ဂရဇ်စမန်းဟာ ပြင်သစ်အသင်းနှင့်အတူ 𝟐𝟎𝟏𝟎 ခုနှစ် ဥရောပ ယူ-𝟏𝟗 ချန်ပီယံရှစ်ကို ဆွတ်ခူးနိုင်ခဲ့ပြီး 𝟐𝟎𝟏𝟒 ခုနှစ်တွင် သူရဲ့စီနီယာပွဲဦးထွက်ကို စတင်ခဲ့ပါတယ်။ သူဟာ ပြင်သစ်အသင်းအတွက် 𝟏𝟑𝟕 ပွဲကစားပေးခဲ့ပြီး 𝟒𝟒 ဂိုးသွင်းယူကာ ပြင်သစ်အသင်းရဲ့တတိယမြောက်ပွဲအများဆုံးကစားသမားနှင့် စတုတ္ထမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။ ယူရို 𝟐𝟎𝟏𝟔 ပြင်သစ်အသင်း ဒုတိယနေရာရရှိခဲ့သည့်နှစ်တွင် ဂရဇ်စမန်းဟာ ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးနဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း ဆုတွေရရှိခဲ့ပါတယ်။ နောက်ပြီးသူဟာ ငွေဖိနပ်၊ ကြေးဘောလုံးတို့ကို ဆွတ်ခူးခဲ့ပြီး 𝟐𝟎𝟏𝟖 ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ဗိုလ်လုပွဲတွင်လည်း အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ 𝟐𝟎𝟐𝟐 ကမ္ဘာ့ဖလားမှာလည်း ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်းနဲ့ ဒုတိယနေရာရရှိခဲ့ပြီး ဗဟိုကွင်းလယ်ကစားသမားအဖြစ် ကစားပေးခဲ့ပြီးနောက် စက်တင်ဘာ 𝟑𝟎 ၊ 𝟐𝟎𝟐𝟒 မှာတော့သူဟာ နိုင်ငံတကာဘောလုံးလောကကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။
ဂရဇ်စမန်းကို မတ်လ 𝟐𝟏 ရက်နေ့ 𝟏𝟗𝟗𝟏 တွင် မာကွန်မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်ဟာ မြို့တော်ကောင်စီဝင်တစ်ဦးဖြစ်ပြီး သူတို့ဟာဂျာမန်သွေးနှောဖြစ်ပါတယ်။ သူရဲ့မိခင် က သန့်ရှင်းရေးအဖွဲ့ကို ကြီးကြပ်သည့် ဆေးရုံဝန်ထမ်းဟောင်း ပေါ်တူဂီနွယ်ဖွားဖြစ်ပြီး သူမ၏ဖခင် ပေါ်တူဂီဘောလုံးသမားပါ။ ငယ်စဉ်က ဂရစ်ဇ်မန်းဟာ သူရဲ့အားလပ်ရက်များကို ပေါ်တူဂီမှာ မကြာခဏကုန်ဆုံးလေ့ရှိပါတယ်။
ဂရဇ်စမန်း သည် မွေးရပ်မြေ ယူအက်ဖ်မာကွန်နိုက်စ် အတွက် သူ့ရဲ့ ကစားသမားဘ၀ကို စတင်ခဲ့ပြီး ထိုနေရာတွင် လိုင်ယွန်အပါအဝင် ပရော်ဖက်ရှင်နယ်ကလပ်များနှင့် စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ လူငယ်အကယ်ဒမီတွင် နေရာတစ်နေရာရရှိရန် ကလပ်အသင်းများက ဂရဇ်စမ်းရဲ့ သေးငယ်သောခန္ဓာကိုယ်ကို မေးခွန်းထုတ်ကာ ငြင်းပယ်ခံခဲ့ရပါတယ်။ 𝟐𝟎𝟎𝟓 ခုနှစ်တွင် မောင့်ပယ်လီယာ နှင့် စမ်းသပ်နေစဉ်၊ ဂရဇ်စမန်း ဟာ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီနှင့် ချစ်ကြည်ရေးပွဲ၌ ပါဝင်ကစားခဲ့ပြီး ကင်းထောက်များ တက်ရောက်ခဲ့သည့် စပိန်ကလပ် ရီးရဲလ်ဆိုစီဒက် ကသဘောကျပြီး ပွဲအပြီးတွင်၊ ကလပ်တာဝန်ရှိသူများက ဂရစ်ဇ်မန်းအား တစ်ပတ်ကြာ စမ်းသပ်စစ်ဆေးရန် ကမ်းလှမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို ကလပ်မှာ ဒုတိယတစ်ပတ်ဆက်နေဖို့ ကမ်းလှမ်းခံခဲ့ရပြီးနောက် ကလပ်အသင်းက သူ့ရဲ့မိဘများကို ဆက်သွယ်ကာ ကစားသမားအား လူငယ်စာချုပ်ဖြင့် တရားဝင်ကမ်းလှမ်းခဲ့ပြီး စပိန်သို့ ရောက်ရှိခဲ့လာခဲ့ပါတယ်။
စပိန်တွင် ကစားခြင်းကြောင့် ဂရစ်ဇ်မန်းကို ပြင်သစ်လူငယ်လက်ရွေးစင် နည်းပြအများအပြားက သတိမပြုမိခဲ့ကြပဲ သူ ရီးရဲလ်ဆိုစီဒက်အသင်းမှာ အောင်မြင်မှုရပြီးနောက် 𝟐𝟎𝟏𝟎 မှာ ယူကရိန်းအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရန် ပြင်သစ် ယူ-𝟏𝟗 အသင်းကရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုနဲ့ ဂရဇ်စ်မန်းဟာ လူငယ်လက်ရွေးစင်အဖြစ် ယူ 𝟏𝟗 , ယူ 𝟐𝟎 , ယူ 𝟐𝟏 အသင်းတွေမှာ ပြောင်းလဲကစားရင်း 𝟐𝟎𝟏𝟒 ခုနှစ် ဖေဖော်ဝါရီလ 𝟐𝟕 ရက်နေ့မှာတော့ နယ်သာလန်အသင်းနှင့် ခြေစမ်းပွဲကစားရန် ပြင်သစ်နည်းပြ ဒီဒီရာဒက်စ် မှ ဂရဇ်စ်မန်းကို ပြင်သစ်စီနီယာအသင်းထံ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မတ်လ 𝟓 ရက်နေ့မှာ စီနီယာ ကစားသမားဘဝကို စတင်ပါဝင်ခဲ့ပြီးနောက် မေလ 𝟏𝟑 ရက်နေ့တွင်သူဟာ 𝟐𝟎𝟏𝟒 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြ ဒီဒီရာဒက်စ် ရဲ့လူစာရင်းမှာပါဝင်ခဲ့ပါတယ် ။ ယူရို 𝟐𝟎𝟏𝟔 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြင်သစ်အတွက် ဂရစ်ဇ်မန်းကို ရွေးချယ်ခဲ့ပြီး ဂရဇ်စ်မန်းဟာ 𝟕 ပွဲကစား၊ 𝟔 ဂိုးသွင်း၊ 𝟐 ဂိုးဖန်တီးကာ ထိုပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနှင့် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုတို့ကိုရယူနိုင်ခဲ့ပါတယ်။ ပြီးနောက် ရုရှားမှာကျင်းပတဲ့ 𝟐𝟎𝟏𝟖 ကမ္ဘာ့ဖလားမှာလည်းပါဝင်ခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရကာ ကြေးဘောလုံးကို ရရှိကာ 𝐋𝐮𝐤𝐚 𝐌𝐨𝐝𝐫𝐢ć နှင့် 𝐄𝐝𝐞𝐧 𝐇𝐚𝐳𝐚𝐫𝐝 တို့နောက် တတိယအကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပြီး နိုင်ငံအတွက် ကမ္ဘာ့ဖလားကိုရယူပေးနိုင်ခဲ့ပါတယ်။ ပြီးနောက် 𝟐𝟎𝟐𝟎-𝟐𝟏 မှာလည်း လက်ရွေးစင်အသင်းနဲ့ နေရှင်းလိဂ်ကို ရရှိခဲ့ပြီး 𝟐𝟎𝟐𝟐 ကမ္ဘာ့ဖလားမှာ ဖိုင်နယ်ထပ်တက်ကာ ဒုတိယဆုရရှိခဲ့ပါတယ်။ ဂရဇ်စ်မန်း ဟာ နိုင်ငံသင်းနှင့်နှစ်စဉ်ပွဲပြိုင်ပွဲတိုင်းပါဝင်ကစားပြီး အောင်မြင်မှုတွေများစွာရယူခဲ့ပြီးနောက် စက်တင်ဘာ 𝟑𝟎 ၊ 𝟐𝟎𝟐𝟒 မှာလက်ရွေးစင်အသင်း ကနေအနားယူကြောင်းကြေညာခဲ့ပါတယ်။
ဂရဇ်စ်မန်းဟာ နိုင်ငံအသင်းတွက် ရွှေရောင်နေ့ရက်တွေကိုသယ်ဆောင်ပေးခဲ့တဲ့ ပြင်သစ်ရဲ့ အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖန်တီးမှု၊ ဘောလုံးအမြင်၊ တိုက်စစ်နဲ့ကွင်းလယ်နေရာစုံကစားနိုင်မှုတွေက ပြင်သစ်အတွက်အစားထိုးရခက်ခဲစေမှာပါ။ သေချာတာကတော့လာမဲ့ပြင်သစ်အသင်းရဲ့ပွဲစဉ်တွေမှာ ပရိတ်သတ်တွေရဲ့ အချစ်တော်ကြီး ဂရဇ်စ်မန်းကို မြင်တွေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး။