အားကစားသတင်းများ
ဘောလုံးလောကရဲ့ မှော်ဆရာတစ်ပါး (သို့) ရော်နယ်ဒင်ဟို
November 15, 2024
ရော်နယ်ဒင်ဟို ဟာ 𝟏𝟗𝟗𝟖 ၊ ဂရီမီရို မှာ သူရဲ့ကစားသမားဘဝပွဲဦးထွက်ကို စတင်ကစားခဲ့ပါတယ်။ အသက် 𝟐𝟎 မှာ ပြင်သစ်နိုင်ငံ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ပြီး 𝟐 ရာသီကြာဖြတ်သန်းပြီးနောက် ယူအီးအက်ဖ်အေ အင်တာတိုတိုဖလားကိုရရှိကာ 𝟐𝟎𝟎𝟑 ခုနှစ်မှာဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဒုတိယရာသီမှာ 𝟐𝟎𝟎𝟒-𝟐𝟎𝟎𝟓 ခုနှစ် လာလီဂါချန်ပီယံဆုကိုသိမ်းပိုက်ခဲ့ပြီး ဖီဖာကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရရှိခဲ့ပါတယ်။ 𝟐𝟎𝟎𝟓-𝟎𝟔 ရာသီမှာဘာစီလိုနာနဲ့ သူ့ရဲ့အကောင်းဆုံး ဘောလုံးရာသီတစ်ခု ကိုပိုင်ဆိုင်ခဲ့ပြီး ဆယ့်လေးနှစ်တာဝေးကွာနေတဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်၊ လာလီဂါဖလားနဲ့ ဆုဖလားနှစ်လုံးတို့အပြင် ရွှေဘောလုံးဆု နှင့် ဒုတိယမြောက် ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆု တို့ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီ 𝟐𝟎𝟎𝟓-𝟎𝟔 အယ်လ်ကာစီကို တွင် တစ်ကိုယ်တော် နှစ်ဂိုး သွင်းယူပြီးနောက် ရော်နယ်ဒင်ဟိုဟာ 𝟏𝟗𝟖𝟑 ခုနှစ်တွင် ဒီယေဂိုမာရာဒိုနာပြီးနောက် ဘာနေဗျူးမှာ ရီးရဲမက်ဒရစ်ပရိသတ်များရဲ့ဂုဏ်ပြုမှုကို လက်ခံရရှိသည့် ဒုတိယမြောက်ဘာစီလိုနာ ကစားသမားဖြစ်ခဲ့ပါတယ်။
𝟐𝟎𝟎𝟔-𝟎𝟕 ရာသီတွင် ရီးရဲမက်ဒရစ်နောက် ဒုတိယနေရာရရှိပြီးလာလီဂါပြီးဆုံးကာ 𝟐𝟎𝟎𝟕-𝟎𝟖 ရာသီတွင် ဒဏ်ရာအနာတရဖြစ်ပြီးနောက် ရော်နယ်ဒင်ဟိုဟာ ဘောလုံးအပေါ်အာရုံစိုက်မှုလျော့နည်းသွားပြီး သူရဲ့စွမ်းဆောင်ရည်တွေကျဆင်းသွားကာ ဘာစီလိုနာကနေထွက်ခွာပြီးအေစီမီလန် ဆီပြောင်းခဲ့ပါတယ်။ သူဟာ အေစီမီလန်မှာ 𝟑 နှစ်တာကာလအတွင်း 𝟐𝟎𝟏𝟎-𝟏𝟏 စီးရီးအေဖလားရရှိခဲ့ပြီး ဘရာဇီးသို့ ပြန်လာခဲ့ကာ 𝟐𝟎𝟏𝟏 ခုနှစ်တွင် ဖလာမင်ဂိုအသင်းတွင် ကစားခဲ့ပါတယ်။ ဖလာမင်ဂိုပြီးနောက် အက်သလက်တီကိုမင်နဲရိုး၊ မက္ကစီကိုကလပ် ကွီရီတာအို၊ ပြီးနောက် ဘရာဇီးကလပ်ဖလူမင်းနန့်စ် ဆီပြန်ရောက်ခဲ့ကာ တစ်ရာသီကစားပြီးနောက် ဇန်နဝါရီ 𝟏𝟔 , 𝟐𝟎𝟏𝟖 ခုနှစ်မှာ ကစားသမားဘဝကနေ အပြီးတိုင်အနားယူသွားခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်ကစားသမားဘဝတွင် အသင်းအတွက် 𝟗𝟕 ပွဲကစားကာ 𝟑𝟑 ဂိုး သွင်းယူပြီး ဖီဖာကမ္ဘာ့ဖလား 𝟐 ကြိမ် ကိုယ်စားပြုကစားခဲ့ပါတယ်။ 𝟏𝟗𝟗𝟗 ကိုပါအမေရိကားဖလား ကိုဆွတ်ခူးခဲ့ပြီးတဲ့နောက်သူဟာ 𝟐𝟎𝟎𝟐 ခုနှစ် ဖီဖာကမ္ဘာ့ဖလား ချန်ပီယံအသင်းတွင် အဓိက ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး တိုက်စစ်အတွဲတွင် ရော်နယ်ဒို ၊ ရီဗယ်ဒို တို့ နှင့်အတူနေရာယူကာ ဖီဖာကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးအသင်းလူစာရင်းထဲပါဝင်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟓 ခုနှစ် ဖီဖာ ကွန်ဖက်ဒရေးရှင်း ဖလား ချန်ပီယံ အသင်းကို အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ဖိုင်နယ်ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး 𝟐𝟎𝟎𝟖 ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲတွင်လည်းဘရာဇီးလ်အမျိုးသားဘောလုံးအသင်း ရဲ့ အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူကာ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။
ရော်နယ်ဒင်ဟို ကို ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်ဒီဒူးဆော ရဲ့ ပြည်နယ်မြို့တော် ပေါ်တိုအယ်လ်ဂရီ တွင် မတ်လ 𝟐𝟏 ရက်နေ့ 𝟏𝟗𝟖𝟎 တွင် မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့အမေက အရောင်းစာရေးမဖြစ်ပြီး သူ့အဖေကတော့ သင်္ဘောကျင်းလုပ်သားတစ်ဦးဖြစ်တဲ့အပြင် ဒေသတွင်းဘောလုံးသမားတစ်ဦး လည်းဖြစ်ပါတယ်။ ရော်နယ်ဟိုရဲ့ အစ်ကိုဖြစ်သူ ရောဘတ်တိုသည် ဂရီမီရို နှင့် လက်မှတ်ရေးထိုး ပြီးနောက်တွင် မိသားစုသည် အစ်ကိုဖြစ်သူနဲ့အတူဂရီမီရိုကပေးတဲ့အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သို့သော်လည်း သူ့အကို ရောဘတ်တိုရဲ့ ကစားသမားဘဝဟာ ဒဏ်ရာပြဿနာတွေကြောင့် တိုတောင်းသွားခဲ့ပြီး သူရဲ့ဖခင်ဖြစ်သူကလည်း သူ့အသက်ရှစ်နှစ်အရွယ်မှာ နေအိမ်အသစ်ရှိ ရေကူးကန်တွင် ပြုတ်ကျကာရေနစ်သေဆုံးခဲ့ပါတယ်။
ရော်နယ်ဒင်ဟိုရဲ့ ဘောလုံးစွမ်းရည်တွေဟာ ရှစ်နှစ်သားအရွယ်မှာ စတင်ပွင့်လန်းလာကာ မကြာခဏဆိုသလို လူငယ်အသင်းပွဲများတွင် အသက်အငယ်ဆုံးနှင့် အကောင်အသေးဆုံးကစားသမား အဖြစ်ပါဝင်ကစားခဲ့ပါတယ်။ သူဟာဖူဆယ်နှင့် ကမ်းခြေဘောလုံးကို စိတ်ဝင်စားလာခဲ့ပြီး နောက်ပိုင်းမှာ ကွင်းကြီးကိုကစားခဲ့ပါတယ်။ သူရဲ့ လှုပ်ရှားမှု အများအပြားဟာ အထူးသဖြင့် အထိမ်းအသိမ်းတွေဟာ ဖူဆယ်မှ ဆင်းသက်လာခဲ့တာလည်းဖြစ်ပါတယ်။ သူ့အသက် 𝟏𝟑 နှစ်တွင် 𝟐𝟑-𝟎 ဖြင့် အနိုင်ရရှိသောပွဲတွင် တစ်ဦးထဲ 𝟐𝟑 ဂိုးစလုံးကိုတစ်ဦးထဲသွင်းယူခဲ့တာကြောင့် မီဒီယာတွေပါရောက်ရှိလာတဲ့ထိပါ။ နောက်ပြီး 𝟏𝟗𝟗𝟕 ၊ အီဂျစ် 𝐔-𝟏𝟕 ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပင်နယ်တီကနေနှစ်ဂိုးသွင်းယူကာထွန်းတောက်လာမဲ့ကြယ်တစ်ပွင့် အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
ရော်နယ်ဒင်ဟိုဟာ အချိန်တိုင်းရဲ့ အထူးချွန်ဆုံးနှင့် ဘောလုံးအကျွမ်းကျင်ဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဂိုးသွင်းနိုင်စွမ်း၊ဂိုးဖန်တီးနိုင်မှုတို့ကြောင့်လည်း နာမည်ကြီးခဲ့တဲ့အပြင် သမိုင်းတစ်လျှောက်အကောင်းဆုံးဖရီးကစ်ကန်သွင်းသူများထဲမှ တစ်ဦးအဖြစ် လည်းသတ်မှတ်ခံထားရသူ၊ ဘောလုံးကိုလှပစွာကစားတတ်ခြင်းကြောင့် မှော်ဆရာလို့နာမည်ပြောင် ရရှိထားတဲ့ တစ်ချိန်ကအကောင်းဆုံး ဂန္ထာဝင်ကြီးတစ်ဦးဖြစ်ပါတယ်။
#k9mmmedia
#France
#Ronaldinho
Related Sports News
၃နှစ်ပွဲပယ်ခံခဲ့ရပေမဲ့ အခုချိန်မှာ မြန်မာ့လက်ရွေးစင်အဖြစ်ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ MIU ကစားသမား ခင်ဇော်လင်း
April 6, 2025
Manchester United ရဲ့နောက်ဆုံးရ Injury Update အကြောင်းအရာများ
April 5, 2025
ရာသီကုန်မှာ မန်စီးတီး အသင်းကနေ ထွက်ခွာတော့မယ် ကယ်ဗင် ဒီဘရိုင်း
April 5, 2025
ဆူပါလပ် လိုကစားသမားမျိုးတောင် အမှောက်ထိုးနိုင်ခဲ့တဲ့ One Championship ရဲ့ ကြားဖြတ်ရွှေခါးပတ်ပိုင်ရှင် နာဘီလ်
April 5, 2025
ခက်ခဲတဲ့ဘဝကိုကျော်ဖြတ်ခဲ့ရပြီး အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့သူ ကားလို့စ်တီးဗက်ဇ်
April 5, 2025