခဲ့ပါတယ်။ယူရို၂၀၂၄ ဖိုင်နယ်အပြီးမှာ ဂါရတ်ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ မန်နေဂျာရာထူးကနေ နှုတ်ထွက်ခဲ့ပြီး လီကာစလေ က ယာယီနည်းပြအဖြစ် တာဝန်ယူနေခဲ့ပါတယ်။ မကြာသေးခင်ကပဲ အင်္ဂလန်နည်းပြရာထူးအတွက် ဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတွေဟာ တူချယ်နဲ့ ဆွေး‌နွေးမှုတွေ ပြုလုပ်‌နေကြောင်း သတင်း‌တွေ ကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တာပါ။၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဂျာမန်သား သောမက်တူချယ် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့အသစ်စက်စက်ပဲ့ကိုင်ရှင် ဖြစ်လာခဲ့ပြီး တူချယ်ဟာ ဆဗန်အဲရစ်ဂိုရန်အဲရစ်ဆင်၊ ဖေဘီယိုကာပယ်လိုပြီးရင် အင်္ဂလန်သမိုင်းမှာ တတိယမြောက် နိုင်ငံခြားသားနည်းပြဖြစ်လာခဲ့ပါတယ်။



တပွဲထိုး 𝐓𝐚𝐜𝐭𝐢𝐜𝐬 တွေ အရမ်းကို ကောင်းတဲ့ တူချယ် ဟာ လိဂ် ဖလားတွေမှာ သာ အားနည်းတက်သော်လည်း 𝐜𝐮𝐩 ဖလား တွေမှာ ဆိုရင် ကောင်းကောင်းမွန်မွန် ထိန်းချုပ် ကစားနိုင်တာကြောင့် သောမက်တူချယ် ဟာ အင်္ဂလန် အသင်းနဲ့ ဘယ်လောက်ထိ အောင်မြင်မှု ရရှိသွားမလဲ ဆိုတာ အတူတူ စောင့်ကြည့်ကြတာပေါ့ လို့ပြောရင်း ဒီဆောင်းပါးလေးကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှု ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီးတင်ရှိ ပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#Chelsea
#ThomasTuchel
#coach

Related Sports News