အားကစားသတင်းများ
ကျိန်စာတွေပျက်နိုင်မလား
March 16, 2025
ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေအကြောင်းပြောရင်တော့ ကျွန်တော်တို့က ဟာရီကိန်းကို တော့ ဖယ်ထားလို့မရပါဘူး။ ဟာရီကိန်းရဲ့ အဆုံးသတ်စွမ်းရည် ၊ ဘယ်ခြေနဲ့ရော ညာခြေနဲ့ပါ ဂိုးသွင်းနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အဆုံးသတ်ပိုင်းမှာ အင်မတန် သေချာပြီး သူက ဂိုးသွင်းမုဆိုး တစ်ယောက်ဖြစ်တယ်ဆိုတာတော့ သူ့ရဲ့ ရွှေဖိနပ်ဆုတွေ သွင်းဂိုးအရေအတွက်တွေနဲ့ ဆက်တိုက်ဆိုသလို သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟာရီကိန်း က တစ်ဦးတစ်ယောက်ချင်းဆုတွေ ၊ သွင်းဂိုးစံချိန်တွေ ၊ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုတွေကို ပါ အကြိမ်ကြိမ် သိမ်းပိုက်ထားနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် ကစားသမား ဘဝ ဆုဖလားအောင်မြင်မှု မရရှိသေးတဲ့ ကျိန်စာဆိုးကြီးကြောင့် သူ့ရဲ့ ကစားသမားဘဝက ထင်သလောက်တော့ မတောက်ပနိုင်ခဲ့ပါဘူး ။
အကောင်းဆုံးပါဆိုတဲ့ တိုက်စစ်မှူးတွေနဲ့ သွင်းဂိုးအရရော ၊ တစ်ဦးတစ်ယောက်ချင်းဆုတွေအရပါ ယှဥ်နိုင်တဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် အခြား ကစားသမားတွေ ဆုဖလားတွေသိမ်းပိုက်နိုင်ချိန်မှာ ဟာရီကိန်းကတော့ ဆက်တိုက်ဆိုသလို ဖလားလက်မဲ့ ရာသီတွေကို ဖြတ်ကျော်နေရပြီပဲဖြစ်ပါတယ်။ ကိန်းက အင်္ဂလန်မြေ ပရီးမီးယားလိဂ်မှာ စပါး အသင်းနဲ့ အတူ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့ပေမယ့် ဘာဆုဖလားအောင်မြင်မှုမှ မရရှိခဲ့တာပဲဖြစ်ပါတယ်။ ဟာရီကိန်း က စပါးအသင်း ကနေ ဘာယန်မြူးနစ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ပရိတ်သတ်တော်တော်များများက ဆုဖလားအောင်မြင်မှုတွေ ရရှိတော့မယ့်လို့ ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပရိတ်သတ်တော်တော်များများ ထင်ထားသလို ဖြစ်မလာပဲ ဂျာမန်ဘွန်ဒက်လီဂါဖလားကို နှစ်တိုင်းနီးပါးသိမ်းပိုက်နိုင်ခဲ့တဲ့ ဘာယန်မြူးနစ်အသင်း က ဟာရီကိန်းရောက်ရှိလာတဲ့ ဘောလုံးရာသီမှာတော့ ဘွန်ဒက်လီဂါဖလားကို လက်လွှတ်ခဲ့ရပြီး ဘာယန်လီဘာကူဆန် အသင်း က ဘယ်သူမှ မထင်မှတ်ထားလောက်အောင် တစ်ရာသီလုံးရှုံးပွဲမရှိပဲ ဘွန်ဒက်လီဂါဖလားကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဟာရီကိန်းက အဲ့ရာသီ ဘာယန်မြူးနစ် အသင်းအတွက် သွင်းဂိုးတွေအများအပြားသွင်းနိုင်ခဲ့ပြီး ဂျာမန်ဘွန်ဒက်လီဂါ ရွှေဖိနပ်ဆု အပြင် ဥရောပ ရွှေဖိနပ်ဆုတွေကိုပါရရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာက ပြေပျက်မသွားခဲ့ပါဘူး။ ကိန်းက နိုင်ငံ အသင်းဖြစ်တဲ့ အင်္ဂလန် အသင်းနဲ့လည်း အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပြီး အင်္ဂလန် အသင်းကလည်း လူငယ်ကစားသမားတွေနဲ့ အလားအလာအများကြီးရှိတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့်ဆုဖလားအောင်မြင်မှုတော့မရရှိသေးတာပဲဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ခဲ့တဲ့ ယူရို ပြိုင်ပွဲတုန်းကလည်း အင်္ဂလန် အသင်းနဲ့အတူ ကိန်းက ဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး စပိန်အသင်းကို ရှုံးနိမ့်ကာ ယူရိုဖလားကြီးကို လွဲချော်ခဲ့ပြီး ကိန်းတစ်ယောက် ရွှေဖိနပ်ဆု တစ်ခုနဲ့ သာကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။ဒါပေမယ့် ဒီရာသီ ဘွန်ဒက်လီဂါ မှာတော့ ဘိုင်ယန်မြူးနစ် အသင်းက ၂၄ ပွဲကစားပြီးချိန်မှာတော့ ရမှတ် ၆၁ မှတ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီး လီဘာကူဆန် အသင်းကို ၈ မှတ်အထိ ဖြတ်ထားနိုင်တာပဲဖြစ်ပါတယ်။
ပရိတ်သတ် တော်တော်များများကတော့ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ကိန်းတစ်ယောက် ဆုဖလားကိုင်မြှောက်ပြီး ကျိန်စာတွေပြေပျက်သွားမယ့်အချိန်ကိုစောင့်နေကြတာပဲဖြစ်ပါတယ်။ ဒီရာသီ ဘာယန်မြူးနစ် အသင်းက ဘွန်ဒက်လီဂါဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဟာရီကိန်းရဲ့ ကျိန်စာတွေ ပျက်သွားမလား။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#HarryKane
#Striker
#bayernmunchen
Related Sports News
ကစားသမား ဘဝ အနီကဒ်တစ်ခါမှ မထိဖူးတဲ့ ကစားသမား ၅ ယောက်
March 17, 2025
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နည်းပြများ
March 17, 2025
Europa League မှာ United တို့ Semi-Final ကိုတက်နိုင်ပါ့မလား?
March 15, 2025
Leicester City Vs Manchester United ( ပွဲကြိုသုံးသပ်ချက် )
March 15, 2025
ဘောလုံးလောကရဲ့ ဖလားအစုံကို သိမ်းပိုက်ဖူးသူ (သို့) Special one မော်ရင်ဟို
March 15, 2025