အားကစားသတင်းများ

ချယ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ရှာပုံတော်

blog image

April 26, 2025

  ချယ်ဆီး ဆိုတဲ့ အသင်းက တော့ ကစားသမားကောင်းတွေကို ဈေးကြီးပေးပြီး အမြဲလိုလို ခေါ်ယူတက်တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ အခုချိန်မှာ ချယ်ဆီး အသင်းအနေနဲ့ နောက်ရာသီအတွက် သူတို့ရဲ့ အားနည်းနေတဲ့ နောက်တန်း နဲ့ အထောင်တိုက်စစ်မှူးနေရာတွေ အတွက် ကစားသမားကောင်းတွေကို ရှာဖွေနေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက နောက်ရာသီမှာ အထောင်တိုက်စစ်မှူး နေရာအတွက် ကစားသမား တစ်ဦးကို မဖြစ်မနေခေါ်ယူသွားမှာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ အထောင်တိုက်စစ် ကစားသမားတွေဖြစ်ကြတဲ့ နီကိုလပ် ဂျက်ဆင် နဲ့ အန်ကူကူ တို့နှစ်ယောက်စလုံးက  စွမ်းဆောင်ရည်ပိုင်းကျဆင်းလာပြီး သွင်းဂိုးတွေ ပျောက်ဆုံးနေတာ အတော်ကြာပါပြီ ။ ကစားသမား နှစ်ဦးလုံးက စွမ်းဆောင်ရည်ပိုင်း ရော ယုံကြည်မှုပိုင်းမှာပါ တဖြည်းဖြည်းကျဆင်းလာခဲ့တာကြောင့် ချယ်ဆီး အသင်းရဲ့ တိုက်စစ်ကို ကောင်းကောင်း ဦးမဆောင်နိုင်ပါဘူး။ 


   အဲ့တာကြောင့်ပဲ ချယ်ဆီး အသင်းက အသင်းရဲ့ တိုက်စစ်ကို ကောင်းကောင်းဦးဆောင်ပြီး ပွဲတိုင်းလိုလို ဂိုးသွင်းပေးနိုင်မယ် တိုက်စစ်မှုးတွေကို ဈေးကွက်ထဲမှာ လိုက်လံ ရှာဖွေနေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းစိတ်ဝင်စားနေတာတဲ့ ပထမဆုံးကစားသမားကတော့ ဒီလပ်ပါ ။ ဒီလပ် က အစ်ဆွတ် အသင်းရဲ့ အဓိက အထောင်တိုက်စစ်မှူး တစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ခံစစ် ကစားသမားတွေကို တွန်းတွန်းတိုက်တိုက်နဲ့ အကောင်းဆုံးယှဥ်ပြိုင်ကစားနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ Hold Up Play အလွန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ကိုယ်တိုင်ဂိုးသွင်းယူနိုင်ယုံသာမက နောက်ကနေလိုက်ပါလာတဲ့ ကစားသမားတွေကိုပါ အကောင်းဆုံး ဖန်တီးမှုတွေပြုလုပ်နိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ဒီလပ် ရဲ့ ပြောင်းရွှေ့ကြေးကြောင့်ရော ပရီးမီးယားလိဂ် မှာ အသားကျပြီးသား ကစားသမား တစ်ယောက်ဖြစ်တာကြောင့် ချယ်ဆီး အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ ဒီလပ် က ဒီရာသီ အစ်ဆွစ် အတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးအထိ သွင်းယူထားပြီး ၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဘင်ဂျက်မင် ဆက်စကို ပဲဖြစ်ပါတယ်။ ဆက်စကို က အရင်နှစ်တွေထဲက ချယ်ဆီး အသင်း စိတ်ဝင်စားနေတဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဆက်စကို က သူကဘယ်လို တိုက်စစ်မှုး ဖြစ်တယ်ဆိုတာ ချန်ပီယံ လိဂ် သွင်းဂိုးတွေ ၊ ဂျာမန် ဘွန်ဒက်လီဂါ သွင်းဂိုးတွေနဲ့ အတူ အကြိမ်ကြိမ် သက်သေပြပြီးပါပြီ ။ 


   ဘယ်ခြေရော ညာခြေရော နှစ်မျိုးလုံးနဲ့ ဂိုးသွင်းနိုင်ပြီး ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှုး တစ်ယောက်ဖြစ်ပါတယ် ။ ဆက်စကို က ဒီရာသီ လိုက်ဇစ် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ ထိသွင်းယူနိုင်ခဲ့ပြီး ၆ ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ထားတာပဲဖြစ်ပါတယ်။ အသက်အရွယ် ငယ်သေးပြီး ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးဖြစ်တာကြောင့် ပြောင်းရွှေ့ကြေး များနိုင်တာပဲဖြစ်ပါတယ်။ နောက်ဆုံး တစ်ယောက်ကတော့ ဗစ်တာ ရော့ဂရက် ပဲဖြစ်ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခြင်းခံနေရတဲ့ စပို့တင်း အသင်းရဲ့ တိုက်စစ်မှုး ရော့ဂရက် ကလည်း ချယ်ဆီး အသင်း စိတ်ဝင်စားနေတဲ့ တိုက်စစ်မှုး တစ်ယောက်ဖြစ်ပါတယ် ။ ရော့ဂရက်က အင်္ဂလန်မှာ အသားကျပြီး သား ကစားသမားတစ်ဦးဖြစ်ပြီး  Coventry city အသင်းမှာလည်း ဂိုးတွေ သွင်းယူထားနိုင်တာကြောင့် ပရီးမီးယားလိဂ် နဲ့ အသားကျပြီးသား ကစားသမား တစ်ဦးဖြစ်ပါတယ်။ 


   ရော့ဂရက်လည်း Hold up play ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် နေရာစုံကနေ ဂိုးသွင်းယူနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အသက်အရွယ် ပိုင်းမှာလည်း ကစားသမား တစ်ယောက်ရဲ့ အကောင်းဆုံး အသက်အရွယ်ကို ရောက်ရှိနေပြီး အတွေ့အကြုံအများကြီး ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ရော့ဂရက် က ဒီနှစ်ဘောလုံးရာသီ စပိုတင်း အသင်းအတွက် ပြိုင်ပွဲစုံ  ၄၈ဂိုးသွင်းယူထားပြီး ၁၁ ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ချယ်ဆီး အသင်းခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။ 


#mmmedia

#chelsea

#Striker

#nicolasjackson

#christophernkunku

#liamdelap


Related Sports News