လွန်ခဲ့သော နှစ်ပေါင်းများစွာ က ဂိုးသမားများရဲ့ တာဝန် က ဂိုးပေါက်ကို ကာကွယ်ရန်သာဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း ဂိုးသမားတွေရဲ့တာဝန်များက တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခဲ့တယ်။ခေတ် တွေပြောင်းလဲ လာတာနဲ့ အမျှ ဘောလုံး နည်းစနစ်တွေ ကလည်း အများကြီး ပြောင်းလဲ လာခဲ့တယ်။ယခုခေတ်ပိုင်းတွင် ဂိုးသမား များက အသင်းရဲ့ နည်းဗျူဟာ အရ ကစားကွက်မှာ ကြီးကြီးမားမား ပါဝင်ကစားလာရတယ်။ ဘောလုံး နည်းစနစ် များက ခေတ် နဲ့ အညီ အမြဲတမ်း ဆင့်ကဲ ဆင့်ကဲ ပြောင်းလဲလာတာ ဖြစ်ပြီး ဂိုးသမား တစ်ယောက်ရဲ့ နည်းစနစ်တွေ လည်းအပါ အဝင် ဖြစ်ပါတယ်။ရှေးခေတ် ဘောလုံး လောက မှာ ကိုယ့် အသင်းရဲ့ ကစားသမား က ပြန်ပေးတဲ့ ဘောလုံးကို လက်နဲ့ ပြန်ဖမ်းခွင့် ရှိပြီး ယခုအချိန်မှာ လက်နဲ့ ပြန်ဖမ်းလို့မရတော့တဲ့ ဟစ်ကူလာ 𝐫𝐮𝐥𝐞 ကို သတ်မှတ်ခဲ့ ကြတယ်။ ဟစ်ကူလာ 𝐫𝐮𝐥𝐞 ဆိုတာက ရှေးခေတ် ဘောလုံး လောက မှာ ကိုယ့် အသင်းရဲ့ နောက်ခံကစားသမား က ပြန်ပေးတဲ့ ဘောလုံးကို လက်နဲ့ ပြန်ဖမ်းခွင့်ရှိတဲ့ အချိန် ကတည်း က မဖမ်းတဲ့ ထူးထူးခြားခြား 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐤𝐞𝐞𝐩𝐞𝐫 တစ်ယောက်လည်း ရှိခဲ့ပါတယ်။ အဲ့ဒီ ကစားသမား ကတော့ ကိုလံဘီယာ ဂိုးသမား ဟစ်ကူလာ ပဲ ဖြစ်ပါတယ်။ ဟစ်ကူလာဆိုတာက ဆံပင် ရှည်ရှည် ၊ အင်္ဂလန် အစားသမား ဂျေမီ ရက်နက် ရဲ့ အဝေးကန်ချက် ကို စကောပီယံ ကစ် နဲ့ ဖမ်းတဲ့ ဂိုးသမားပဲဖြစ်ပါတယ်။ ဟစ်ကူလာကို အစွဲ ပြုပြီး ဟစ်ကူလာ 𝐫𝐮𝐥𝐞 လို့သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ူ ၁၉၉၃ ခုနှစ် မှာ ကိုယ့်အသင်း ကစားသမားပေးတဲ့ ဘောလုံးကို လက်နဲ့ ဖမ်းလို့ မရတဲ့ ဟစ်ကူလာ 𝐫𝐮𝐥𝐞 ကို စတင် အသုံးပြုခဲ့ကြပါတယ်။အခုလက်ရှိ ဘောလုံးနည်းစနစ် တွေ ဆင့်ကဲ ဆင့်ကဲ ပြောင်းလာပြီး အသင်းတိုင်းက ဘောလုံး ပိုင်ဆိုင်မှု နဲ့ ဘောလုံး မဆုံးရှုံးရေးကို ဦးစားပေးလာတာကြောင့် ဂိုးသမားတစ်ယောက် က ဂိုးဖမ်းတက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ဂိုးသမားတစ်ယောက် က နည်းစနစ်ပိုင်းကြေညပ်မှု ၊ပါးနပ်မှု၊ လျင်မြန်ဖျက်လတ်မှု ၊ အသင်းနဲ့ အတူတူစီးမျောပါဝင်ကစားနိုင်ပြီး ၊ အသင်းက ဘောလုံး မဆုံးရှုံး ချင်တာကြောင့် ဘောလုံးပြန်ပေးတဲ့ အခါတွင် လည်း အသင်းနဲ့ အတူတူ 𝐁𝐮𝐢𝐥𝐝 𝐮𝐩 𝐩𝐥𝐚𝐲 ကိုကောင်းကောင်းကစားနိုင်ရမယ်။
အခုနောက်ပိုင်းမှာ အသင်းတိုင်းကလည်း အဲ့လို ကစားနိုင်တဲ့ ဂိုးသမား များကိုသာ လိုချင်လာကြတယ်။𝐁𝐚𝐥𝐥 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐤𝐞𝐞𝐩𝐞𝐫 အမျိုးအစား က ပရီးမီးယားလိဂ် ကို ရောက်ရှိလာတာက မန်စီးတီး နည်းပြ ဂွာဒီယိုလာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဂွာဒီယိုလာ က 𝐄𝐝𝐞𝐫𝐬𝐨𝐧 ကို ခေါ်ယူခဲ့ပြီး အသင်းရဲ့ 𝐛𝐮𝐢𝐥𝐝 𝐮𝐩 𝐩𝐥𝐚𝐲 တွေကို ကောင်းကောင်းပုံဖော်ကစားပြီး ဆုဖလားများစွာကိုသိမ်းပိုက်နိုင်ခဲ့တယ်။ယခုခေတ် အသင်းတိုင်းနီးပါးက 𝐎𝐧 𝐓𝐡𝐞 𝐁𝐚𝐥𝐥 တွေမှာ ၁၀ယောက်ကစားတာထက် ၁၁ယောက် ကစားတာကို ပိုမို လိုလား လာကြတယ်။ အဲ့တာကြောင့် ယခု ခေတ် နောက်ပိုင်းမှာ 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐤𝐞𝐞𝐩𝐞𝐫 တွေထက် 𝐊𝐞𝐞𝐩𝐞𝐫 𝐒𝐰𝐞𝐞𝐩𝐞𝐫 တွေက ပိုနေရာ ရလာတာဖြစ်တယ်။ မော်ဒန် ဘောလုံးလောက မှာ အသင်းတိုင်းနီးပါးက 𝐛𝐮𝐢𝐥𝐝 𝐮𝐩 𝐩𝐥𝐚𝐲 ကစားလာကြတယ် ။ နည်းစနစ် တွေ တိုးတက်ကောင်းမွန် လာတာနဲ့ အမျှ ကစားသမားတစ်ယောက်ရဲ့ 𝐝𝐮𝐭𝐲 𝐟𝐚𝐧𝐜𝐭𝐢𝐨𝐧 တွေ ကလည်း ပိုမို များပြားလာခဲ့တယ်။မော်ဒန် ဘောလုံးလောကမှာ ဂိုးသမား အမျိုးအစားကို ( ၃ )မျိုးထိ ရှိပါတယ်။
𝐒𝐡𝐨𝐭 - 𝐬𝐭𝐨𝐩𝐩𝐢𝐧𝐠 𝐆𝐨𝐚𝐥𝐤𝐞𝐞𝐩𝐞𝐫
𝐁𝐚𝐥𝐥 𝐏𝐥𝐚𝐲𝐢𝐧𝐠 𝐆𝐨𝐚𝐥𝐤𝐞𝐞𝐩𝐞𝐫
𝐒𝐰𝐞𝐞𝐩𝐞𝐫 𝐤𝐞𝐞𝐩𝐞𝐫 ဆိုပြီး ခွဲခြားထာပါတယ်။
ဒေးဗစ်ဒီဟဲယား ၊ ဟူကိုလိုရစ် တို့လို ကစားတဲ့ ဂိုးသမားများ ကတော့ 𝐒𝐡𝐨𝐭 - 𝐬𝐭𝐨𝐩𝐩𝐢𝐧𝐠 𝐠𝐨𝐚𝐥𝐤𝐞𝐞𝐩𝐞𝐫 အမျိုးအစားဖြစ်ပြီး ဒက်ဒါဆန် ၊ အိုနာနာ တို့လို ကစားသမားများကတော့ 𝐛𝐚𝐥𝐥 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐠𝐨𝐚𝐥𝐤𝐞𝐞𝐩𝐞𝐫 အမျိုးအစားထဲပါဝင်တာပဲဖြစ်ပါတယ်။ 𝐒𝐰𝐞𝐞𝐩𝐞𝐫 𝐊𝐞𝐞𝐩𝐞𝐫 အမျိုးအစား ထဲမှာတော့ အလီဆန် ၊ နူအာ တို့လိုကစားသမား တွေပါဝင်တာပဲဖြစ်တယ်။ ဂိုးသမားတိုင်းက အမျိုးအစား ( ၃ )မျိုးလုံး ကောင်းမွန်နေတာမျိုးတော့ မရှိပါဘူး။ ဟူကိုလူရစ် ဆို 𝐬𝐡𝐨𝐭- 𝐬𝐭𝐨𝐩𝐩𝐢𝐧𝐠 ကစားတဲ့နေရာမှာတင်မဟုတ်ပဲ 𝐁𝐚𝐥𝐥 𝐩𝐥𝐚𝐲𝐢𝐧𝐠 အပိုင်းမှာ ပါ အသင်းအတွက် အဆင်ပြေ အောင်ကစားနိုင်တဲ့ ဂိုးသမားဖြစ်တယ်။ အက်ဒါဆန် ဆိုလည်း 𝐬𝐰𝐞𝐞𝐩𝐞𝐫 𝐤𝐞𝐞𝐩𝐞𝐫 အနေနဲ့ ရော 𝐛𝐚𝐥𝐥 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐤𝐞𝐞𝐩𝐞𝐫 အနေနဲ့ပါကောင်းကောင်းကစားနိူင်တဲ့ ကစားသမား လည်းဖြစ်ပါတယ်။
မော်ဒန်ဘောလုံးလောကမှာ ဂိုးသမားတစ်ယောက်က ဂိုးပေါက်ကာကွယ် နေရုံနဲ့ မရတော့ပဲ 𝐛𝐮𝐢𝐥𝐝 𝐮𝐩 𝐩𝐥𝐚𝐲 ကစားရာတွင်လည်း ၁၁ ယောက်မြောက် 𝐎𝐮𝐭𝐟𝐢𝐞𝐥𝐝 𝐏𝐥𝐚𝐲𝐞𝐫 အဖြစ် ပါဝင်ကစားပေးရတယ်။ ကိုယ့်အသင်းက 𝐇𝐢𝐠𝐡 𝐥𝐢𝐧𝐞 𝐝𝐞𝐟𝐞𝐧𝐜𝐞 ကစားတဲ့ အခါတွင်လည်း 𝐇𝐢𝐠𝐡 𝐥𝐢𝐧𝐞 𝐝𝐞𝐟𝐞𝐧𝐬𝐢𝐯𝐞 နဲ့ 𝐤𝐞𝐞𝐩𝐞𝐫 နေရာကြားက 𝐬𝐩𝐚𝐜𝐞 ကိုလည်း တာဝန် ယူ ဖျက်ထုပ် ပေးရတယ်။ ခေတ်ကာလ တွေပြောင်းလဲ လာတာနဲ့ အမျှ ဘောလုံးနည်းစနစ်တွေကလဲ အမျိုးမျိူး တိုးတက်ပြောင်းလဲ လာခဲ့တယ် ။ 𝐬𝐰𝐞𝐞𝐩𝐞𝐫 𝐤𝐞𝐞𝐩𝐞𝐫 အဖြစ် ၁၉၅၀ ခုနှစ် မှာ ဟန်ဂေရီ အသင်းရဲ့ ဂိုးသမား 𝐆𝐲𝐮𝐥𝐚 𝐆𝐫𝐨𝐬𝐢𝐜𝐬 က ပထမ ဆုံး ကစားခဲ့ တာပဲဖြစ်တယ်။ တိုက်စစ် ကစား ရာတွင်လည်း ဂိုးသမားတွေ က ယခင်ကထက်သိသိသာသာ ကြီးကို အ ရေးပါလာခဲ့တယ်။ တန်ပြန်တိုက်စစ် ကစားရာတွင် 𝐛𝐚𝐥𝐥 𝐩𝐥𝐚𝐲𝐢𝐧𝐠 𝐤𝐞𝐞𝐩𝐞𝐫 တို့က အင်မတန် အသုံးဝင်တာပဲဖြစ်တယ်။
ဟုတ်ကဲ့ပါ ကျွန်တော်အခုတင်ဆက်ပေးတာကတော့ ခေတ်နဲ့ အညီ နည်းစနစ်တွေပြောင်းလဲလာတာနဲ့ အမျှ လိုက်လံပြောင်းလဲလာတဲ့ ဂိုးသမားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ဆီ တိုင်းကို ကျေးဇူးအများကြီးတင် ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"