ဇူလိုင် 𝟐𝟖 ၊ 𝟏𝟗𝟖𝟏 ဖွား ကာရစ် သည်လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးနည်းပြ တစ်ဦးဖြစ်ပြီး ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ရဲ့ နည်းပြချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူ့မျိုးဆက်ရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့သည့်မန်ချက်စတာယူနိုက်တက်အသင်းတွင် 𝟏𝟐 နှစ်ကြာ ကစားခဲ့ကာအသံတိတ်သူရဲကောင်းတစ်ဦးအဖြစ်နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဖြစ်တဲ့ကာရစ်ဟာ ခံနိုင်ရည်ရှိမှု၊ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းများ၊ 𝐛𝐨𝐱-𝐭𝐨-𝐛𝐨𝐱 ကစားခြင်းနှင့် ပုံမှန်ဘောလုံးအနိုင်ရယူနိုင်တဲ့ ကွင်းလယ်ကစားသမားကဲ့သို့ ကိုင်တွယ်ခြင်းအပေါ် အားမကိုးဘဲ ယင်းအစား၊ သူ့ရဲ့ဉာဏ်ရည်နှင့် တည်ငြိမ်မှုတို့ကိုအားပြုကာ ပွဲတစ်ပွဲအပေါ် ကောင်းကောင်းဖတ်တတ်ပြီး ပြိုင်ဘက်ရဲ့ခြိမ်းခြောက်မှုမှန်သမျှကိုခုခံကာ ကြားဖြတ်ပြုလုပ်ခြင်းဖြင့် အနိုင်ယူနိုင်သူဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးဖြန့်ဝေမှု၊ အမြင်အာရုံ၊ ဖြတ်တင်ဘော၊ ဖြတ်ကျော်မှု အပိုင်းနှင့် ပွဲရဲ့ 𝐭𝐞𝐦𝐩𝐨 ကို အကောင်းဆုံးထိမ်းချုပ်နိုင်တဲ့ အရည်အသွေးတွေလည်း ပိုင်ဆိုင်ထားသူပါ။
𝟐𝟎𝟏𝟓 ခုနှစ်တွင် 𝐓𝐡𝐞 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐩𝐡 သည် " 𝐓𝐡𝐞 𝐭𝐨𝐩 𝟐𝟎 𝐦𝐨𝐬𝐭 𝐮𝐧𝐝𝐞𝐫-𝐫𝐚𝐭𝐞𝐝 𝐟𝐨𝐨𝐭𝐛𝐚𝐥𝐥𝐞𝐫𝐬 𝐨𝐟 𝐚𝐥𝐥 𝐭𝐢𝐦𝐞 “ တွင် နံပါတ်တစ် အဖြစ်ထည့်သွင်းဖော်ပြခဲ့ပြီး သူ့အား "မယုံကြည်နိုင်ဖွယ်ကောင်းသော၊ ဉာဏ်ရည်မြင့်မားပြီး နည်းစနစ်ပိုင်းကောင်းလွန်းသောကွင်းလယ်ကစားသမားဟု ဖော်ပြခဲ့ပါတယ်။
ကာရစ်ဟာ ဝက်စ်ဟမ်းယူနိုက်တက်တွင် သူရဲ့ကစားသမားဘဝကို စတင်ခဲ့ပြီး 𝟏𝟗𝟗𝟕 ခုနှစ်တွင် လူငယ်အသင်းနှင့် 𝐅𝐀 𝐘𝐨𝐮𝐭𝐡 𝐂𝐮𝐩 တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟎-𝟎𝟏 ရာသီ ပထမအသင်းတွင် နေရာမရရှိမီ သူ့ရဲ့ပထမဆုံးရာသီတွင် ဆွင်ဒန်းတောင်း နှင့် ဘာမင်ဂမ်စီတီးသို့ နှစ်ကြိမ်အငှား ထွက်ကစားခဲ့ပါတယ်။ 𝟐𝟎𝟎𝟐-𝟎𝟑 ရာသီတွင် တန်းဆင်းခြင်းကို ကြုံတွေ့ခဲ့ရပြီး နောက်ရာသီတွင် 𝐏𝐅𝐀 𝐅𝐢𝐫𝐬𝐭 𝐃𝐢𝐯𝐢𝐬𝐢𝐨𝐧 𝐓𝐞𝐚𝐦 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 တွင် မဲပေးခြင်းခံခဲ့ရပါတယ်။ သူဟာ ဝက်စ်ဟမ်းယူနိုက်တက် အတွက် ပွဲပေါင်း 𝟏𝟓𝟎 ကျော် ကစားပေးခဲ့ပြီး 𝟐𝟎𝟎𝟒 ခုနှစ်မှာတော့ ပြောင်းရွှေ့ကြေး ပေါင် 𝟑.𝟓 သန်း နဲ့ လန်ဒန် ကလပ် စပါး ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ကလပ်တွင် နှစ်ရာသီကြာ အဓိက အခန်းကဏ္ဍ မှ ပါဝင်ခဲ့ပြီး 𝟐𝟎𝟎𝟔 ခုနှစ်တွင် မန်ချက်စတာယူနိုက်တက်သို့ ပေါင် 𝟏𝟒 သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိ ခဲ့ပါတယ်။
ပွဲဦးထွက်ကတည်းက ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး သူ့ရဲ့ပထမဆုံးရာသီတွင် ပွဲပေါင်း 𝟓𝟎 ကျော်ကစားပေးခဲ့ပါတယ်။ 𝟐𝟎𝟎𝟔-𝟎𝟕 တွင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့သော အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး နောက်ရာသီတွင် သူသည် ပင်နယ်တီအဆုံးအဖြတ်ဖြင့် 𝟔-𝟓 ဂိုးဖြင့်အနိုင်ရရှိခဲ့သော 𝟐𝟎𝟎𝟖 ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုအနိုင်ရခဲ့သော အသင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟐𝟒 ခုနှစ်အထိ၊ သူသည် ပရီးမီးယားလိဂ်ဖလား၊ 𝐅𝐀 ဖလား၊ ချန်ပီယံလိဂ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊ ယူရိုပါလိဂ် နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်တဲ့ အသင်းဖော်ဟောင်း ဝိန်းရွန်းနီနှင့်အတူ အင်္ဂလိပ်ကစားသမားနှစ်ဦးအနက်မှ တစ်ဦးဖြစ်ခဲ့ပါတယ်။
ကာရစ်သည် အင်္ဂလန် ယူ-𝟏𝟖၊ အသက် 𝟐𝟏 နှစ်အောက်၊ 𝐁 နှင့် အကြီးတန်းအဆင့်များတွင် ကိုယ်စားပြုခဲ့ပြီး 𝟐𝟎𝟎𝟏 ခုနှစ်မှာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပါတယ်။ 𝟐𝟎𝟎𝟔 နှင့် 𝟐𝟎𝟏𝟎 ကမ္ဘာ့ဖလားပြိုင်ပွဲကြီးနှစ်ခုတွင်လည်း အင်္ဂလန်အသင်းအတွက်ပါဝင်ကစားပေးခဲ့ပါတယ်။
သူဟာ နယူးကာဆယ်အသင်းရဲ့ ငယ်ဘဝ ပရိသတ်တစ်ဦးဖြစ်ပြီး ကိုးနှစ်သားအရွယ်တွင် မစ်ဒယ်ဘရော့၊ စတုတ်စီးတီး၊ အာဆင်နယ်၊ ခရစ္စတယ်ပဲလေ့စ်နှင့် ချယ်လ်ဆီးအသင်းတို့တွင် ခြေစွမ်းစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ဘမ်းဆိုက် အထက်တန်းကျောင်းနှင့် နောက်ပိုင်းတွင် မြောက်ပိုင်းတိုင်နီဆိုက် ကျောင်းများတွင် ရွေးချယ်ခံရကာ အသက် 𝟏𝟐 နှစ်အရွယ်တွင် ဘောလုံးသည် သူ့အတွက် ပိုမိုလေးနက်လာခဲ့ပါတယ်။ သူကျောင်းတက်နေစဉ်အတွင်း ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့လာချိန်အထိ ကာရစ်သည် အမှန်တကယ်ကို ဗဟိုတိုက်စစ်မှူးအဖြစ် ကစားခဲ့ပြီး ဝက်စ်ဟမ်းမှာသာ ကွင်းလယ်ကစားသမားအဖြစ် မကြာခဏဆိုသလို စတင်ကစားခဲ့တာဖြစ်ပါတယ်။