အားကစားသတင်းများ

ရော်နယ်ဒိုရဲ့ ကစားသမားဘဝ ပထမဆုံး ယူရိုခရီးလမ်း

blog image

January 15, 2025

𝟐𝟎𝟎𝟒 𝐔𝐄𝐅𝐀 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 (𝐄𝐮𝐫𝐨 𝟐𝟎𝟎𝟒) သည် ခရစ္စတီယာနို ရော်နယ်ဒို၏ ကစားသမားဘ၀တွင် အရေးပါသော အခိုက်အတန့်ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် ယူရို ဖလားကို ပေါ်တူဂီ နိုင်ငံမှာကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၄ ယူရို ပြိုင်ပွဲ က အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ရော်နယ်ဒိုရဲ့ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲ လည်းဖြစ်ပါတယ်။ ပေါ်တူဂီ အသင်း က အိမ်ရှင်နိုင်ငံဖြစ်တာကြောင့် ဖိအားတစ်ချိုလည်း ရှိခဲ့ပါတယ်။ ပေါ်တူဂီ အသင်း က အုပ်စု ( 𝐀 ) မှာ ဂရိ ၊ စပိန် ၊ ရုရှား တိုနဲ့ ပါဝင်နေပြီး အဖွင့်ပွဲ ပွဲစဥ်အဖြစ် ဂရိ အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ ရပြီး ၂ - ၁ဂိုးဖြင့်ရှုး နိမ့်ပါတယ်၊ ရော်နယ်ဒို က သူ့ရဲ့ ပထမ ဆုံး နိုင်ငံတကာသွင်းဂိုး ကို လူစားဝင်ကာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။


ယူရို ၂၀၀၄ ပြိုင်ပွဲ ရဲ့ အဖွင့်ပွဲ ရှုးနိမ့်ခဲ့တဲ့ အိမ်ရှင်ပေါ်တူဂီ အသင်း အနေနဲ့ လက်ကျန် စပိန် နဲ့ ရုရှား အသင်းတိုကို သေချာပေါက်နိုင် မှ ရမယ့် အ‌ခြေအနေ ဖြစ်လာခဲ့ပါတယ်။ ရုရှား နဲ့ ပွဲ မှာ ပေါ်တူဂီ အသင်းအနေနဲ့ ပွဲချန် အစောပိုင်းမှာပဲ တစ်ဂိုး ရရှိခဲ့ပြီး အနိုင်သေချာဖိုအတွက် 𝐊𝐈𝐋𝐋 𝐓𝐇𝐄 𝐆𝐀𝐌𝐄 လုပ်ရမှာပဲဖြစ်ပါတယ်။ ပေါ်တူဂီ နည်းပြ က ရော်နယ်ဒိုကို ဖီဂို ရဲ့နေရာမှာ မိနစ် ၈၀ မှာ လူစားဝင်ကစားစေခဲ့တယ်။ ရော်နယ်ဒိုက သူအားသာချက်များဖြစ်တဲ့လိမ်ခေါက်စွမ်းရည်၊အမြန်နှုန်းတိုနဲ့ ပြိုင်ဘက်အသင်းခံစစ် ကိုကောင်းကောင်း ထိုးဖောက်ကာ လူစားဝင်ပြီး ၁၀ မိနစ် အကြာမှာပဲ အသင်းအတွက်ဒုတိယဂိုးဖြစ်လာမယ့်ဘောလုံးကို အကောင်းဆုံးဖန်တီးနိုင် ခဲ့ပါတယ်။ ပေါ်တူဂီ အသင်းက ဒုတိယပွဲ စဥ်ကတော့ ရုရှားအသင်း ကို ၂ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။


ဒီနိုင်ပွဲကြောင့် ပေါ်တူဂီ အသင်းအသက်ရှူ အနည်းငယ် ချောင်ခဲ့ရပါတယ်။ စပိန်ပွဲ နဲ့ပွဲစဥ်ကတော့ ရော်နယ်ဒို က ပွဲထွက်လူစာရင်းမှာ ပါဝင် လာခဲ့ပါတယ်။ စပိန် အသင်းရဲ့ ခံစစ် ကစားပုံ ပျက်စီးစေတဲ့ အထိ ရော်နယ်ဒိုရဲ့ တိုးအား ရုန်းအားတွေက အလုပ်ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီ အသင်းက‌ စပိန်အသင်း ကို ၁ဂိုး ဂိုမရှိ နဲ့ အနိုင်ရရှိ ကာ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ အင်္ဂလန် အသင်းရဲ့ ရွှေ ရောင်ခေတ် လိုသတ်မှတ်ကြပြီး ကစားသမားကောင်းအများအပြား နဲ့ စုဖွဲထားတဲ့ အင်္ဂလန် အသင်းနဲ့ ကွားတားဖိုင်နယ် မှာ တွေ့ဆုံခဲ့ပါတယ်။ ရော်နယ်ဒိုက သူ့ရဲ့ပုံစံ အတိုင်း အင်္ဂလန် အသင်းရဲ့ ခံစစ် ကိုတရဆက် ဖိအားပေးကစားခဲ့ပြီး အသင်းနှစ်သင်း အားပြိုင်မှုက အကြိတ်အနယ် ရှိပြီး ပွဲပြီးဆုံးချိန် မှာ ၁ -၁ နဲ့ သရေကျခဲ့တာကြောင့် အချိန် ပို ကစားခဲ့ရပြီး အချိန်ပိုပြီးဆုံးချိန်မှာလဲ ၂ - ၂ နဲ့ သရေကျခဲ့တာကြောင့် ပင်နယ်တီအထိ ရောက်ရှိခဲ့ပါတယ်။


ပွဲပြီးဆုံးချိန် မှာ ပေါ်တူဂီ အသင်းက ၆ -၅ ဂိုး နဲ့ အနိုင် ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပေါ်တူဂီ အသင်းက ဆီမီးဖိုင်နယ် အဆင့်မှာ နယ်သာလန် အသင်းနဲ့ တွေ့ဆုံတာပဲဖြစ်ပါတယ်။ ရော်နယ်ဒို အသင်းက နယ်သာလန် အသင်နဲ့ပွဲစဥ် မှာလည်း ဂရိ ပွဲတုန်းကအတိုင်း ခေါင်းတိုက်ပြီး ပေါ်တူဂီ အတွက် အဖွင့်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ပွဲပြီးချိန် မှာ ၂ - ၁ ဂိုးနဲ့ အနိုင်ရကာ ပေါ်တူဂီ သမိုင်းတလျောက်ပထမဆုံးကြိမ် ယူရို ဖိုင်နယ် ပွဲ ကိုတက်ခဲ့တာပဲဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဥ် မှာ ရင်ဆိုင်ရမယ့်အသင်းကတော့ အဖွင့်ပွဲစဥ် ပေါ်တူဂီ အသင်းရှုးနိမ့်ခဲ့ရတဲ့ဂရိအသင်းပဲဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းက တော့ ဗိုလ်ဆွဲဖို ရေပန်းစားတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ဂရိ အသင်းက အုပ်စုပွဲစဥ်တွေမှာ ပေါ်တူဂီ အသင်းတစ်သင်းထဲကိုသာအနိုင်ရရှိခဲ့သော်လည်း ရှရုားအသင်းကို ရှုးနိမ့်ခဲ့ပြီး စပိန် အသင်းကို သရေကျခဲ့တာပဲဖြစ်ပါတယ်။ ကံကောင်းလို အုပ်စုတက်ခဲ့ရပြီး ကွာတားဖိုနယ် ပွဲ မှာ လက်ရှိယူရိုချန်ပီယံ ပြင်သစ်၊ ဆီမီးဖိုင်နယ် မှာ ချက် အသင်းတိုကို အနိုင် ယူပြီး ဖိုင်နယ် အထိတက်လာခဲ့တာပဲဖြစ်ပါတယ်။


ဂရိအသင်းက ခံစစ် ဦးစားပေးအသင်းဖြစ်ပြီး အသင်းတိုင်းကို ခံစစ်ပိတ်ပြီး မာမာကျောကျော ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ဖိုင်နယ် အသင်း မှာ ဂရိ အသင်းက ဦးဆောင်ဂိုးကို ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက် သ္ငင်းကာ ၁ဂိုး ဂိုးမရှိဖြစ်ဦးဆောင်ပြီးကတည်းက ခံစစ် ကို ကောင်းကောင်းကြီး ပိတ်ဆိုကစားကာ ပေါ်တူဂီ အသင်းရဲ့ တိုက်စစ် ကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး ယူရိုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက အခွင့်အရေး တစ်ချိုကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ပွဲအပြီး ကွင်းထဲမှာ ငိုကြွေးခဲ့တာပဲဖြစ်ပါတယ်။ ဂရိ အသင်းကဘယ်သူမှ မထင်မှတ်ထားလောက်အောင် ယူရို ဖလားကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရော်နယ်ဒို က အသက်အရွယ် နဲ့မလိုက်အောင် ယူရို ဖလားလိုပွဲစဥ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်လိုပြောရင်းဒီဆောင်းပါးလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#mmmedia
#ronaldo
#euro
#players

Related Sports News