အားကစားသတင်းများ

မက်ဆီလက်သစ်ဖြစ်လာမယ်လို ထင်ကြေးပေးခံခဲ့ရပေမဲ့ ထင်သလိုဖြစ်မလာခဲ့တဲ့ ကစားသမားတစ်ယောက်

blog image

January 18, 2025

လာမာစီယာ အကယ်ဒမီ ထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ဘိုဂျမ် ကာကစ် က အနာဂတ်မှာ အလားအလာ အများကြီးရှိ တဲ့အကောင်းဆုံးလူငယ်ကကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ မက်စီ လက်သစ်လို ထင်ကြေးပေးခံရတဲ့ ကာကစ်က က လာမာစီယာ အကယ်ဒမီ မှာ ခြေစွမ်း အကောင်းမွန်ဆုံး ကစားသမားဖြစ်ခဲ့ပေ့မယ် အများထင်ထားသလိုဖြစ်မလာခဲ့ပဲသာမန်ဘောလုံးသမားတစ်ယောက်အနေနဲ့သာ ကစားခဲ့ပြီး ရိုးရိုးသာမန်ဘောလုံးသမား တစ်ယောက်အဖြစ်သာ ကစားသမားဘဝ အဆုံးသတ်ခဲ့ရပါတယ်။ ကာကစ် က ဘောလုံး ကစားသမားဘဝကိုအချိန်တိုတိုလေးသာကစားခဲ့ရပါတယ်။ ကာကစ်ခြေစွမ်း မတည်ငြိမ်တဲ့အချိန်မှာပရိတ်သတ်‌တွေကမက်ဆီနဲ့နှိင်းယှဥ်ပြောဆိုခဲ့တာကြောင့် ကာကစ်အတွက် ဖိအား များစွာ ကို ကြုံခဲ့ရတာလဲဖြစ်ပါတယ်။


ဘိုဂျမ် ကာကစ် ကို ၁၉၉၀ ခုနှစ် ဩဂုတ်လ ၂၈ ရက် နေ့ က စပိန် နိုင်ငံ 𝐥𝐢𝐧𝐲𝐨𝐥𝐚 မှာ မွေးဖွားခဲ့ပါတယ်။ ကာကစ် က ငယ်စဥ်ကတည်းက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်ဖိုအလွန်စိတ်အားထက်တန်ခဲ့တာပဲဖြစ်ပါတယ်။ ကာကစ် က အသက် ၉ နှစ် မှာ လာမာစီယာ အကယ်ဒမီ ကို ရောက်ရှိခဲ့ပါတယ်။ ကာကစ် က ဘာစီလိုနာ အသင်းကြီး မှာ ကစားချင်တာကြောင့် လာမစီယာ အသင်းကြီးမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ၂၀၀၇ - ၂၀၀၈ ရာသီမှာ ဘာစီလိုနာ အသင်းကြီးမှာ စတင်ကစားခဲ့ရပါတယ်။ ကာကစ်ဘာစီလိုနာအငယ်တန်းလိဂ်မှာသွင်းဂိုးပေါင်း၉၀၀ ကျော်သွင်းနိုင်ခဲ့ပြီး မက်စီရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေ က ကာကစ်ကို ပိုမို မျှော်လင့် လာခဲ့ကြတာကြောင့် ကာကစ် က ဖိအားများမှန်း မသိ များလာခဲ့ရပါတယ်။ ဘာစီလိုနာ အသင်းအတွက် ကစားတဲ့ ရာသီ အစမှာပဲ ကာကစ်ကအလွန်ကောင်းမွန်တဲ့ခြေစွမ်းကိုပြစနိုင်ခဲ့ပြီးချန်ပီယံလိဂ်အပါအဝင် အခြားသောပြိုင်ပွဲတွေမှာပါ ဂိုးပေါင်း ၁၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာရဲ့ အသက်အငယ်ဆုံး ချန်ပီယံ လိဂ် ဂိုးသွင်းနိုင်တဲ့ ကစားသမားလည်းဖြစ်ခဲ့ပါတယ်။


ကာကစ်ကိုခြေစွမ်းကောင်းတွေပြသလာနိုင်လာတာနဲ့ အမျှ သူ့အတွက် ဖိအားအများအပြားလဲ ကျရောက်ခဲ့ပါတယ်။ အဲ့ဒိ ဖိအားတွေကြောင့်ပဲ ကာကစ်က ခြေစွမ်းတွေ ကျဆင်းလာပြီး ဘာစီလိုနာ ရဲ့ နည်းပြ အသစ်ဖြစ်တဲ့ ဂွာဒီယိုလာ ရောက်ရှိလာချိန် မှာ ပွဲကစားခွင့်တွေပိုမို နည်းပါးလာခဲ့ရပြီး ကစားသမားဘဝလဲ ပိုမိုမှေးမှိန်လာခဲ့ပါတယ်။ ကာကစ်က ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချကာ ၂၀၁၁ ခုနှစ်မှာ ဘာစီလိုနာ အသင်းကနေ ရိုးမား အသင်းကိုပြောင်းရွှေ့ခဲံပြီး တည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးကို ကာကစ် ဆီမှာပြန်လည်မတွေ့မြင်ရတော့ပါဘူး။ရိုးမားအသင်းမှာကာကစ်တစ်ယောက် သူ့ရဲ့အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိဖို ရုန်းကန်ခဲ့ ရပြီး အေစီမီလန် အသင်းကိုပြောင်းရွှေ့ခဲ့ရပါတယ်။ကာကစ် က သူရဲ့ ဘာစီလိုနာ အသင်းကလို အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်မရရှိတော့ပဲ အေဂျက် ၊ စတုတ်စီးတီး ၊ မိန့် ၊အလာဘတ်အသင်းတွေကိုပြောင်းရွှေ့ကစားခဲ့ပေ့မယ့်သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုပြန်လည်မမြင်ရတော့ပါဘူး။


၂၀၁၉ခုနှစ်မှာတော့ ကာကစ်က အမေရိကန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့မွန်ထရီရယ် ကိုပြောင်းရွှေ့ခဲ့ပြီး ဥရောပ ဘောလုံးလောက ကို စွန့်လွှတ်ခဲ့ရပါတယ်။ ကာကစ် က တဖြည်းဖြည်းနဲ့ ဖိအားတွေနည်းလာတာကြောင့် သူရဲ့ ခြေစွမ်း အမှန်ကိုတွေ့ရှိခဲ့ပါတယ်။ကာကစ်တစ်ယောက်အမေရိကန်မှာကောင်းမွန်တဲ့ခြေစွမ်းတွေ နဲ့ ပရိတ်သတ်တွေရဲ့ ချီးမွမ်းချင်းကို ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာတော့ အင်နီရီစတာကစားနေတဲ့ဘေဆယ်ကိုဘီအသင်းကိုပြောင်းရွှေ့ကစားခဲ့တာပဲဖြစ်ပါတယ်။


ကာကစ်က သူ့ အသက် ၃၂ နှစ်အရွယ် မှာ ပဲ ကစားသမားဘဝ ကိုအနားယူသွားခဲ့ပါတယ်။အခုတင်ဆက်ပေးသွားတာကတော့မက်စီ လက်သစ်လိုထင်ကြေးပေးခံခဲ့ရတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ၊ပရိတ်သတ်တွေပေးတဲ့ဖိအားတွေကြောင့်ခြေစွမ်းကျဆင်းကာအများထင်ထားသလောက်ဖြစ်မလာတဲ့ဘိုဂျမ်ကာကစ်အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#bojankrkic
#messi

#footballer

Related Sports News