အားကစားသတင်းများ

ချဲလ်ဆီးအသင်းရဲ့ မင်းသားတစ်ပါးဖြစ်လာတဲ့ ကိုးပါးမား

blog image

January 18, 2025

ချယ်ဆီး အသင်း က ၂၀၂၃ - ၂၀၂၄ ခုနှစ်မှာ အသင်းရဲ့ အဓိက လိုအပ်နေတဲ့ 𝐰𝐢𝐧𝐠𝐞𝐫, 𝐀𝐌, 𝐟𝐚𝐥𝐬𝐞 𝐧𝐢𝐧𝐞 နေရာ တွေမှာ ကစားတက်တဲ့ ကစားသမား လိုအပ်နေတာကြောင့် 𝐝𝐞𝐚𝐝 𝐥𝐢𝐧𝐞 𝐝𝐚𝐲 မှာ ဘယ်သူမှ မထင်ထားတဲ့ မန်းစီးတီး အသင်းရဲ့ လူငယ် ကစားသမား တစ်ဦးဖြစ်တဲ့ ကိုးပါးမား ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဖြင့် ခေါ်ယူခဲ့ပါတယ်။ ချယ်ဆီးပရိတ်သတ် တော်တော်များများ က အဓိက 𝐚𝐭𝐭𝐚𝐜𝐤𝐢𝐧𝐠 လုပ်ရမယ့် နေရာမှာ ကစားမယ့် ကစားသမားကို အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ကစားသမားကို ခေါ်ယူခဲ့တာကြောင့် ပရိတ်သတ်တော်တော်များများ ကဝေဖန်ခဲ့ကြပါတယ်။


ကိုးပါးမား က အချိန် တိုလေးအတွင်းမှာ ပဲ ဝေဖန်ခဲ့တဲ့ပရိတ်သတ်တွေကိုမှားကြောင်း သက်သေ ပြနိုင်ခဲ့ပြီး ချယ်ဆီးအသင်းရဲ့ မင်းသားတစ်ပါးဖြစ်လာခဲ့ပါတယ်။ ကိုးပါးမား ကို ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ မန်စီးတီး အသင်းရဲ့ အကယ်ဒမီ ထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ မန်စီးတီး အသင်းကြီးရဲ့ ပွဲအချို့မှာ ပါဝင်ကစားလာခဲ့ရပါတယ်။ ၂၀၂၂ - ၂၀၂၃ ရာသီမှာ ကိုးပါးမား က မန်စီးတီး အသင်းအတွက် ပွဲတော်တော်များများကို အရံကစားသမားတစ်ယောက်အဖြစ် ပါဝင်ကစားလာခဲ့ရပါတယ်။ ကိုးပါးမား က ခြေစွမ်းကောင်းတွေကို ဝင်ရောက် ကစားရတိုင်းပြသခဲ့သော်လည်း မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ဖိုဒန် ၊ ဘာနဒို ဆေးဗား တို့ကိုကျော်လွန်ပြီး ပွဲထွက် ကစားသမား တစ်ယောက်အနေနဲ့တော့ မရွေးချယ်ခဲပ့ါဘူး။


၂၀၂၃ - ၂၀၂၄ ရာသီ မှာ ကိုးပါးမား က ပွဲထွက်ကစားခွင့် ပိုမို ရရှိစေရန် အတွက် ချယ်ဆီး အသင်း ကိုပြောင်းရွှေ့ခဲ့ပါတယ်။ ကိုးပါးမား က မန်စီးတီး အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ဖလား တစ်ကြိမ်၊ 𝐅𝐀ဖလားတစ်ကြိမ်၊ ချန်ပီယံလိဂ် ဖလားတစ်ကြိမ် နှင့် 𝐔𝐄𝐅𝐀 𝐒𝐔𝐏𝐄𝐑 𝐂𝐔𝐏 တစ်ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကိုးပါးမား က ချယ်တီး အသင်း ကိုရောက်ရောက်ချင်းရာသီမှာပဲ ယုံနိုင်စရာ မကောင်းလောက်တဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး ချယ်ဆီး အသင်း ကို အကောင်းဆုံး အကျိုးပြုခဲ့ပါတယ်။ ကိုးပါးမား က ချယ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်း ရဲ့ အသက်သွေးကြော ဖြစ်ပြီး ချယ်ဆီး အသင်းကိုရောက်ရောက်ချင်းရာသီ မှာ ပဲ 𝟐𝟕 ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ 𝟏𝟓 ကြိမ် ထိ ဂိုးဖန်တီး မှု ပြုလုပ်နိုင်ခဲ့ပြီး အသင်းအတွက် မရှိမဖြစ် ကစားသမား လည်းဖြစ်ပါတယ်။ ကိုးပါးမား မပါ တဲ့ ချဲယ်ဆီး အသင်း ရဲ့ တိုက်စစ် က ဆားမပါတဲ့ ဟင်းလိုပဲ ဘာလိုလို့ လိုမှန်းမသိဖြစ်ရပါတယ်။ကိုးပါးမား က အသက်အရွယ် နဲ့ မလိုက်အောင် တည်ငြိမ် လွန်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီး နည်းပြ ပိုချက်တီနို လက်ထပ်မှာ လည်း နည်းပြစိတ်ကြိုက် ကစားသမား တစ်ယောက် ဖြစ်ရုံသာမက နည်းပြ အသစ် အန်ဇိုမာရက်စကာ လက်ထပ်မှာ လည်း ချဲယ်ဆီး အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ယောက် ဖြစ်တယ်ဆိုတာ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေနဲ့ သက်သေ အကြိမ်ကြိမ် ပြပြီးပြီးပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ချယ်ဆီး အသင်းရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ ကိုးပါးမာ အကြောင်းပဲဖြစ်ပါတယ်။


ကိုပါမား က အလားအလာ အများကြီး ရှိတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး ချယ်ဆီး အသင်းနဲ့ ရော အနာဂတ် မှာ ဘယ်ဆုဖလားတွေကို သိမ်းပိုက်နိုင်ပြီး တစ်ဦးတစ်ယောက်ချင်း ဆုတံဆိပ်တွေရော ဘယ်လောက်ထိ ရရှိသွားမလဲ စောင့်ကြည့်ကြတာပေါ့။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#ColePalmer
#footballer
#Chelsea


Related Sports News