မန်ချက်စတာယူနိုက်တက် အသင်း နဲ့ အင်္ဂလန် ဘောလုံးအသင်း အတွက်ပါ မရှိမဖြစ် အရေးကြီးတဲ့ ကစားသမား တစ်ယောက် ၊ အင်္ဂလန် ဘောလုံး သမားတွေထဲမှာ ဥရောပ ဖလား ၊ ကမ္ဘာ့ဖလား ၊ ဘောလွန်းဒီအော စတဲ့ ဆုတံဆိပ်တွေ အားလုံးကို ပိုင်ဆိုင် ခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမား ၊ 20 ရာစု ရဲ့ အကောင်းဆုံး ကစားသမား 10 ယောက်ထဲမှာ မာရာဒိုနာ ၊ ပီလီ တို့နဲ့ အတူတူ ပါဝင်ခဲ့တဲ့ ကစားသမား အဲ့ဒိကစားသမား ကတော့ ဆာဘော်ဘီချာတန် ပဲဖြစ်ပါတယ်။ ဆာဘော်ဘီ ချာတန် ကို 1937 ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး ငယ်စဥ် ကတည်း က မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားခဲ့တာပဲဖြစ်ပါတယ်။ ဆာဘော်ဘီ ချာတန် က ကွင်းလယ် နေရာ တော် တော် များများ နဲ့ တောင်ပံနေရာတွေမှာ ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြ ဆာမက် ဘတ်စပီ ရဲ့ ဘတ်စပီ ဘေဘီ လို့ လူသိများကြပြီးလူငယ် ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အသင်းမှာ လဲ အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဘတ်စပီ ဘေဘီ ဆိုတဲ့ ဆာဘော်ဘီ ချာတန် တို့ ရဲ့ အသင်းက အဲ့ဒိ အချိန် မှာ ခြေစွမ်း က အလွန်ကောင်းမွန်ခဲ့ပြီး ပြည်တွင်းဖလားသာမက ဥရောပဖလား တွေကို ပွ သိမ်းပိုက်နိုင်တဲ့ အသင်းတစ်သင်းလဲဖြစ်ခဲ့ ပါတယ်။ 1958 ခုနှစ် မြူးနှစ် အိမ်မက်ဆိုး ဆိုတဲ့ လေယဥ် မတော်တဆ မှု မှာ ဆာမက် ဘတ်စပီ ရဲ့ လူငယ်တော်တော် များများ ကို ဆုံးရှုံးခဲ့ရပြီး ဘတ်စပီ ဘေဘီ ဆိုတဲ့ အသင်း က ပျက်စီးသွားခဲ့ရပါတယ်။ လေယဥ် မတော်တဆ မှု မှာ မန်ယူ ကစားသမား တစ်ချို့ က ကံကောင်းစွာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ဆာဘော်ဘီ ချာတန် ကလဲအသက်ရှင်လွတ်မြောက်ခဲ့ပြီးဘောလုံးပြန်ကစားနိုင်တဲ့ကစားသမားတွေထဲကတစ်ယောက်လဲဖြစ်ပါတယ်။
မြူးနစ် အိပ်မက်ဆိုး ဖြစ်ခဲ့ပြီး ၈ နှစ် အကြာ မှာ ဆာဘော်ဘီ ချာတန်က အင်္ဂလန် အသင်း နဲ့ အတူ အင်္ဂလန် ဘောလုံးအသင်းရဲ့ သမိုင်းတလျောက် ပထမ ဆုံးသော ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား သိမ်းပိုက်ရာ လမ်းကြောင်းမှာ ဆာဘော်ဘီ ချာတန် က အဓိက ခရာ ကျခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဆာဘော်ဘီချာတန် က သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ ကြောင့် ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ အပြင် ၁၉၆၆ ခုနှစ်ရဲ့ ရွှေဘောလုံးဆုကိုလည်းရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆာဘော်ဘီချာတန် က အင်္ဂလန် အသင်း အတွက် ၁၀၆ ပွဲ ကစားခဲ့ပြီး 49 ဂိုး အထိ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 1968 ခုနှစ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ဥရောပ ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆာဘော်ဘီ ချာတန် အကောင်းဆုံးခြစွမ်းတွေနဲ့ အတူ အသင်း ရဲ့ အဓိ က ကစားသမားလဲဖြစ်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက 1968 ခုနှစ်မှာ ရရှိခဲ့တဲ့ ဥရောပဆုဖလားကြောင့် အင်္ဂလိပ် ကလပ်တွေထဲမှာ ဥရောပ ဖလားရရှိခဲ့ဖူးတဲ့ ပထမ ဆုံး အသင်းလဲဖြစ်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖို့ဒ် ကစားကွင်း ရှေ့မှာ ရှိတဲ့ရဲသုံးဖော် ရုပ်ထုက ဆာဘော်ဘီချာတန် ၊ ဒန်းနစ်လော နှင့် ဂျောဘတ် တို့ရဲ့ ရုပ် ထုတွေပဲဖြစ်ပါတယ်။ ဆာဘော်ဘီချာတန် က အသက် 86 ခုနှစ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ ဆာဘော်ဘီ ချာတန် ရဲ့ ကွယ်လွန်မှု က မန်ချက်စတာယူနိုက်တက် အသင်း ပရိတ်သတ်တွေသာမက ပဲ ကမ္ဘာ့ဘောလုံး ပရိတ်သတ်တွေကိုပါလှုပ်ခတ်သွားခဲ့ပါတယ်။ ဆာဘော်ဘီ ချာတန်က မြူးနစ်အိမ်မက်ဆိုး ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ထူထောင်တဲ့ အချိန် တွေမှာ အသင်းနဲ့ အတူ သူရဲကောင်းအဖြစ် ပါဝင်ခဲ့ပြီး ဆုဖလားတွေကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ တိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"