အသက်အရွယ် ငယ်ငယ်လေး နဲ့ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိူးမှာ တောင်ပံတစ်နေရာ ကို အပိုင်စားရရှိထားတဲ့ ကစားသမား ၊ အသင်းလိုအပ်ရင်လိုအပ်သလို အသက်အရွယ် နဲ့ မလိုက်အောင် အားကိုးရတဲ့ သူကတော့ အိုင်ဗရီကို့စ် နိုင်ငံ ကိုယ်စားပြုကစားသမား လေး အာမက် ဒီယာလို ပဲဖြစ်ပါတယ်။ အာမက်ကို ၂၀၀၂ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့ တွင် အိုင်ဗရီကို့စ် နိုင်ငံ 𝐀𝐛𝐢𝐝𝐣𝐚𝐧 မှာ မွေးဖွားခဲ့ပါတယ်။ အာမက် ကငယ်စဥ်ကတည်း က အီတလီနိုင်ငံ ကိုပြောင်းရွှေ့လာခဲ့ရပြီး ၂၀၁၄ ခုနှစ် မှာ 𝐁𝐎𝐂𝐀 𝐁𝐀𝐑𝐂𝐎 အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ အာမက် ဒီယာလို ရဲ့ အမြန်နှုန်း၊ လျင်မြန်မှု၊ ဘောလုံးထိန်းသိမ်းနိုင်စွမ်း၊ ဂိုးဖန်တီးမှူ နှင့် တိုက်စစ် လိုက်ပါကစားရာမှာ အလွန်ကောင်းမွန်မှုတွေကြောင့် အခြားသော ကလပ် အသင်းတွေရဲ့ စိတ်ဝင်စားမှု ကို ခံခဲ့ရပါတယ်။
အာမက်က အသက်ငယ်ဆုံး ကစားသမားဖြစ်သော်လည်း ပြိုင်ပွဲ ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။အာမက် ရဲ့ ခြေစွမ်းကို စီးရီးအေ ကလပ် တော်တော်များများ ကစိတ်ဝင်စားလာကြပြီး ၂၀၁၅ခုနှစ်မှာ စီးရီးအေ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အက်တလန်တာ အသင်း က အာမက်ကို ခေါ်ယူခဲ့ပါတယ်။ရောက်ရောက်ချင်း ရာသီဖြစ်တဲ့ ၂၀၁၅ - ၁၆ ရာသီ မှာ အသက် ၁၄ နှစ်အောက် အသင်းမှာ စတင် ကစားရပေမယ့် သိပ်မကြာခင်မှာပဲ အသက် ၁၅ နှစ်အောက် အသင်းကို လျင်မြန်စွာ ပြောင်းရွှေ့ ကစားခဲ့ရပါတယ်။ ၂၀၁၆ - ၁၇ ရာသီ မှာ အသက် ၁၇ နှစ် အောက် အသင်းကိုပြောင်းရွှေ့ခဲ့ရပါတယ်။
အသက် ၁၇ နှစ် အောက် အသင်း ကို ပြေင်းရွှေ့ မကစားခင် အသက် ၁၅ အောက်အသင်းမှာ ၂၇ ပွဲကစားခဲ့ပြီး ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အာမက် က တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက်ပြလာခဲ့တာကြောင့် ၂၀၁၉ ခုနှစ်မှာ အက်တလန်တာ အသင်းကြီးအတွက် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အာမက် က အသက် ငယ်ငယ်ရွယ်ရွယ် နဲ့ မယုံနိုင်လောက်တဲ့ ခြေစွမ်းကိုပြသကာ ဥရောပ အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ ရပါတယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက် က အာမက် ဒီယာလို ကို ခေါ်ယူရန် သဘောတူညီ မှု ရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး 𝟐𝟖 သန်းဖြင့် ၅ နှစ်စာချုပ်ချုပ်ဆို ကာပြောင်းရွှေ့လာခဲ့ပါတယ်။
အာမက် က မန်ချင်စတာယူနိုက်တက် အသင်း ကိုရောက်ရောက်ချင်းရာသီမှာ ပဲ ခြေစွမ်းကောင်းတွေပြသနိုင်ပေမယ့် မန်ချက်စတာ ယူနိုက်ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မားကက် ရက်ဖို့စ် ၊ ဂျေဒန် ဆန်ချို ၊ အန်တိုနီ တို့ရှိနေတာကြောင့် ပွဲတော်တော်များများ ကို အရံ ကစားသမားအဖြစ်သာ ကစားခဲ့ရပါတယ်။အာမက် ၂၀၂၁ -၂၀၂၂ ရာသီ လက်ကျန်အတွက် ၂၀၂၂ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ရိန်းဂျား အသင်းကို ပွဲကစားခွင့်ပိုမိုရစေရန် အငှားသွားရောက်ကစားခဲ့ပါတယ်။၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့ မှာ 𝐄𝐩𝐥 ချန်ပီယံရှစ် အသင်းတစ်သင်းဖြစ်တဲ့ ဆန်းဒါးလန်း အသင်းကိုတစ်ရာသီ အငှားဖြင့်ပြောင်းရွှေ့သွားခဲ့ပြီး ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ 𝐄𝐅𝐋 𝐘𝐨𝐮𝐧𝐠 𝐏𝐥𝐚𝐲𝐞𝐫 𝐎𝐟 𝐓𝐡𝐞 𝐌𝐨𝐧𝐭𝐡 ဆုကိုလဲရရှိခဲ့ပါတယ်။ ၂၀၂၃ - ၂၄ ရာသီ မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံ ကစားသမားတွေရဲ့ ခြေစွမ်းကျဆင်းလာခြင်းကြောင့် အာမက် က ပွဲကစားခွင့်တွေကို ပိုမိုရရှိလာခဲ့ပါတယ်။
အာမက်က အခွင့်အရေးကို အကောင်းဆုံး အသုံးချကာ အကောင်းဆုံးခြေစွမ်းတွေနဲ့ မန်ယူပရိတ်သတ်တွေရဲ့ ရင်ထဲမှာ အခိုင်အမာနေရာရရှိလာခဲ့ပါတယ်။ အာမက် ဒီယာလို ရဲ့ ခြေစွမ်းတွေက မန်ချက်စတာယူနိုက်တက်အသင်းကို အများကြီး အကျိုးပြုခဲ့ပြီး မန်ချက်စတာယူနိက်တက်လိုအသင်းမျိုးရဲ့ တောင်ပံတစ်နေရာ မှာ အခိုင်အမာ နေရာရရှိလာခဲ့ပါတယ်။ အာမက် က အသက်အရွယ် ငယ်သေးတာကြောင့် မန်ယူ အသင်းမှာ ဘယ်လောက်ထိ ထွန်းတောက်နိုင်လာအုံးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှု ပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"