အားကစားသတင်းများ

ချယ်ဆီးအသင်းဘယ်ကစဖြစ်လာတာလည်း

blog image

January 28, 2025

ပရီးမီးယားလိဂ် ရဲ့ လန်ဒန် အသင်းတွေ ထဲ မှာ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်းကို 𝟏𝟗𝟎𝟓 ခုနှစ် မှာ ဂတ်မီးယားလို့ ခေါ် တဲ့ အင်္ဂလိပ် လုပ်ငန်းရှင် တစ်ဦး က စတင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂတ်မီးယား ရဲ့ ပထမ ဆုံး ရည်ရွယ် ချက်ကတော့ သူပိုင်ဆိုင် တဲ့ စတန်းဖို့ ဘရစ် အားကစားကွင်း ကို တည်ရှိပြီးသား အသင်းတစ်သင်းသင်း ကို ရောင်းချဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ မရောင်းချတော့ပဲ သူပိုင်ဆိုင်တဲ့ အသင်းတစ်သင်း ဖြစ်အောင် ချယ်ဆီး ဘောလုံးအသင်းကိုတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ ချယ်ဆီး အသင်းက ဗြိတိန် ကစားသမားတွေနဲ့ သာ ဖွဲ့စည်းထားပေ့မယ် 𝟏𝟗𝟏𝟑 ခုနှစ် အရောက်မှာတော့ ဒိန်းမတ် ကစားသမား တစ်ယောက်ဖြစ်တဲ့ နေး မစ်တယ်ဘိုး က ချယ်ဆီး အသင်း မှာ ပါဝင်လာခဲ့ပြီး ချယ်ဆီဂ အသင်းရဲ့ ပထမ ဆုံးသော ဗြိတိန် ကစားသမား မဟုတ်တဲ့ ပြည်ပ ကစားသမားတစ်ယောက် လဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက အသင်းရဲ့ပထမ ဆုံးသော ဆုဖလား အောင်မြင်မှူ ဖြစ်တဲ့ အမှတ်ပေး ဖလား ကိုတော့ 𝟏𝟗𝟓𝟓 ခုနှစ်မှာ ရရှိခဲ့ တာပဲဖြစ်ပါတယ်။


အမှတ်ပေးဖလား ရရှိပြီး 𝟏𝟎 နှစ် အကြာ 𝟏𝟗𝟔𝟓 ခုနှစ်မှာတော့ အသင်းရဲ့ ပထမ ဆုံး လိဂ် ဖလားကို ရရှိခဲ့ပြီး နောက် 𝟓 နှစ်အကြာ 𝟏𝟗𝟕𝟎 ခုနှစ် မှာတော့ အသင်းအတွက် ပထမ ဆုံး 𝐅𝐀 ဖလား ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ 𝟏𝟗𝟕𝟏 ခုနှစ်မှာ တော့ 𝐂𝐥𝐮𝐛 𝐖𝐢𝐧𝐧𝐞𝐫 𝐂𝐮𝐩 ကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။𝟏𝟗𝟖𝟐 ခုနှစ်မှာ ချယ်ဆီး အသင်းရဲ့ အသင်းပိုင်ရှင်ဖြစ်တဲ့ ဂတ်မီးယား က ‌ငွေရေးကြေးရေး ပြသာနာတွေ ရှိလာတာကြောင့် ချယ်ဆီး အသင်းကို ကန်ဘိတ် ဆိုတဲ့ သူငှေးတစ်ယောက်ထံ ရောင်းချခဲ့ပါတယ်။ ချယ်ဆီး အသင်း က အသင်းပိုင်ရှင် အသစ် လက်ထပ်မှာ အရင် လို‌ ခြေစွမ်းတွေနဲ့ ဆုဖလားတွေကို စိန်ခေါ် ပြီး မသိမ်းပိုက်နိုင်တော့ပါဘူး ။ ရက် ဂါးလက် ၊ ဂျန်ဖရက်ဇို ဇိုလာ တိုတို့ရောက် ရှိလာခဲ့ပြီး မှသာ ခြေစွမ်းကောင်းတွေကို ပြန်လည်ရရှိပြီး ၁၉၉၆ နောက်ပိုင်းမှာသာ ပြန်လည်တောက်ပလာခဲ့နိုင်ပါတယ်။ ချယ်ဆီး အသင်း က 𝐅𝐀ဖလားကို ၁၉၉၇ ခုနှစ် နဲ့ ၂၀၀၀ ခုနှစ်တွေမှာ နှစ်ကြိမ်တိုင်တိုင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်းက ဗြိတိန် ကစားသမား များ အနည်းငယ်သာရှိပြီး အဓိက အားဖြင့် ပြည်ပ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။


၁၉၉၉ ခုနှစ်မှာ ဆောက်သတန် အသင်းနဲ့ ယှဥ်ပြိုင်ကစားတဲ့ ပွဲစဥ် မှာ ချယ်ဆီး အသင်းရဲ့ လူစာရင်းမှာ ဗြိတိန် ကစားသမား တစ်ဦးတစ်ယောက်မှ မပါဝင်ပဲ နိုင်ငံခြား ကစားသမား များနဲ့ သာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပထမဆုံး ဗြိတိန် ကစားသမားမပါတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။အသင်း က ၁၉၉၈ ခုနှစ် တစ်ခုထဲမှာ ပဲ လိဂ်ဖလား ၊ 𝐂𝐥𝐮𝐛 𝐖𝐢𝐧𝐧𝐞𝐫 𝐂𝐮𝐩 ၊ 𝐒𝐮𝐩𝐞𝐫 𝐂𝐮𝐩 စတဲ့ ဆုဖလား သုံးလုံးကို သိမ်းပိုက်နိုင်တဲ့ အထိ အောင်မြင်မှု ရရှိခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းပိုင်ရှင်ဖြစ်တဲ့ ကန်ဘိတ် က ငွေကြေးအကြပ်အတည်း နဲ့ ရင်ဆိုင် နေရတာကြောင့် ၂၀၀၃ ခုနှစ် အရောက်မှာပဲ ရှရှား သူဌေးတစ်ယောက်ဖြစ်တဲ့ အေဘရာမိုဗစ် ထံ ကို သန်း ၆၀ ဖြင့် ရောင်းချခဲ့ပါတယ်။ အေပရာမိုဗစ် က နည်းပြအသစ် အဖြစ် စပယ်ရှယ် ဝမ်းလို့ လူသိများကြတဲ့ ဟိုဆေး မော်ရင်ညို ကို ပထမ ဆုံးခေါ်ယူခဲ့ပါတယ်။ ကစားသမားအပြောင်းအရွှေ့အတွက်လဲ ငွေကြေး အမြောက်အများသုံးစွဲ စေခဲ့ပါတယ်။ ချယ်ဆီး အသင်းရဲ့ အအောင်မြင်ဆုံး အချိန်တွေက အသင်းပိုင်ရှင် အစစ်ဖြစ်လာတဲ့ အေဗရာမိုဗစ် နဲ့ အတူ ရောက်ရှိလာခဲ့ပါတယ်။


ချယ်ဆီး အသင်းက နည်းပြ မော်ရင်ဟို လက်ထပ်မှာ ပရီးမီးယား လိဂ်ဖလားကို ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာ ၂ ရာသီဆက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာလဲ လိဂ်ဖလားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပဲ 𝐅𝐀 ဖလားကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း က သူတို့ရဲ့ ပထမဆုံး ဥရောပ အောင်မြင်မှု အဖြစ် ၂၀၁၂ ခုနှစ်မှာ ဂျာမန်ဘီလူးကြီး ဘာယန်မြူးနစ်ကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး အသင်းရဲပထမ ဆုံး ဥရောပ ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား သိမ်းပိုက်ပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်မှာပဲ ယူရိုပါလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ချယ်ဆီး အသင်း က သူတို့ရဲ့ ပထမဆုံးသော 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ရရှာ ယူကရိန်း စစ်ပွဲ ရဲ့ရိုက်ခက်မှု အဖြစ် ဗြိတိန် အစိုးရက ရရှား သူဌေးတစ်ယောက်ဖြစ်တဲ့ ချယ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ရဲ့ စီးပွားရေးလမ်းကြောင်းကိုပိတ်ဆို့ လိုက်တာကြောင့် မဖြစ်မနေ ချယ်ဆီး အသင်းကိုရောင်းချတော့ရမှာ ဖြစ်ပါတယ်။


၂၀၂၂ ခုနှစ်မှာ အမေရိကန်သူဌေးတော့ဘိုလေးတို့ထံကို ရောင်းချခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း က အသင်းစထောင်ကတည်းက ယနေ့ အချိန်ထိ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ 𝐅𝐀 ဖလား ၈ ကြိမ် ၊ 𝐄𝐅𝐋 ဖလား ၅ ကြိမ် ၊ နှင့် 𝐅𝐀 ကွန်မြူနတီဒိုင်း ၄ ကြိမ်တို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဥရောပအောင်မြင်မှု အဖြစ် ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ် ၊ 𝐂𝐮𝐩 𝐖𝐢𝐧𝐧𝐞𝐫 𝐂𝐮𝐩 ၂ ကြိမ် ၊ စူပါဖလား ၂ ကြိမ် နှင့် ဖီဖာကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ လန်ဒန် ဘောလုံးလောကထဲ က အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ချယ်ဆီး အသင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူး အများကြီးတင်ရှိပါတယ်။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#chelsea
#football
#london

#premierleague

Related Sports News