ကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အခမ်းနားဆုံးဘောလုံးကွင်းအများအပြားလဲ ရှိသလို ကျွန်တော် တို့ မြန်မာနိုင်ငံမှာလည်း မြန်မာနေရှင်နယ်လိဂ် အသင်းတွေရဲ့ အိမ်ကွင်းလို့ သတ်မှတ်ထားတဲ့ဘောလုံးကွင်းတွေ ၊ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ နိုင်ငံအသင်းရဲ့ အိမ်ကွင်း အဖြစ် သတ်မှတ်ထားတဲ့ ဘောလုံးအားကစားကွင်းတွေ ၊ တိုင်း ဒေသကြီး ၊ ပြည်နယ် အဆင့် ပွဲစဥ်တွေနဲ့ ၁၉ နှစ်အောက်ပွဲစဥ် တွေ ကျင်းပတဲ့ ဘောလုံးအားကစားကွင်း ပေါင်းများစွာရှိပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာ ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေထဲကမှ ၁၀ ကွင်း အကြောင်းပဲဖြစ်ပါတယ်။
မြန်မာ့ လက်ရွေးစင် အသင်းကြီးရဲ့ အိမ်ကွင်းဖြစ်တဲ့ သုဝဏ္ဏ ကွင်း ကတော့ မြန်မာ နေရှင်နယ် လိဂ်ရဲ့ ပွဲစဥ်တွေကို YUSC ကွင်းနဲ့ တစ်လှည့်စီ ကျင်းပနေတာလဲဖြစ်ပါတယ်။ ပရိတ်သတ် ၅သောင်းကျော် ဝင်ဆံ့တဲ့ သုဝဏ္ဏ ကွင်းကြီး က ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ် မှာ တည်ရှိတာ ပဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဘောလုံးအားကစားကွင်းလဲဖြစ်ပါတယ်။ သုဝဏ္ဏကွင်း ကို လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က စတင် တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ တည်ရှိ တဲ့ အောင်ဆန်းကွင်း ကတော့ ပရိတ်သတ် လေးသောင်းကျော်လောက်ဝင်ဆံ့ပြီး မိုးရွာရင် ရေမတင်တဲ့ကွင်း ၁၉၀၀ ကျော်လာလတွေမှာ မြန်မာ့လက်ရွေးစင် အသင်းကြီးရဲ့ အိမ်ကွင်း စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်နှက်နေတဲ့ ကွင်းတစ်ကွင်းလဲဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်ကတည်း က စတင်ဖွင့်လှစ်ခဲ့ပြီး အောင်ဆန်းကွင်း ကို နယ်ချဲ့ ကိုလိုနီ တွေက တည်ဆောက်ခဲ့တာလဲဖြစ်ပါတယ်။
ပရိတ်သတ် သုံးသောင်းကျော် ဝင်ဆံ့ပြီး နိုင်ငံတကာ အဆင့်မှီဘောလုံးကွင်း တစ် ကွင်းဖြစ်တဲ့ ဝဏ္ဏသိဒ္ဓိ ကွင်း ကို မန္တလေးတိုင်းဒေသကြီး နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံ က အိ်ရှင်အဖြစ်ကျင်းပမယ့် ဆီးဂိမ်း အတွက် ရည်ရွယ်ပြီး ဝဏ္ဏသိဒ္ဓိကွင်း ကို ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။
ဇေယျာသီရိ ဘောလုံး အားကစားကွင်း ကြီး ကလဲ ပရိတ်သတ် သုံးသောင်းလောက်ထိ ဝင်ဆန့်ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ တည်ရှိတာပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဆီးဂိမ်း အတွက်ဆောက်လုပ်ခဲ့တဲ့နောက်ထပ်အားကစားကွင်းတစ်ကွင်းလဲဖြစ်ပါတယ်။ ဝဏ္ဏသိဒ္ဓိကွင်း နဲ့ ပုံစံတူတည်ဆောက်ထားတဲ့ ဇေယျာသီရိ အားကစားကွင်း မှာလဲ အခြားသော အားကစားနည်းများ အတွက် အဆင့်မြင့် အားကစား ခန်းမတွေတည်ဆောက်ထားတာလဲဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်မှာ တည်ရှိတဲ့ နောက်ထပ် နိုင်ငံတကာ အဆင့်မှီတဲ့ ဘောလုံး အားကစားကွင်းကြီး ကတော့ မန္တလာသီရိ ဘောလုံး အားကစားကွင်းကြီးပဲဖြစ်ပါတယ်။ World Lethwei Championship ပွဲများ ကို မန္တလာ သီရိ အားကစားကွင်းကြီးထဲမှာ ခနခနကျင်းပလေ့ရှိပြီး ပရိတ်သတ် အရေအတွက် ၃ သောင်းကျော်ဝင်ဆံ့တာပဲဖြစ်ပါတယ်။
နေပြည်တော် ပျဥ်းမနား မှာ တည်ရှိတဲ့ ပေါင်းလောင်းဘောလုံးကွင်း ကြီးကတော့ ပွဲကြည့်ပရိတ်သတ် စုစုပေါင်း ၁သောင်းခွဲကျော်လောက်ဝင်ဆံ့တဲ့ ကွင်းတစ်ကွင်းလဲဖြစ်ပါတယ်။ နေပြည်တော် အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်တဲ့ ပေါင်းလောင်းကွင်း ဟာဆိုရင် နေပြည်တော်ဘောလုံး အသင်း မြန်မာနေရှင်နယ်လိဂ်မှာ ပျောက်သွားတဲ့ အချိန်ကတည်းက ပေါင်းလောင်းကွင်းကို လူသိနည်းလာခဲ့တာပဲဖြစ်ပါတယ်။
နိုင်ငံတကာ ဘောလုံးပွဲစဥ်တွေ ကျင်းပဖို့ အရည်အချင်းပြည့်မှီတဲ့ စလင်းကွင်း ကတော့ ရန်ကုန်တိုင်းဒေသကြီး ကမာရွက်မြို့နယ်မှာ တည်ရှိပြီး ပရိတ်သတ် ၈ထောင်ကျော် ဆန့်တဲ့ ဘောလုံးကွင်းလဲဖြစ်ပါတယ်။ မြန်မာနေရှင်နယ် လိဂ်တူး နှင့် ယူ ၁၉ ပွဲစဥ်များကို ကျင်းပတဲ့ ဘောလုံးကွင်းလဲဖြစ်ပါတယ်။
တောင်ကြီးမြို့ရဲ့ ဂုဏ်ကျက်သရေဆောင်ကွင်းတစ်ကွင်းဖြစ်တဲ့ တောင်ကြီးကွင်း က ပရိတ်သတ် ၇ထောင်ကျော် ဝင်ဆံ့ပြီး ပြည်နယ် ပွဲ ၊ ကျောင်းပွဲ ၊ မြို့နယ်ပွဲ များကို နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ကွင်းတစ်ကွင်းလဲဖြစ်ပါတယ်။ မြန်မာ နေရှင်နယ်လိဂ်ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ ရှမ်းယူနိုက်တက်ရဲ့ အိမ်ကွင်းလဲဖြစ်ပါတယ်။
ဧရာတတီတိုင်းဒေသကြီးထဲမှာ အဆင့်အမြင်ဆုံး ဘောလုံးကွင်းမှာ ပုသိမ်ကွင်းဖြစ်ပါတယ်။ ပုသိမ်ကွင်းက မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီတိုင်းဒေသကြီးရဲ့ အိမ်ကွင်းဖြစ်တဲ့ အပြင် ပရိတ်သတ် အရေအတွက် ၆ ထောင်ကျော်ဝင်ဆံ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ တည်ရှိတဲ့ YUSCကွင်း ကတော့ ပရိတ်သတ် ၁ သောင်းကျော်လောက်ဝင်ဆံ့ပြီး မြန်မာနေရှင်နယ်လိဂ် ပွဲတော်တော်များများ ကို YUSCကွင်း မှာ ကျင်းပလေ့ရှိပြီး ရန်ကုန်ယူနိုက်တက်ရဲ့ အိမ်ကွင်းလဲဖြစ်ပါတယ်။
အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ တိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MandelaNationalStadium
#PaungLaungSportStadium