အားကစားသတင်းများ

အသက်(၂၃) နှစ်မှာပဲ အာဆင်နယ် ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရှိနေသူ ဘိုကာရိုဆာကာ

blog image

January 6, 2025

ဥရောပ အသင်းကြီးတစ်သင်းဖြစ် သော အာဆင်နယ် လို အသင်း ရဲ့ တောင်ပံ တစ်နေရာမှာ အကောင်းဆုံး ကစားနေပြီး အသင်းရဲ့ တာဝန် တွေ ကို ပုခုံး ပေါ် အပြည့်အဝထမ်းထားကာ အသင်းကို အများကြီး အကျိုးပြုနေတဲ့ ကစားသမား အသက် ၂၃ နှစ် ပဲရှိသေးတဲ့ အဲ့ဒီ ကစား သမားကတော့ ဘိုကာရိုဆာကာ ပဲဖြစ်ပါတယ်။ ဘိုကာရိုဆာကာ ဟာဆိုရင် တစ်ဖက် အသင်း ရဲ့ သတိ ထားစောင့်ကြည့်ခြင်းကို ခံရတဲ့ ကစားသမားလည်း ဖြစ်တယ်။ တစ်ဖက် အသင်းရဲ့ ခံစစ်ကစားသမား တွေ ကို ကောင်းကောင်းကြီး ဒုက္ခ ပေးတက်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် ကောင်းမွန် လှတဲ့ ကစားသမားလည်း ဖြစ်ပြီး ဘိုကာရိုဆာကာ ရဲ့ ဘောလုံး ဆွဲပြေး ပုံတွေ ၊ ပြိုင်ဘက်ကစားသမားတွေ ကို လိမ်ခေါက်ကျော်ဖြတ် ပုံတွေ ကောင်းတဲ့ အပြင် အလွန် လျင်မြန်တဲ့ ကစားသမား လည်းဖြစ်တယ်။



အာဆင်နယ် အသင်း ကစားပုံ မကောင်းတဲ့ ခုနှစ်တွေ ထဲက တစ်ယောက်ထဲ အားနဲ့ အသင်းကို ထမ်းတင် လာခဲ့ ပြီး၊ အသင်း အခြေကျသွားတဲ့ အချိန်တွေမှာ လည်း အသင်းရဲ့ အရေးပါတဲ့ ထောက်တိုင် ဖြစ်ခဲ့တယ်။ အာဆင်နယ် အသင်း ဆုဖလားတွေကို အခုလို ပြန်လည် စိန်ခေါ်နိုင်တာ ဟာဆာကာ ရုန်းကန်မှုတွေကြောင့်လို့ ပြောရင် ငြင်းမယ့် လူရှိမယ် မထင်ပါဘူး။ ယခု ဘောလုံးလောကရဲ့ အကောင်းဆုံး တောင်ပံ ကစားသမား တွေထဲတွင် လည်းဆာကာ ပါဝင် ပါတယ်။ ဆာကာ ဘယ်လောက် လိမ်ခေါက်တာ ကောင်းပြီး ၊ ဘယ်လောက် မြန်လည်းဆို တာကို ၂၀၂၀ခုနှစ် ယူရို ပြိုင်ပွဲ မှာ ဂျူပင်နဲ့ အီတလီတို့ ရဲ့ နောက်ခံကစားသမား ချီလီနီ လို ကစားသမားကတောင် အဝါကဒ် ယူပြီး အသည်းအသန် လိုက်ထိန်းချုပ်နေတာကိုကြည့်ရင်သိသာပါတယ်။ အာဆင်နယ် အသင်း က ၂၀၀၃-၂၀၀၄ ခုနှစ်နောက်ပိုင်း မရရှိတော့တဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ရယူဖို့ ကြိုးပမ်း ရာတွင်လည်း အရေးပါသော ဂိုးဖန်တီးမှု တွေ လိုအပ်တဲ့ သွင်း ဂိုးများ ကို သွင်း ယူ ပေးပြီး အခုလို ဆုဖလား စိန်ခေါ် မှုတွင်လည်း အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်နေတာလည်း ဖြစ်တယ်။


ဆာကာ ဟာ ကစားသမား ဘဝ အစတွင် ဘယ်နောက်ခံနေရာ တွင်ကစားခဲ့တာပါ ။ ဘိုကာရိုဆာကာ ကို စက်တင်ဘာ ၅ရက် နေ့ ၂၀၀၁ ခုနှစ်တွင် 𝐆𝐫𝐞𝐚𝐭𝐞𝐫 𝐋𝐨𝐧𝐝𝐨𝐧 မှာ မွေးဖွားခဲ့တယ်။ ဆာကာ ရဲ့ မိဘများသည် နိုင်ဂျီးရီးယားမှ လန်ဒန်သို့ စီးပွားရေးရွှေ့ပြောင်းနေထိုင်သူများအဖြစ် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဆာကာ က သူ့ရဲ့ အသက် ၇ နှစ် အရွယ် မှာ အာဆင်နယ် အသင်းရဲ့ 𝐇𝐚𝐥𝐞 𝐄𝐧𝐝 အကယ်ဒမီ ကို ရောက်ရှိခဲ့ပါတယ်။အသက် 𝟏𝟕 နှစ်အရွယ်တွင် ဆာကာ က အာဆင်နယ် နဲ့ ပရော်ဖက်ရှင်နယ်စာချုပ်တစ်ခုကို ချုပ်ဆို ခဲ့ပြီး 𝐔 𝟏𝟔 အသင်း ကနေ 𝐔 𝟐𝟑 အသင်းကို ပြောင်းရွှေ့ခဲ့လာခဲ့ပါတယ်။ 𝟐𝟎𝟏𝟖 ခုနှစ် နိုဝင်ဘာလ 𝟐𝟗 ရက်နေ့ ရဲ့ ယူရိုပါလိဂ် ပွဲစဥ်တစ်ခုဖြစ်တဲ့ ဗော်စကလာပိုတာဗာ နဲ့ ပွဲစဥ်က ဆာကာ ရဲ့ အာဆင်နယ် အသင်း အတွက် ပထမဆုံး ပွဲ ဦးထွက်ပဲဖြစ်ပါတယ်။ ဆာကာ ဟာ 𝟐𝟎𝟏𝟗 ခုနှစ် ဇန်နဝါရီလ 𝟏 ရက်နေ့ တွင် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲ ကို ဝင်ရောက် ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အသက် အငယ် ဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ ဆာကာ က သူ့ရဲ့ ပထမ ဆုံး သွင်းဂိုး ကို စက်တင်ဘာလ ၁၉ ရက် နေ့ မှာ ယှဥ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်ဖြစ်တဲ့ ဂျာမန် အသင်း 𝐄𝐢𝐧𝐭𝐫𝐚𝐜𝐡𝐭 𝐅𝐫𝐚𝐧𝐤𝐟𝐮𝐫𝐭 နဲ့ ပွဲစဥ်တွင် လှပသော အဝေးကန် ချက် နဲ့ သွင်းယူ ခဲ့တာပဲ ဖြစ်ပါတယ်။


စီနီယာ ကစားသမားများအနေနဲ့ 𝐒𝐞𝐚𝐝 𝐊𝐨𝐥𝐚š𝐢𝐧𝐚𝐜 နှင့် 𝐊𝐢𝐞𝐫𝐚𝐧𝐓𝐢𝐞𝐫𝐧𝐞𝐲 တို့ဒဏ်ရာများကိုယ်စီရရှိသွားတာကြောင့်ဆာကာကအာဆင်နယ်အသင်းရဲ့ဘယ်နောက်ခံနေရာမှာ ပုံမှန် ကစားလာခဲ့ရပါတယ်။ ဆာကာ ဟာ အချိန် အနည်းငယ်လေး အတွင်းမှာ ပဲ အာဆင်နယ် အသင်းကြီးနဲ့ အသားကျလာခဲ့ပါတယ် ။ ဇူလိုင်လ 𝟏 ရက်နေ့ ၂၀၂၀ ခုနှစ်အရောက်မှာတော့ ဆာကာ က အာဆင်နယ်အသင်းနဲ့ နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ဆာကာ က အာဆင်နယ် အသင်းရဲ့ နည်းပြ ဖြစ်သူ မီခယ် အာတီတာ ရဲ့ စိတ်ကြိုက် ကစားသမား တစ်ယောက်ဖြစ်လာခဲ့ပြီး ဆာက က 𝟐𝟎𝟏𝟗-𝟐𝟎𝟐𝟎 ရာသီမှာ အာဆင်နယ် ရဲ့ အကောင်းဆုံး ကစားသမား ဆုအတွက် မဲပေးရွေးချယ်မှုမှာ တတိယ နေရာအထိ ရရှိခဲ့ပါ တယ်။ ဆာကာ ဟာ အသက် ငယ်ငယ်လေး နှင့် အသင်းမှာ အထိုင်ကျခဲ့ပြီး သူရဲ့ အသင်းပေါ်အကျိုးပြု မှုတွေကြောင့် ဆာကာ ကိုလူငယ်ကစားသမားတစ်ယောက်အဖြစ် အချို့လူတွေ မေ့နေကြပြီ။ မေ့ချင်စရာဖြစ်အောင်လည်း ဆာကာဟာ သူ့ရဲ့အသက်အရွယ် နဲ့ မလိုက်အောင် အထူးခြေစွမ်း ပြနေတာပဲ ဖြစ်ပါတယ်။𝟐𝟎𝟏𝟔 ခုနှစ် သြဂုတ်လ 𝟐𝟒 ရက်နေ့တွင် ရိုမေးနီးယားကို ၃-၁ ဂိုးဖြင့် အနိုင်ရသော ခြေစမ်းပွဲတွင် အင်္ဂလန်လက်ရွေးစင် ယူ-၁၆ အသင်းအတွက် ပထမဆုံး ပွဲဦးထွက်ကစားခဲ့ရပါတယ်။


၂၀၂၃ ခုနှစ် မတ်လ 𝟏𝟑 ရက်နေ့တွင်ဆာကာက𝟐𝟎𝟐𝟑𝐋𝐨𝐧𝐝𝐨𝐧𝐅𝐨𝐨𝐭𝐛𝐚𝐥 𝐀𝐰𝐚𝐫𝐝𝐬 တွင် တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။၂၀၂၂-၂၃ ရာသီအတွက် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ် ။ ဆာကာ က အာဆင်နယ် အသင်းတွက်သာမက အင်္ဂလန် အသင်း အတွက်ပါအားကိုး အားထားပြုရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇွန် ၂ ရက်က သြစတြီးယား နှင့် ခြေစမ်းပွဲတွင် ဆာကာက သူ့ရဲ့ ပထမဆုံးသော နိုင်ငံတကာသွင်းဂိုး ကို သွင်းယူနိုင်ခဲ့ပြီး ၂၀၂၀ ယူရို ပြိုင်ပွဲ မှာ အင်္ဂလန် အသင်း ရဲ့ တတိယ ပွဲစဥ်အဖြစ် ဇွန်လ 𝟐𝟐 ရက်နေ့မှာ ကစားတဲ့ 𝐂𝐳𝐞𝐜𝐡 နဲ့ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု ကိုရရှိခဲ့ပါတယ်။ ၂၀၂၀ ယူရို ပြိုင်ပွဲ တောက်လျောက် ခြေစွမ်းအထူးပြခဲ့ပြီး ဖိုင်နယ် ပွဲစဥ်မှာလည်းအီတလီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ ရှုံးနိမ့်ခဲ့ရတာပါ ။𝟐𝟎𝟐𝟐 ခုနှစ် စက်တင်ဘာလ 𝟐𝟑 ရက်နေ့မှာ ကျင်းပတဲ့ အင်္ဂလန် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပေးပွဲ မှာလည်း ဟာရီကိန်း ၊ ဒီကရန်ရိုက် တို့ကိုကျော် ပြီး ၂၀၂၁ -၂၂ ရာသီ ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ နိုင်ငံအသင်းနှင့်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိဖူးတဲ့ အာဆင်နယ် အသင်းရဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဇွန်လ 𝟐𝟐 ရက်နေ့တွ ယူရို 𝟐𝟎𝟐𝟎 အုပ်စုအဆင့် ပွဲ စဉ်တွင် သူစတင်ခဲ့ပြီး ပွဲအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသည် ။


ဆာကာဟာ အသက်အရွယ် လေးနဲ့မှမလိုက်အောင် ရှယ်ကြမ်းပြနေတဲ့ ကစားသမားလေး ဖြစ်ပြီး အာဆင်နယ် နဲ့ အင်္ဂလန်အသင်း တို့အတွက်လည်း နောင်အနာဂတ်မှာ အများကြီး အားကိုးရ အုံးမယ့် ကစားသမား ဆို‌တာပြောရင်း ဒီဆောင်းပါလေးကို ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်၊။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#bukayosaka
#footballer #Arsenal

Related Sports News