အားကစားသတင်းများ

အစ်စတန်ဘူရဲ့လှပတဲ့ ညတစ်ည (သို့) လီဗာပူးလ်ရဲ့အံ့ဩဖွယ်ရာနိုင်ပွဲတစ်ပွဲ ( 𝟐𝟎𝟎𝟓 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐋𝐞𝐚𝐠𝐮𝐞 𝐅𝐢𝐧𝐚𝐥 )

November 16, 2024

𝟐𝟎𝟎𝟓 ခုနှစ် မေလ 𝟐𝟓 ရက်နေ့တွင် တူရကီနိုင်ငံ၊ အစ်စတန်ဘူ ရှိ အိုလံပစ်အားကစားကွင်းမှာ အင်္ဂလန်ရဲ့ လီဗာပူးနှင့် အီတလီနိုင်ငံရဲ့ မီလန်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ချန်ပီယံလိဂ် လေးကြိမ် ရရှိထားသော လီဗာပူးလ်ဟာ သူတို့ရဲ့ဆဋ္ဌမမြောက် ဖိုင်နယ်တွင်ပါဝင်လာခဲ့ပြီး 𝟏𝟗𝟖𝟓 ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ချန်ပီယံလိဂ် 𝟔 ကြိမ်ရရှိထားသော မီလန်ဟာ သုံးနှစ်အတွင်း သူတို့ရဲ့ ဒုတိယ ဖိုင်နယ်တွင်ပါဝင်လာပြီး စုစုပေါင်း ဆယ်ကြိမ်မြောက် ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အုပ်စုအဆင့်မှာ မိုနာကိုအသင်းနောက်မှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ လေဗာကူဆင်၊ ဂျူဗင်တပ်နဲ့ ချဲလ်ဆီးတို့ကို အနိုင်ယူကာ ဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့ပါတယ်။ မီလန် က အုပ်စုတွင် ဘာစီလိုနာကိုအနိုင်ယူကာ ဗိုလ်လုပွဲသို့ မတက်မီ မန်ယူ၊ အင်တာမီလန်နှင့် 𝐏𝐒𝐕 တို့ကိုရင်ဆိုင်ခဲ့ရပါတယ်။

ပွဲမစခင်မှာ မီလန်က ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ပွဲစ 𝟏 မိနစ်မှာတင် အသင်းခေါင်းဆောင် ပေါ်လိုမာလ်ဒီနီရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ထပ်ပြီး မီလန်တိုက်စစ်မှူး ဟာနန်ခရက်စ်ပို က နောက်ထပ် 𝟐 ဂိုးထပ်သွင်းပြီး မီလန်တို့ပထမပိုင်းမှာတင် 𝟑-𝟎 နဲ့ဦးဆောင် နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဒုတိယပိုင်းအစမှာ လီဗာပူးလ်အသင်းဟာ စတီဗင်ဂျရတ်၊ ဗလာဒီမီယာ ရှမစ်ဆာနှင့် ဇာဘီအလွန်ဆို တို့ရဲ့ဂိုးတွေနဲ့ ခြောက်မိနစ်အတွင်း အံ့အားသင့်ဖွယ် ကောင်းသော သွင်းဂိုးများဖြင့် 𝟑 ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး လီဗားပူးလ်ကိုပြန်လာနိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ မိနစ် 𝟗𝟎 အတွင်းသရေကျကာအချိန်ပိုတွေဆက်ကစားခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ် ဆီရောက်ရှိခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးလ်ဂိုးသမား ဂျာဇီဒူဒက်က အန်ဒရီရှက်ဗ်ချန်ကိုရဲ့ပင်နယ်တီကို ကယ်တင်ခဲ့ချိန်မှာတော့ လီဗာပူးဟာ 𝟓 ကြိမ်မြောက်ပင်နယ်တီကိုသွင်းယူစရာမလိုတော့ပဲ 𝟐-𝟑 ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ လီဗာပူးရဲ့ ပဉ္စမမြောက် ဥရောပဖလားဖြစ်ခဲ့ပြီးလီဗာပူးလ်အသင်းရဲ့ တစ်ကျော့ပြန်လာနိုင်မှုဟာ “အစ္စတန်ဘူလ်ရဲ့အံဖွယ်ပြန်လာနိုင်ခြင်း” ဟု လူသိများသည့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖိုင်နယ်တစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲမစမီတွင် မီလန်ဟာ စီးရီးအေတွင် ဒုတိယရရှိခဲ့ကာ နောက်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် သေချာခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးလေးသင်းစာရင်းမဝင်ခဲ့တဲ့ နောက် နောက်တစ်ရာသီတွင် ပြိုင်ပွဲဝင်ရောက်ရန် ဖိုင်နယ်ကိုအနိုင်ယူခဲ့ရသည်။

ဒီပွဲစဉ်မစတင်ခင်မှာ လီဗာပူးမန်နေဂျာ ရာဖေးဘင်နီတက်ဇ် က - "မီလန်က လူကြိုက်များပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာကကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အနိုင်ရနိုင်ပါတယ်"ဟုဆိုခဲ့ကာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း "လီဗာပူးလ်ကို နိုင်ပွဲရလိမ့်မယ်လို့ ခံစားမိပါတယ်၊ မီလန်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လီဗာပူးလ်ကိုမယှဉ်နိုင်ပါဘူး၊ စီးရီးအေ အမှတ်ပေးဖလားကို ဆုံးရှုံးလိုက်ရတာကြောင့် မီလန်ကို အနိုင်ယူဖို့ အခုထက်ပိုကောင်းတဲ့ အခွင့်အရေးမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ ထင်ပါတယ်" ဟုဆိုခဲ့ပါတယ်။ တကယ်လည်း သူတို့တွေမျှော်မှန်းထားကြသလို့ လီဗာပူးလ်အသင်းဟာ အေစီမီလန်ထက်ယုံကြည်မှုပိုရှိခဲ့ပြီး အဆုံးမှာသူတို့ဟာ ဖိုင်နယ်ပွဲစဉ်ကိုအနိုင်ယူနိုင်ခဲ့ကြပါတယ်။

#k9mmmedia
#Turkey
#Istanbul
#Liverpool

Related Sports News