ဘရာဇီး ဘောလုံးလောက ရဲ့ ထာဝရ အကောင်းဆုံး ကစားသမား၊ ဘောလုံး အားကစားကို လူစိတ်ဝင်စားမှူများအောင်လုပ်ပေးနိုင်ခဲ့တဲ့ ကစားသမား၊စစ်ပွဲကိုဘောလုံးအားကစားနဲ့ရပ်တန့်နိုင်ခဲ့သူ၊ဘယ်ကစားသမားမှမရရှိဖူးတဲ့ကမ္ဘာ့ဖလား 3 ကြိမ်တိုင်တိုင်ရရှိထားခဲ့တဲ့ ကစားသမား ကတော့ ပီလီပဲဖြစ်ပါတယ်။ပီလီ တိုခေတ် ဘောလုံး ကစားတဲ့ပုံစံကအခုခေတ်မော်ဒန်လောကဘောလုံးကစားတာနဲ့ကွဲပြားခြားနားပါတယ်။ ပီလီတိုခေတ် က အခုခေတ် မော်ဒန်ဘောလုံးလောက လိုကစားကွက်တွေ ၊ တစ်ဦးချင်းထိုးဖောက်မှုတွေ မရှိသေးတဲ့အချိန် ကတည်း က ဘောလုံး အားကစားကို လူစိတ်ဝင်စားချင်စရာ ကောင်းအောင် မှော်ပညာဆန်ဆန် တစ်ဦးထဲ ထိုးဖောက်မှူတွေ တွေနဲ့ လူအများရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ပီလီ ကို 1940 ခုနှစ် အောက်တိုဘာ 23 ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ပီလီ က Sao Paulo ပြည်နယ် bauru မှာ ဆင်းရဲ စွာမွေးဖွားခဲ့ပြီး လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးတစ်ယောက် အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ပီလီ အဖေ က ဘောလုံးအားကစားကိုအလွန် ကြိုက်နှစ်သက်ကာ သူကိုယ်တိုင်ကလည်း ဘောလုံးကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီးဘောလုံးဆက်ကစားလိုမရလောက်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့်ဘောလုံးကစားတာကို ရပ်တန့်ခဲ့ရပါတယ်။ ပီလီ အဖေက သူ မဖြစ်နိုင်ခဲ့တဲ့ အိမ်မက်တွေကို ပီလီကို အကောင်အထည်ဖော်ပေးချင်ခဲ့တာပါ။ ပီလီ မှာ ပင်ကို ပါရမီ နဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်တိုကခန္ဓာကိုယ်ရဲ့သွေးတွေထဲမှာအပြည့်အဝစီးဆင်းနေပြီးဘောလုံးသမားမဖြစ်နိုင်ဘူးဆိုတဲ့ ထင်မြင်ချက်တွေကို မှားကြောင်း သက်သေပြဖို အမြဲတမ်းကြိုးစားနေတဲ့ သူလဲဖြစ်ပါတယ်။ 1956 ခုနှစ်မှာ ပီလီ က ဆန်းတိုစ် အသင်းမှာပထမ ဆုံးပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပါတယ်။
ဘရာဇီး အသင်းကဥရုဂွေးအသင်းကိုရှံရှုးနိမ့်ပြီးကမ္ဘာ့ဖလားကိုဆုံးရှုးလိုက်ရတာကြောင့်ပီလီအဖေကငိုကြွေးနေခဲ့ပါတယ်။ပီလီက‘’အဖေဘာလိုငိုနေတာလဲကမ္ဘာ့ဖလား သားယူပေးမှာပေါ့ ‘’ လိုကတိပေးခဲ့ပါတယ်။14 နှစ် အကြာ ဆီဒင် ကမ္ဘာ့ဖလား မှာ သမိုင်းတစ်လျောက် အသက်အငယ်ဆုံး ကစားသမားဖြစ်ရုံသာမက အသက်အငယ်ဆုံး ဂိုးသွင်းတဲ့ ကစားသမား ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသက်အငယ်ဆုံး hat-trick သွင်းနိုင်တဲ့ ကစာားသမား ၊ အသက်အငယ်ဆုံး ဂိုးဖန်တီးမှု လုပ်တဲ့ကစားသမား စတဲ့ စံချိန်တွေနဲ့ အတူသူ့အဖေကိုပေးထားတဲ့ကတိအတိုင်း ကမ္ဘာ့ဖလားကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ပီလီ ရဲ့ ခြေစွမ်းတွေကြောင့် ဥရောပ အသင်းကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ် အပါအဝင် အခြား အသင်းတွေက ပီလီ ကိုခေါ်ယူဖိုစိတ်ဝင်စားခဲ့ကြပါတယ်။1958 ခုနှစ်နောက်ပိုင်းမှာပီလီတစ်ယောက်ပိုမိုအောင်မြင်လာခဲ့ပြီးလူတော်တော် များများကလည်းပီလီနဲ့အတူဘောလုံးအားကစားကိုပါတွဲပြီးစိတ်ဝင်စားလာကြတယ်။ ပီလီ နာမည်ပိုကြီးလာတာနဲ့ အမျှ ပီလီ ကိုခေါ် ချင်တဲ့ ဥရောပထိပ်တန်းအသင်းတွေကတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာခဲ့ပေ့မယ် ဘရာဇီး အစိုးရတာက ပီလီကိုဘရာဇီးနိုင်ငံရဲ့ ရတနာ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ပီလီ ရဲ့ ဘောလုံးအားကစား နဲ့ ကမ္ဘာကို လွှမ်းမိုးမှု ကတော့ အင်မတန်ကြီးမားလှပါတယ်။
ပီလီ က စစ်ပွဲကို ပါ ရပ်တန့်စေခဲ့ပါတယ်။ဆန်းတိုစ်အသင်းနဲ့စူပါအီးဂဲလ်အသင်းတိုကစားရမယ့် နိုင်ဂျီးရီးယားမြိုမှာစစ်ပွဲဖြစ်နေခဲ့ပြီးပီလီတိုမြိုထဲကို ရောက်တဲ့အချိန် နိုင်ဂျီရီးယားနဲ့ ဘိုင်ဖရား နှစ်ဖက်စလုံး က ပီလီ ဘောလုံးကစားတာကို ကြည့်ချင်တာကြောင့် 48 နာရီ အပစ်အခက် ရပ်စဲခဲ့ပါတယ်။ ကမ္ဘာ့ ဘောလုံး လောကရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ကလည်း ပီလီပဲဖြစ်ပြီး ဂိုးပေါင်း 1000 ကျော် သွင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘရာဇီး အသင်းနဲ့ အတူ 92 ပွဲ ကစားကာ 77 ဂိုးထိ သွင်းနိုင်ခဲ့ပြီး နှစ်50 ကျော်ဘရာဇီးအသင်းရဲ့ဂိုးသွင်းအများဆုံးစံချိန်ကိုတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပီလီက ဘရာဇီး အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို 3ကြိမ်တိုင်တိုင်ကိုင်မြှောက်နိုင်ခဲ့ပြီးယနေ့အထိပီလီရဲ့စံချိန်ကိုဘယ်ကစားသမားမှမကျော်ဖျက်နိုင်သေးတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ပီလီအကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူး အများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"