မန်ချက်စတာယူနိုက်တက် အသင်း သမိုင်းကြောင်းမှာ ထိတ်လန့်ဝမ်းနည်းဖွယ်ရာ ကြီးမားတဲ့ ဆုံရှုးမှူကြီးတစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒီ ဖြစ်ရပ်ဆိုးကြီးကတော့ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဖြစ်ရပ်ဆိုးကတော့ ဂျာမနီ နိုင်ငံ မြူးနစ်မြို မှာ မန်ချက်စတာယူနိုက်တက် အသင်းသားများနဲ့ နည်းပြအဖွဲဝင်များ စီးလာတဲ့ လေယဥ်ပျက်ကျခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ ဂျာမနီ နိုင်ငံ မြူးနစ်မြိုကနေ အင်္ဂလန်နိုင်ငံကို ပျံသန်းလာမယ့် 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 𝐀𝐢𝐫𝐰𝐚𝐲𝐬 လေကြောင်းလိုင်းရဲ့ 𝐅𝐥𝐢𝐠𝐡𝐭 နံပါတ် ၆၀၉ လေယာဉ်ဟာ စက်ချိုယွင်းမှုကြောင့် ပျက်ကျခဲ့တာဖြစ်ပြီး အဲ့ဒီလေယဥ်ပေါ်မှာ မန်ချက်စတာယူနိုက်တက် အသင်းသားများ နှင့် နည်းပြအဖွဲဝင်များ စုစုပေါင်း ၄၄ ဦးပါဝင်လာတာပဲဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းသားများက မန်ချက်စတာ အကယ်ဒမီ ကနေ တက်လာခဲ့တဲ့ အစုအဖွဲဖြစ်ပြီး အသက်အရွယ်ပိုင်းမှာလည်း အတော်လေးငယ်တဲ့ ကစားသမားများဖြစ်ပြီး အဲ့အစုအဖွဲ က ၁၉၅၆ ၊ ၁၉၅၇ ပြည်တွင်းဖလားကို နှစ်ရာသီဆက် သိမ်းပိုက်ထားနိုင်တာလည်းဖြစ်ပါတယ်။ အခုခေတ် ချန်ပီယံလိဂ် ဖလားကို အဲ့ခေတ်က ဥရောပ ဖလား လို ခေါ်ဝေါ် ကြပြီး မန်ချက်စတာ ယူနိုက်တက် အသင်း က ဆလားဘီးယားနိုင်ငံကလပ် 𝐑𝐞𝐝 𝐒𝐭𝐚𝐫 𝐁𝐞𝐥𝐠𝐫𝐚𝐝𝐞 အသင်းနဲ့ ကွာတားဖိုင်နယ် အဆင့်မှာ ရင်ဆိုင်ခဲ့ရမှာပဲဖြစ်ပါတယ်။ ။မန်ချက်စတာယူနိုက်တက်အသင်းဟာ ဥရောပဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယူဂိုဆလားဗီယားကလပ် ရက်စတားဘဲဂရိတ်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမအကျော့ အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့ အဝေးကွင်းမှာ ၃ ဂိုးစီသရေကျကာ ဥရောပဖလား ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 𝐑𝐞𝐝 𝐒𝐭𝐚𝐫 𝐁𝐞𝐥𝐠𝐫𝐚𝐝𝐞 အသင်းနဲ့ ယှဥ်ပြိုင် ကစားပြီး လားဘီးယားနိုင်ငံ ဘဲဂရိတ်မြိုကနေ အင်္ဂလန်သိုအပြန် ဂျာမဏီနိုင်ငံ မြူးနစ်မြိုမှာ ဆီဖြည့်ဖိုအတွက်ရပ်နားခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်တွင်းပွဲစဉ်ကစားဖိုအတွက် အချိန်မီရောက်ရှိနိုင်ရေး လေယာဉ်စင်းလုံးငှားပြီး အင်္ဂလန်ကိုပြန်လာခဲ့ကြတာပါ။ မန်ချက်စတာယူနိုက် အသင်းသားများနဲ့ နည်းပြအဖွဲ ဝင်များစီးလာတဲ့ လေယဥ်က စက်ချိုယွင်း မှုကြောင့် လေယဥ်ပျက်ကျခဲ့ရတာကြောင့် လိုက်ပါလာတဲ့ ကစားသမားနဲ့ နည်းပြအဖွဲဝင် ၄၄ ယောက်မှ ၂၃ ယောက် အသက်ဆုံးရှုးခဲ့ရပါတယ်။
လေယဥ်ပျက်ပြီး အသက်ဆုံးရှုးသွားရတဲ့လူတွေထဲမှာ မန်ချက်စတာယူနိုက်တက် သမိုင်းရဲ့ အခမ်းနားဆုံး နည်းပြကြီး ဆာမက်ဘတ်စပီ လဲပါ ဝင်သွားခဲ့ပါတယ်။ အဲ့ချိန်ကာလတုန်းက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ဆာမက်ဘတ်စပီ ဘေဘီ ဆိုတဲ့ ယူနိုက်တက်အသင်းရဲ့ ကစားသမားအများစု လည်းပါဝင်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေလဲရှိပြီး ဆာဘော်ဘီ ချာတန် က အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူလည်းဖြစ်ပါတယ်။ အဲ့ဖြစ်ရပ်ဆိုးဖြစ်ပြီးတဲ့ အချိန်မှာ မျက်ချက်စတာ စီးတီး အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ကစားသမားများပေးခဲ့ပြီး ၊ငွေရေးကြေးရေး တွေလည်း ထောက်ပံပေးခဲ့ပါတယ်။ အခြားသော မက်ချက်စတာ အသင်းကို အများကြီးထောက်ပံ့ပေးခဲ့ပါတယ်။ အသင်းတွေကလည်း မန်ချက်စတာယူနိုက်တက်ရဲ့ မြူးနစ်ဖြစ်ရပ်ဆိုးက လွန်ခဲတဲ့ ၆၅ နှစ် ကဖြစ်ခဲ့ပြီးတော့ ဒန်ဂယ် အက်ဝေါ့၊ ဆာမက်ဘတ်စပီ ၊ ဘော်ဘီချာတန် တိုက မြူးနစ်ဖြစ်ရပ်ဆိုး ဘယ်လို ပါဝင်ခဲ့လဲဆိုတာ ပြောပြတာဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဝမ်းနည်းစရာ မြူးနစ် ဖြစ်ရပ်ဆိုးအကြောင်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းဆီ တိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"