ဇူလိုင် 𝟏𝟒 ၊ 𝟏𝟗𝟖𝟖 ဖွား ကော်နာမက်ဂရီဂေါ်သည် အိုင်ယာလန်နိုင်ငံသား 𝐌𝐌𝐀 ကစားသမား တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ စီးပွားရေးသမားဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ယောက် အဖြစ်လည်း ရံဖန်ရံခါလုပ်ဆောင် နေသူဖြစ်ပါတယ်။ သူဟာ 𝐔𝐅𝐂 ရဲ့ ဖယ်သာဝိတ်နှင့် လိုက်ဝိတ် ချန်ပီယံဖြစ်ခဲ့ဖူးပြီး ထိုဝိတ်တန်းနှစ်ခုလုံးတွင် ချန်ပီယံဖြစ်ခဲ့သည့် ပထမဆုံး 𝐔𝐅𝐂 ဖိုက်တာ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ 𝐂𝐖𝐅𝐂 ရဲ့ ဖယ်သာဝိတ်တန်းနှင့် လိုက်ဝိတ်တန်း နှစ်ခုလုံးရဲ့ ချန်ပီယံဟောင်းတစ်ယောက်လည်းဖြစ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 𝟐𝟎𝟎𝟖 တွင် မက်ဂရီဂေါ်သည် လိုက်ဝိတ်နှင့် ဖယ်သာဝိတ် တန်းခွဲများတွင် 𝐌𝐌𝐀 ပွဲစဉ်များကို စတင်ယှဉ်ပြိုင်ခဲ့ပြီး 𝟐𝟎𝟏𝟐 တွင် လစ်လပ်နေသော 𝐂𝐖𝐅𝐂 ရဲ့ ဖယ်သာဝိတ်တန်း နှင့် လိုက်ဝိတ်တန်း ချန်ပီယံခါးပတ်တွေကိုရရှိခဲ့ပါတယ်။ ပြီးနောက်တစ်နှစ်အကြာတွင် 𝐔𝐅𝐂 အဖွဲအစည်းနဲ့ လက်မှတ်ရေးထိုးခဲ့ပြီး 𝟓 ပွဲဆက်တိုက်အနိုင်ရပြီးနောက် သူသည် ကြားဖြတ် ဖယ်သာဝိတ် ချန်ပီယံခါးပတ်ကို စိန်ခေါ်ပြီး 𝐔𝐅𝐂 𝟏𝟖𝟗 တွင် ချက်ဒ်မန်ဒက်စ် ကိုအနိုင်ရရှိခဲ့ပါတယ်။ 𝐔𝐅𝐂 𝟏𝟗𝟒 တွင် 𝟏𝟑 စက္ကန့်အတွင်း ဖယ်သာဝိတ်ချန်ပီယံ ဂျို့အယ်လ်ဒို ကိုအနိုင်ယူပြီးနောက် သူ့ရဲ့ကျော်ကြားမှုမှာ 𝐌𝐌𝐀 လောကကိုသိသိသာသာ လွှမ်းမိုးသွားခဲ့ပါတယ်။
𝐔𝐅𝐂 𝟏𝟗𝟔 တွင် မက်ဂရီဂေါ် သည်နောက်ထပ်ဝိတ်တန်းတစ်ခုဖြစ်သည့် ဝယ်သာဝိတ်တန်း ပွဲဦးထွက်ကို နိတ်ဒိုင်ရက်ဇ် နဲ့ယှဉ်ပြိုင်ခဲ့ပြီး 𝐔𝐅𝐂 တွင်ပထမဆုံးရှုံးပွဲကိုစတင်ခံစားခဲ့ရပါတယ်။ 𝟐𝟎𝟏𝟔 နိုဝင်ဘာ 𝐔𝐅𝐂 𝟐𝟎𝟓 မှာတော့ အက်ဒ်ဒိုင်အဲဗာရက်ဇ် ကိုအနိုင်ယူပြီး 𝐔𝐅𝐂 လိုက်ဝိတ်ချန်ပီယံခါးပတ်ကိုရရှိခဲ့ပါတယ်။ သူသည် 𝟐𝟎𝟏𝟕 တွင် ဘောင်ဆင်ဘက်သို့ပထမဆုံးအကြိမ် ခေတ္တကူးပြောင်းခဲ့ပြီးသမိုင်းဝင်ပွဲတစ်ပွဲ ဖန်တီးခဲ့ကာ ဘောင်ဆင်လောကရဲ့နာမည်ကြီး မေဝယ်သာနှင့် ထိုးသတ်ခဲ့ပြီး 𝟏𝟎 ချီမြောက်တွင် 𝐓𝐊𝐎 ဖြင့်ရှုံနိမ့်ခဲ့ပါတယ်။ ပြီးနောက် 𝟐𝟎𝟏𝟖 မှာ 𝐌𝐌𝐀 လောကသို့ပြန်လာခဲ့ပြီး 𝐔𝐅𝐂 𝟐𝟐𝟗 တွင် လိုက်ဝိတ် ချန်ပီယံခါးပတ်ကိုစိန်ခေါ်ကာ ခါဘစ်နဲ့ယှဉ်ပြိုင်ထိုးသတ်ပြီး ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
မက်ဂရီဂေါ် ဟာ 𝐌𝐌𝐀 သမိုင်းတွင် 𝐔𝐅𝐂 𝐏𝐏𝐕 အရောင်းရဆုံးသူဖြစ်ပြီး 𝐔𝐅𝐂 𝟐𝟐𝟗 တွင် ခါဘစ်နှင့် ယှဉ်ပြိုင်မှုသည် 𝟐.𝟒သန်း 𝐏𝐏𝐕 ဝယ်ယူမှုရရှိခဲ့သည်။ ဒါ့အပြင် 𝟐𝟎𝟏𝟕 က မေဝယ်သာနှင့် ထိုးသတ်ခဲ့သည်ဘောင်ဆင်ပွဲသည်လည်း အမေရိကန်နှင့် ဗြိတိန်တစ်ဝှမ်းတွင် ဝယ်ယူမှုပေါင်း 𝟓.𝟑 သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ကြည့်ရှု့မှုသမိုင်းတွင် ဒုတိယအများဆုံး ဝယ်ယူမှုနှုန်းဖြစ်ခဲ့ပါတယ်။
မက်ဂရီဂေါ်ကို 𝟐𝟎𝟐𝟏 တွင် 𝐅𝐨𝐫𝐛𝐞𝐬 မှ ကမ္ဘာ့လစာအများဆုံး အားကစားသမားအဖြစ် အဆင့်သတ်မှတ် ခံခဲ့ရပြီး ဝင်ငွေဒေါ်လာ သန်း 𝟏𝟖𝟎 ရရှိခဲ့ပါတယ်။ 𝟐𝟎𝟏𝟖 တုန်းကလည်းအစီရင်ခံဝင်ငွေ $𝟗𝟗 သန်းဖြင့် စတုတ္ထအဆင့်တွင် ပါဝင်ခဲ့ပါတယ်။ သူသည် တိုက်ခိုက်ရေးအပြင်ဘက်တွင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့အရက်နှင့်ပတ်သက်သည့်လုပ်ငန်းများအတွက်လည်းလူသိများသူဖြစ်ပါတယ်။
သူရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်လုံးတွင် ကားမောင်းမှုမှ ကျူးလွန်မှု၊ အကျင့်ပျက်ခြစားမှုနှင့် မုဒိမ်းမှုစသည့် အပြုအမူများကြောင့် အငြင်းပွားဖွယ်ရာများလည်းရှိခဲ့တဲ့အပြင် သူသည် 𝟐𝟎𝟐𝟑 ဒူဘလင် အဓိကရုဏ်းများ၊ အိုင်ယာလန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် လူမျိုးရေးဆိုင်ရာ အငြင်းပွားဖွယ်မှတ်ချက်များ ပေးခဲ့သူလည်းဖြစ်ပါတယ်။ 𝟐𝟎𝟐𝟒 ခုနှစ် နိုဝင်ဘာလတွင်၊ အိုင်ယာလန်တရား ရုံးချုပ်သည် 𝟐𝟎𝟏𝟖 ၊ ဒီဇင်ဘာတွင် အမျိုးသမီးတစ်ဦးအား စော်ကား၍ အဓမ္မပြုကျင့်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး နစ်နာကြေး ယူရို 𝟐𝟒𝟖,𝟎𝟎𝟎 ကျော်ပေးဆောင်ရန် အမိန့်ပေးခဲ့သည်။ ရလဒ်အနေဖြင့် မက်ဂရီဂေါ် သည် 𝐈𝐖 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐯𝐞 ပူးပေါင်းလုပ်ဆောင်ခြင်းအပါအဝင် စပွန်ဆာများနှင့် မိတ်ဖက်များစွာကို ဆုံးရှုံးခဲ့ပြီး သူနှင့်ဆက်စပ်နေသော အရက်ထုတ်ကုန်များကို စတိုးဆိုင်များတွင် သိုလှောင်ထားခြင်းမှ ရပ်ဆိုင်းခဲ့ရပါတယ်။
မက်ဂရီဂေါ်ကို အိုင်ယာလန်၊ ဒူဘလင် တွင်မွေးဖွားခဲ့ပြီး သူငယ်စဉ်အခါက လောက်ဒက်စ်ဆဲတစ် ဘောလုံးအသင်းတွင်ဘောလုံးကစားခဲ့ပါတယ်။ အသက် 𝟏𝟐 နှစ်တွင် သူသည် ခရမ်လင်းဘောင်ဆင် ကလပ်တွင် လက်ဝှေ့ထိုးခြင်းကို စတင်ခဲ့ပြီး၊ မိမိကိုယ်မိမိ အနိုင်ကျင့်ခြင်းမှ ကာကွယ်ရန်နှင့် မိမိယုံကြည်မှုမြှင့်တင်ရန် နည်းလမ်းတစ်ခုအနေအဖြစ်စတင်ခဲ့ခြင်းဖြစ်ပါတယ်။
သူဟာရေပိုက်ဆိုင်ရာ အလုပ်သင် သင်တန်းနဲ့စတင်ခဲ့ပြီး လူကန်တွင်ရှိစဉ်က သူသည် 𝐔𝐅𝐂 တိုက်ခိုက်ရေးသမား တွန်အီဂန် နှင့်တွေ့ဆုံခဲ့ပြီးမကြာမီတွင် 𝐌𝐌𝐀 ပညာကို အတူတကွ စတင်လေ့ကျင့်ခဲ့ကြပါတယ်။ သူ့ရဲ့ ကြီးပြင်းလာခဲ့သည့်ဘဝတစ်လျှောက်တွင် သူ့စိတ်ကို လှုံ့ဆော်မှုများထဲတွင် နဆင်းမ်ဟာမက်ဒ်၊ မိုဟာမတ်အလီ နှင့်ဘရွတ်စလီ တို့ကအဓိကဖြစ်ခဲ့ပါတယ်။
မက်ဂရီဂေါ်ပြောပြခဲ့တဲ့ သူအောင်မြင်လာရတဲ့အဓိကအကြောင်းအရင်းကတော့ “ ကျွန်တော့်မိန်းမက ကျွန်တော့်ဘေးမှာအမြဲတမ်းရှိနေပြီးတော့ ကျွန်တော်ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အကြောင်း အမြဲအားပေးနေသူပါ။ ကျွန်တော်အခုလိုအောင်မြင်လာတာ သူ့ကြောင့်ပါ၊ သူဟာကျွန်တော့်ကို ဘယ်တော့မှစိတ်မပျက်ခဲ့တဲ့အပြင် ကျွန်တော့်ကိုဘယ်တော့မှတစ်ယောက်ထဲပစ်မထားပါဘူး“ ဆိုခဲ့ပါတယ်။