အားကစားသတင်းများ

ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင် ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယား

blog image

December 6, 2024

အလန်ရှီးယားသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး သူသည်လိဂ်ရဲ့သွင်းဂိုးအများဆုံးသူအဖြစ် သွင်းဂိုး 𝟐𝟔𝟎 ဂိုးဖြင့် စံချိန်တင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ 𝟏𝟗𝟗𝟒 ခုနှစ်တွင် 𝐅𝐖𝐀 တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ 𝟏𝟗𝟗𝟓 ခုနှစ်တွင် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးကစားသမားဆု တို့ကိုရရှိခဲ့ပြီး 𝟏𝟗𝟗𝟔 ခုနှစ်တွင် ဖီဖာရွှေဘောလုံးဆု နှင့် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆု နှစ်ခုစလုံးတွင် တတိယနေရာရရှိခဲ့သူဖြစ်ပါတယ်။ 𝟐𝟎𝟎𝟒 ခုနှစ်တွင် ပီလီ သည် ကမ္ဘာ့အကောင်းဆုံး ကစားသမားများစာရင်း ဖီဖာ 𝟏𝟎𝟎 စာရင်းတွင်သူ့ကိုထည့်သွင်းခဲ့ပါတယ်။ 𝟐𝟎𝟐𝟏 ခုနှစ်တွင် သူသည် ပရီးမီးယားလိဂ်ရဲ့ 𝐇𝐚𝐥𝐥 𝐨𝐟 𝐅𝐚𝐦𝐞 ထဲသို့၀င်ရောက်ခဲ့ပြီး ပထမဆုံးစာရင်းဝင်ကစားသမား နှစ်ဦးထဲမှတစ်ဦး ဖြစ်ခဲ့ပါတယ်။


လူငယ်ကစားသမားဘဝ ဝေါဆန့်ဒ်အသင်းအတွက် ကစားနေစဉ်အတွင်း ဆောက်သမ်တန်ရဲ့ ဘောင်းလုံးကင်းထောက် ဂျက်ခ်ဟွန်ကတွေ့ရှိခဲ့ပြီး သူ့အားကလပ်ရဲ့ လူငယ်အသင်းနှင့် နွေရာသီ လေ့ကျင့်ရေများတွင်ခေါ်ယူခဲ့ပါတယ်။ သူဟာ 𝟏𝟗𝟖𝟔 ဧပြီလတွင် ဆောက်သမ်တန်ရဲ့ လူငယ်စာချုပ်မကမ်းလှမ်းခံရချိန်တွင် ပထမတန်းကလပ် ဝက်စ်ဘရွန်း နှင့် မန်ချက်စတာစီးတီး အသင်းတို့တွင်လည်း စမ်းသပ်မှုတွေအောင်မြင်စွာလုပ်ဆောင်ခဲ့ဖူးပါတယ်။


ရှီးယားသည် သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကို အင်္ဂလိပ်ဘောလုံးလောကရဲ့ထိပ်တန်းအဆင့်တွင် ကစားခဲ့ပြီး 𝟏𝟗𝟖𝟖 ဆောက်သမ်တန်တွင်စီနီယာကစားသမားဘဝကိုစတင်ခဲ့ပါတယ်။ 𝟏𝟗𝟗𝟐 ခုနှစ်တွင် ဘလက်ဘန်း သို့ပြောင်းရွှေ့ခဲ့ပြီးသူသည် ဥရောပတွင်ဂိုးသွင်းအများဆုံးကစားသမားများထဲမှတစ်ဦး ဖြစ်ခဲ့ကာ 𝟏𝟗𝟗𝟒-𝟗𝟓 ပရီးမီးယားလိဂ်ဖလားကိုရရှိခဲ့ပါတယ်။ 𝟏𝟗𝟗𝟔 နွေရာသီတွင်သူရဲ့မွေးရပ်ကလပ် နယူးကာဆယ်ယူနိုက်တက်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် 𝟏𝟓 သန်းဖြင့် ရောက်ရှိလာခဲ့ပြီး ပထမရာသီတွင် သူ့ရဲ့တတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆက်တိုက်ရရှိခဲ့ပါတယ်။ သူဟာ 𝟏𝟗𝟗𝟖 အက်ဖ်အေဖလား နှင့် 𝟏𝟗𝟗𝟗 အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်များတွင်ကစားခဲ့ပြီး နောက်ပိုင်းတွင် အသင်းကိုဦးဆောင်ကာ ကလပ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ 𝟐𝟎𝟎𝟓-𝟎𝟔 ရာသီကုန်မှာတော့သူသည် ကစားသမားဘဝမှအနားယူခဲ့ပါတယ်။


အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရှီးယားသည် 𝟔𝟑 ပွဲပါဝင်ကစားကာ ဂိုး 𝟑𝟎 သွင်းယူပေးခဲ့ပါတယ်။ ယူအီးအက်ဖ်အေ ယူရို 𝟏𝟗𝟗𝟔 သည် နိုင်ငံတကာဘောလုံးလောကတွင် သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုဖြစ်ပြီး အင်္ဂလန်အသင်းသည် ဆီမီးဖိုင်နယ်သို့ရောက်ရှိခဲ့ကာ သူသည် ယူအီးအက်ဖ်အေယူရိုရဲ့ ရွှေဖိနပ်ဆုကိုရရှိခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းတွင်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ 𝟏𝟗𝟗𝟖 ဖီဖာကမ္ဘာ့ဖလားနှင့် ယူရို 𝟐𝟎𝟎𝟎 တို့တွင် အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ကာ ၊ ယူရို 𝟐𝟎𝟎𝟎 အပြီးမှာပဲ နိုင်ငံလက်ရွေးစင် ကစားသမားဘဝမှအနားယူခဲ့ပါတယ်။


အလန်ရှီးယားသည် 𝟐𝟎𝟎𝟔 ခုနှစ်တွင် ကစားသမားအဖြစ်မှအနားယူပြီးကတည်းက သူသည် 𝐁𝐁𝐂 ရုပ်မြင်သံကြား အတွက် အစီစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ 𝟐𝟎𝟎𝟖-𝟎𝟗 ရာသီတွင် ဒီတာဝန်ကို ခေတ္တရပ်နားကာ တန်းဆင်းဇုန်မှ ရုန်းကန်နေရသော နယူးကာဆယ်ယူနိုက်တက်ရဲ့ လက်ကျန် 𝟖 ပွဲကိုနည်းပြအဖြစ်ကိုင်တွယ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းကိုတော့ပရီးမီးယားလိဂ်မှာ တင်ကျန်အောင် မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။


လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်မှာ အလန်ရှီးယားသွင်းယူထားတဲ့ 𝟐𝟔𝟎 သွင်းဂိုးအရေအတွက်ထက် များအောင် ဘယ်ကစားသမားကမှမစွမ်းဆောင်နိုင်သေးပါဘူး။ အနီးစပ်ဆုံးကတော့ 𝟐𝟏𝟑 ဂိုးဖြင့် ဟယ်ရီကိန်းကဒုတိယနေရာနဲ့ရပ်တည်ခဲ့ပြီး ၊လက်ရှိကစားနေတဲ့အထဲကအနီးစပ်ဆုံးဆိုရင်တော့ လီဗာပူးလ်တိုက်စစ်ကစားသမားဆာလတ်က သွင်းဂိုး 𝟏𝟕𝟎 ဂိုးဖြစ် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးနေရာမှာ နံပါတ် 𝟖 နေရာနဲ့ရပ်တည်နေပါတယ်။ 〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။

#mmmedia
#AlanShearer
#striker

#premierleague

Related Sports News