အားကစားသတင်းများ

အာဂျင်တီးနားနဲ့ လီပါပူးလ် ရဲ့ အကောင်းဆုံးကွင်လယ်မှော်ဆရာတစ်ပါး မက်အက်လစ်ဆာ

blog image

February 1, 2025

လီပါပူး အသင်းမှာရော အာဂျင်တီးနား အသင်းမှာရော လူတွေသိပ်သတိမထားမိတဲ့ ကစားသမားတစ်ယောက်၊ ပွဲပြီးဆုံးသွားတဲ့ အချိန် ဆုဖလားတွေ ရရှိတဲ့အချိန် ၊ထင်သလောက် ချီးကျူး မခံရတဲ့ ကစားသမား တစ်ယောက်၊ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ကိုင်မြှောက်တဲ့ ခရီးတစ်လျောက် ကွင်းလယ်တစ်နေရာမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ အသင်းရဲ့မရှိမဖြစ် ကစားသမား ဖြစ်ခဲ့တဲ့ ကစားသမား အဲ့ဒိ ကစားသမား ကတော့ အဲလတ် မက်အလတ်ဆာ ပဲဖြစ်ပါတယ်။ မက်အလတ်ဆာကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ 𝐒𝐚𝐧𝐭𝐚 𝐑𝐨𝐬𝐚 ,𝐋𝐚 𝐏𝐚𝐦𝐩𝐚 မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ မက်အလတ်ဆာ က သူရဲ့ ကစားသမားဘဝ အစ ကို 𝐀𝐫𝐠𝐞𝐧𝐭𝐢𝐧𝐨𝐬 𝐉𝐮𝐧𝐢𝐨𝐫𝐬 လူငယ် အသင်းမှာ စတင်ကစားခဲ့ပေမယ့် 𝐀𝐫𝐠𝐞𝐧𝐭𝐢𝐧𝐨𝐬 𝐉𝐮𝐧𝐢𝐨𝐫𝐬 မှာ မကစားခင် 𝐂𝐥𝐮𝐛 𝐒𝐨𝐜𝐢𝐚𝐥 𝐲 𝐃𝐞𝐩𝐨𝐫𝐭𝐢𝐯𝐨 𝐏𝐚𝐫𝐪𝐮𝐞 အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ မက်အလတ်ဆာက 𝐀𝐫𝐠𝐞𝐧𝐭𝐢𝐧𝐨𝐬 𝐉𝐮𝐧𝐢𝐨𝐫𝐬 အသင်းနဲ့ အတူ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ကို ၂၀၁၆ ခုနှစ်မှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။
𝐀𝐫𝐠𝐞𝐧𝐭𝐢𝐧𝐨𝐬 𝐉𝐮𝐧𝐢𝐨𝐫𝐬 မှာ ၃ ရာသီကြာကစားခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ဘရိုက်တန် အသင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ ၂၄ ရက်နေ့မှာ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ - ၂၀၁၉ ခုနှစ် ပရီးမီးယားလိဂ် ရာသီ လက်ကျန် အတွက် 𝐀𝐫𝐠𝐞𝐧𝐭𝐢𝐧𝐨𝐬 𝐉𝐮𝐧𝐢𝐨𝐫𝐬 အသင်းကို ပြန်လည် အငှားချခဲ့တာပဲဖြစ်ပါတယ်။ မက်အလတ်ဆာ က ဘရိုက်တန် အသင်းကိုရောက်ရောက်ချင်းရာသီမှာ တော့အငှားထွက်ကစားရင်းနဲ့ သာ အချိန်ကုန်ခဲ့ရတာပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ် လ ၇ ရက်နေ့မှာ ဝုစ် အသင်းနဲ့ ယှဥ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်က မက်အလတ်ဆာ ရဲ့ ဘရိုက်တန် ကစားသမား ဘဝ ပွဲဦးထွက် ပွဲလည်းဖြစ်ပါတယ်။ မက်အလတ်ဆာက ဘရိုက်တန် အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘရိုက်တန် အသင်းရဲ့ ကွင်းလယ်တနေရာမှာ အခိုင်အမာနေရာရရှိခဲ့တာပဲဖြစ်ပါတယ်။ မက်အလတ်ဆာရဲ့ ခြေစမ်းတွေကြောင့် အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ လမှာ ရွေးချယ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ မက်အလတ်ဆာက အာဂျင်တီးနား အသင်းအတွက် အရံကစားသမားအဖြစ်သာ ပွဲတော်တော်များများ ကို ကစားခဲ့ရတာပဲဖြစ်ပါတယ်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်း က ဘယ်သူမှ မထင်မှတ် ထားလောက်အောင် ဆော်ဒီ အသင်းကို ပထမ ဆုံးပွဲစဥ်မှာပဲ ၂ - ၁ ဖြင့်ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ရမယ့် အနေအထားတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဆော်ဒီ ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီးမှာပဲ အာဂျင်တီးနား အသင်းနည်းပြ စကာလို နီက ကွင်းလယ်လူစာရင်းအပြောင်းအလဲ လုပ်ခဲ့ပြီး အဲ့လူစာရင်းအပြောင်းအလဲကြောင့်ပဲ အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မက္ကစီကိုနဲ့ ပွဲစဥ်မှာ မက်အလတ်ဆာ အနေနဲ့ ပွဲဦးထွက် ကစားခဲ့ရပြီး အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။မက်အလတ်ဆာက အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလားကိုင်မြှောက်ရာမှာ အများကြီး အထောက်အကူပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် မက်အလတ်ဆာ ကို ဥရောပ အသင်းကြီးတော်တော်များများက စိတ်ဝင်စားလာကြပြီး ၂၀၂၃ ဇွန်လ ၈ ရက်နေ့မှာ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်တဲ့ လီပါပူး အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ မတ်အလတ်ဆာက လီပါပူး အသင်းနဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းမတည်ငြိမ်မှုတွေရှိပေမယ့် တဖြည်းဖြည်းနဲ့ အထိုင်ကျလာခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက်လဲဖြစ်လာခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီမှာ လီပါပူး အသင်းက သူတို့ရဲ့ နည်းပြကြီး ယာဂင်ကလော့စ် ထွက်ခွာသွားပြီး နည်းပြအသစ်အဖြစ် အာနေး စလော့ က လီပါပူး အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။
နည်းပြကြီး အာနေးစလော့လက်ထပ်မှာတော့ မက်အလတ်ဆာက သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး လီးပါပူး အသင်းက လည်း ပရီးမီးယားလိဂ်မှာ ရော ချန်ပီယံလိဂ်မှာပါ အကောင်းဆုံး အသင်းတစ်သင်းဖြစ်နေပါတယ်။ မက်အလတ်ဆာက လူတွေသိပ်သတိထားမိတဲ့ ကစားသမားတစ်ယောက်တော့မဟုတ်ပါဘူး ။ဒါပေမယ့် လီပါပူး အသင်းအတွက်တော့ မက်အလတ်ဆာက အသံတိတ် လက်နက်ပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

Related Sports News