အားကစားသတင်းများ

𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐋𝐞𝐚𝐠𝐮𝐞 ကိုအများဆုံးယူထားနိုင်တဲ့နည်းပြ (သို့) အန်ဆယ်လော့တီ

blog image

January 12, 2025

ကမ္ဘာ့ဘောလုံး လောက မှာ အကြီးကျယ်ဆုံးနဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံးဖလား၊ လူစိတ်ဝင်စားမှု အများဆုံးဖလား၊ ဘောလုံးအသင်းတိုင်း လိုချင်တဲ့ ဆုဖလား ၊ ဥရောပအသင်းတိုင်းကို ထိပ်တိုက် ရင်ဆိုင်တွေ့စေတဲ့ ဖလား ၊ အဲ့ဒီ ဆုဖလားကတော့ ချန်ပီယံလိဂ် ဆုဖလားပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ တော့မဟုတ်ပါဘူး ။ ပရီးမီးယားလိဂ် လိုမျိုးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ် ရဲ့ အကောင်းဆုံး အသင်းလေးသင်း ၊ စပိန် လာလီဂါ ရဲ့ အကောင်းဆုံး အသင်းလေးသင်း ၊ ပြင်သစ် လီဂူးဝမ်း ၊ ဂျာမန် ဘွန်ဒက်လီဂါ လိုလိဂ် တို့ရဲ့ အကောင်းဆုံးအသင်းလေးသင်း တို့အပြင် အခြားလိဂ် တွေရဲ့ အကောင်းဆုံး အသင်းတွေ ပါပါဝင်ပြီး အကောင်းဆုံးဆိုတဲ့ အသင်းတွေ ထိပ်တိုက်တွေ့ဆုံပြီး အနိုင်ရမှ ရရှိတဲ့ ဖလားဖြစ်ပါတယ်။


𝐥𝐞𝐚𝐠𝐮𝐞 မဟုတ်ပဲ 𝐂𝐮𝐩 ဖြစ်တာကြောင့် အမှားခံလို့မရတဲ့ ပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်ပြီး ရရှိဖို့အလွန်ခက်ခဲတဲ့ ဖလားလဲဖြစ်ပါတယ်။ အဲ့ဒီ ခက်ခဲပါတယ် ဆိုတဲ့ဖလားကို ( ၅ ) ကြိမ် တိုင်တိုင် သိမ်းပိုက် ထားပြီး ကမ္ဘာပေါ်မှာ ဘယ်နည်းပြမှ လိုက်မမှီတဲ့ စံချိန်ကို တင်ထားတဲ့ နည်းပြလည်းရှိပါတယ်။ အဲ့ဒိ နည်းပြကတော့ ကာလို့စ် အန်ဆယ်လော့တီ ပဲဖြစ်ပါတယ်။ အန်ဆယ်လော့တီ က ဘောလုံးလောကရဲ့အကျော်ကြားဆုံးနည်းပြတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်။အန်ဆယ်လော့တီ က ဂျာမနီ၊ အင်္ဂလန်၊ စပိန်၊ အီတလီနှင့် ပြင်သစ် စတဲ့ လိဂ် ( ၅ )ခုလုံးမှာ ဆုဖလားအောင်မြင်မှု ရရှိခဲ့တဲ့ နည်းပြလဲဖြစ်ပါတယ်။


အန်ဆယ်လော့တီ ကို ၁၉၅၉ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင်မွေးဖွားခဲ့ပြီးဘောလုံးသမိုင်းတွင်အအောင်မြင်ဆုံးနှင့်လေးစားဖွယ်အကောင်းဆုံးနည်းပြများထဲမှတစ်ဦးဖြစ်သည်။ အေစီမီလန်၊ ချဲလ်ဆီး ၊ ပဲရစ်စိန့်ဂျာမိန်း ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် ၊ နာပိုလီ ၊ အဲဗာတန် စတဲ့ ဥရောပ အသင်းတော်တော်များများကို ကိုင်တွယ်ခဲ့ ပြီး အန်ဆယ်လော့တီ ရဲ့ နည်းဗျူဟာပိုင်းလိုက်လျောညီထွေမှု ၊ ခေါင်းဆောင်ပိုင်း ကောင်းမွန်မှု ၊ ထိပ်တန်းကစားသမား များကို စီမံ ခန့်ခွဲနိုင်မှုတို့ကြောင့် အောင်မြင်မှု များစွာ ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အန်ဆယ်လော့တီ က နည်းပြဘဝ အစကို 𝟏𝟗𝟗𝟒 ခုနှစ် တွင် 𝐑𝐚𝐠𝐠𝐢𝐚𝐧𝐚 မှာစတင်ခဲ့ပြီး ၁၉၉၆ -၁၉၉၇ ရာသီမှာ ပါးမား အသင်းကို ပြောင်းရွှေ့ နည်းပြခဲ့ပါတယ်။ ပါးမားအသင်းကအဲ့ဒိ အချိန်မှာ အီတလီ ကြယ်ပွင့် ဘူဖွန် ၊ ကနားဘားရိုး တို့အပါဝင် အခြား အလားအလာ ရှိတဲ့ ကစားသမားများလည်း ပါဝင်တဲ့ အသင်းတစ်သင်းဖြစ်တယ်။


၁၉၉၉ခုနှစ်မှာ ဂျူဗင်တပ်စ် အသင်းကို ကိုင်တွယ်ခဲ့ပြီး ပြင်သစ် ကြယ်ပွင့် ကစားသမား ဇီဒန်း ကစားသမားများနှင့် 𝐔𝐄𝐅𝐀 𝐈𝐧𝐭𝐞𝐫𝐭𝐨𝐭𝐨 𝐂𝐮𝐩 ကို သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ် မှာ အေစီမီလန် အသင်းကိုပြောင်းရွှေ့ နည်းပြခဲ့ပါတယ်။ အေစီမီလန် အသင်းမှာ အန်ဆယ်လော့တီ က နည်းစနစ်များစွာ ကစားကွက်များစွာကိုစမ်းသပ်ခဲ့တယ်၊ အန်တယ်လော့တီလက်ထပ် မှာ အေမီစီလန် အသင်းကအများကြီးတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ကားလို့စ် အန်စလော့တီ က သူရဲ့ အသင်းမှာ ကာဖူ၊ မာဒီနီ၊ နက်စတာ ၊ ဂတ်တူဆို၊ ပီယာလို စတဲ့ ကစားသမားကောင်းများစွာနဲ့ဖွဲ့စည်းထားပြီး အသင်းရဲ့ ခံစစ် အတွက် ကမ္ဘာ့အကောင်းဆုံးခံစစ် အတွဲဖြစ်တဲ့ မာဒီနီ နဲ့ နက်စတာ တို့ရဲ့ ခံစစ်အတွဲကို အန်ဆယ်လော့တီ ဖန်တီးနိုင်ခဲ့တယ်။ ၂၀၀၂ - ၂၀၀၃ ရာသီ မှာ အန်ဆယ်လော့တီ ကိုင်တွယ်တဲ့ အေစီမီလန် အသင်းက ချန်ပီယံ လိဂ်ဗိုလ်လုပွဲ ကို ဂျူဗင်တပ်စ် နဲ့တွေ့စုံခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အေစီမီလန် အသင်းက ၃ - ၂ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဘရာဇီး ကြယ်ပွင့်ကစားသမား ကာကာ ကိုခေါ်ယူခဲ့ပြီး အသင်းရဲ့ ကစားပုံကိုပိုမို ကောင်းမွန် အောင်ပြုလုပ်ခဲ့ပါတယ်။


မီလန် အသင်းက 𝐂𝐚𝐥𝐜𝐢𝐨𝐩𝐨𝐥𝐢 ကိစ္စကြောင့် အေစီမီလန် အသင်းကို ရမှတ် ၈ မှတ်ထိ ဖျက်ခဲ့တာကြောင့် အန်ဆယ်လော့တီ က ချန်ပီယံလိဂ်ဖလားတစ်ခုထဲကိုသာ အာရုံစိုက်ခဲ့ပါတယ်။ ၂၀၀၆ -၂၀၀၇ ရာသီ ချန်ပီယံလိဂ် ဖိုင်နယ် မှာ လီဗာပူးလ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂-၁ ဖြင့်အနိုင်ယူကာ ချန်ပီယံ ဆုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။အန်ဆယ်‌လော့တီ က အေစီမီလန်နှင့်အတူ စီးရီးအေ ဖလား ( ၁ )ကြိမ် ၊ 𝐂𝐨𝐩𝐩𝐚 𝐈𝐭𝐚𝐥𝐢𝐚 ( ၁ )ကြိမ် ၊ 𝐒𝐮𝐩𝐞𝐫𝐜𝐨𝐩𝐩𝐚 𝐈𝐭𝐚𝐥𝐢𝐚 ( ၁ )ကြိမ် ၊ ချန်ပီယံလိဂ် ( ၂ )ကြိမ်၊ 𝐔𝐄𝐅𝐀 𝐒𝐮𝐩𝐞𝐫 𝐂𝐮𝐩 ( ၂ )ကြိမ် ၊ 𝐅𝐈𝐅𝐀 𝐂𝐥𝐮𝐛 𝐖𝐨𝐫𝐝 𝐂𝐮𝐩 ( ၁ ) ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ချယ်ဆီးအသင်း ကို‌ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့နည်းစနစ်တွေ နဲ့ချယ်ဆီးအသင်းကို အများကြီး အကျိုးပြုနိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ( ၁ ) ကြိမ် ၊ 𝐅𝐀 ဖလား ( ၁ )ကြိမ် ၊ 𝐅𝐀 ကွန်မြူနတီဒိုင်း ( ၁ )ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ မှာ ပြင်သစ် လီဂူးဝမ်း အသင်းတစ်သင်းဖြစ်တဲ့ ပဲရစ်စိန့်ဂျာမိန်း ကို ပြောင်းရွှေ့ခဲ့ပါတယ်။ 𝐩𝐬𝐠 အသင်းကို ၂ ရာသီ ကြာကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အဖြစ် လီဂူးဝမ်း ဖလား( ၁ )ကြိမ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


၂၀၁၃ ခုနှစ်မှာ အန်ဆယ်လော့တီ က ဟိုဆေးမော်ရင်ဟို ထွက်ခွာ သွားတဲ့ ရီးရဲလ် အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အသင်းကို အကောင်းဆုံး တည်ဆောက်ပြီး ဥရောပ အသင်းကြီး တစ်သင်း အရည်အသ္ဂေးနဲ့ ပြည့်စုံအောင် အသင်းကိုဖန်တီးနိုင်ခဲ့ပြီး 𝐂𝐨𝐩𝐚 𝐝𝐞𝐥 𝐑𝐞𝐲 ဖလား ( ၁ )ကြိမ်၊ ချန်ပီယံလိဂ် ဖလား ( ၁ )ကြိမ်၊ 𝐔𝐄𝐅𝐀 𝐒𝐮𝐩𝐞𝐫 𝐂𝐮𝐩 ( ၁ ) ကြိမ်၊ ဖီဖာကမ္ဘာ့ဖလား ( ၁ ) ကြိမ် စတဲ့ ဆုဖလားအောင်မြင်မှု များကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၁၃-၁၄ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် မှာ အက်သလတ်တီကိုမက်ဒရစ် အသင်းကို ၄ -၁ ဖြင့်အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဆန်ဆယ်လော့တီ က ဘိုင်ယန်မြူးနစ်၊ နာပိုလီ ၊အဲဗာတန် စတဲ့ အသင်းများကို ဆက်တိုက် ကိုင်တွယ်နည်းပြခဲ့ပြီး ၂၀၂၁ ခုနှစ် မှာ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ် အသင်းကိုပြန်လည်ကိုင်တွယ်ခဲ့ပြီး 𝟐𝟎𝟐𝟐 ချန်ပီယံလိဂ်ဖိုင်နယ် မှာ လီပါပူးလ် အသင်းကို ၁ - ၀ ဖြင့်အနိုင်ယူကာ ဆန်ဆယ်လော့တီ ကသူ့နည်းပြဘဝ ၄ကြိမ် မြောက် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟐𝟒 ချန်ပီယံလိဂ် မှာလည်းဖိုင်နယ်ပွဲကို တက်ရောက်ခဲ့ပြီး ဒေါ့မွန်အသင်းကို ၂ - ၀ နဲ့ အနိုင်ယူကာ ဘယ်နည်းပြမှမရဖူးတဲ့ စံချိန် တစ်ခုကိုတင်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟐𝟒 ခုနှစ်တွင် အန်ဆယ်လော့တီသည် ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ 𝐔𝐄𝐅𝐀 ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဖလားနှင့် 𝐔𝐄𝐅𝐀 စူပါဖလားတို့ကို အောင်မြင်စွာ ဆွတ်ခူးခဲ့ပြီး၊ 𝐅𝐈𝐅𝐀 ကမ္ဘာ့ဖလားနှင့် အင်တာကွန်တီနင်တယ်ဖလားတို့တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။



𝟐𝟎𝟐𝟒 ခုနှစ်မှာ အန်ဆယ်လော့တီသည် 𝐅𝐈𝐅𝐀 ၏ 𝐓𝐡𝐞 𝐁𝐞𝐬𝐭 𝐌𝐞𝐧’𝐬 𝐂𝐨𝐚𝐜𝐡 𝐀𝐰𝐚𝐫𝐝 ကို ရရှိခဲ့ပြီး၊ 𝐉𝐨𝐡𝐚𝐧 𝐂𝐫𝐮𝐲𝐟𝐟 𝐓𝐫𝐨𝐩𝐡𝐲 ကိုလည်း ဆွတ်ခူးခဲ့သည်။အန်စယ်လော့တီ၏ မန်နေဂျာအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အတူ လာလီဂါ (၂ ကြိမ်)၊ စပိန်ဖလား (၂ ကြိမ်)၊ စပိန်စူပါဖလား (၂ ကြိမ်)၊ 𝐔𝐄𝐅𝐀 ချန်ပီယံလိဂ် (၃ ကြိမ်)၊ 𝐔𝐄𝐅𝐀 စူပါဖလား (၃ ကြိမ်)၊ 𝐅𝐈𝐅𝐀 ကမ္ဘာ့ဖလား (၂ ကြိမ်) နှင့် အင်တာကွန်တီနင်တယ်ဖလား (၁ ကြိမ်) တို့ ဖြစ်သည်။ အန်ဆယ်လော့တီက ၂၀၀၂ - ၂၀၀၃ ရာသီနှင့် ၂၀၀၆ -၂၀၀၇ တွင် ချန်ပီယံလိဂ်ဖလားကို အေစီမီလန် နဲ့ ရရှိခဲ့ပြီး ၂၀၁၃ -၂၀၁၄ ၊ ၂၀၂၁ - ၂၀၂၂ ရာသီနှင့် ၂၀၂၃ - ၂၀၂၄ မှာ ရီးရဲလ်နဲ့ အတူ သိမ်းပိုက်နိူင်ခဲ့ပါတယ်။ကျွန်တော်အခုပြောပြသွားတာကတော့ ချန်ပီယံလိဂ် ဖလားကို ( ၅ ) ကြိမ်အထိ ဆွတ်ခူနိုင်တဲ့ ကမ္ဘာပေါ်ကတစ်ဦးတည်းသောနည်းပြ အန်ဆယ်လော့တီ အကြောင်းပဲဖြစ်ပါတယ်။


"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#CarloAncelotti
#coach
##championsleague




Related Sports News

Ac Milan နဲ့ Inter နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမား ၅ ယောက်

April 9, 2025

အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး

April 9, 2025

ချန်ပီယံ ဆုကို ပီအက်ဂျီ အသင်းက ရရှိခဲ့ပေမယ့်လက်ကျန်ပွဲစဥ်တွေမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဦးမယ့် လိဂ်ဂူးဝမ်း

April 7, 2025

ဘောလွန်းဒီအော ရော ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး

April 7, 2025

၃နှစ်ပွဲပယ်ခံခဲ့ရပေမဲ့ အခုချိန်မှာ မြန်မာ့လက်ရွေးစင်အဖြစ်ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ MIU ကစားသမား ခင်ဇော်လင်း

April 6, 2025