အပြောင်းအရွှေ့ ဈေးကွက် မှာဘောလုံးအသင်းတွေ အနေနဲ့ ကစားသမားခေါ် ယူတယ် ဆိုတာ ကြီးမားတဲ့ အလောင်းအစား တစ်ခုလုပ်ရသလိုပါပဲ။ ခေါ်ယူမယ့် ကစားသမားက အသင်းနဲ့ အံဝင်မလား ၊မဝင်မလားမသိသေးပေမယ့် ပေါင်သန်းချီ အသုံးပြုပြီး ခေါ်ယူရတယ်။ ပေါင်သန်းချီ အသုံးပြုပြီး ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန် တဲ့ ခြေစွမ်းပြပြီး အသင်းနဲ့ အံဝင်တဲ့ ကစားသမားများ ရှိသလို၊ ပေးရတဲ့ဈေးနဲ့ မတန်ပဲ မှားယွင်းတဲ့ လူခေါ်ယူ မှု တွေလည်း ရှိပါတယ်။ ကျွန်တော် ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဆိုးရွားဆုံး လူခေါ်ယူမှုတွေပဲဖြစ်ပါတယ်။ အပြောင်းအရွှေ့ ရာသီ တိုင်းမှာ အဆိုးရွာဆုံးခေါ်ယူမှု တွေအကြောင်းပြောရင် မန်ယူ အသင်းက မပါမဖြစ်ပါပဲ ။ အပြောင်းအရွှေ့တိုင်း မျော်လင့်ချက် ကြီးကြီးမားမား နဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကနောက်ရာသီ အပြောင်းအရွှေ့ ရာသီ မတိုင်ခင်အဆိုးရွားဆုံးခေါ်ယူ မှူတွေ ဖြစ်သွားကြပါတယ်။ မန်ယူ အသင်းက ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ကစားသမားတွေလည်းများပြားလှပါတယ်။ ဒီနေ့တင်ဆက်ပေးမှာကတော့ မန်ယူ အသင်းခေါ်ယူခဲ့တဲ့ အဆိုးရွားဆုံးလူခေါ်ယူမှု (၅)ယောက်အကြောင်းပဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မှာ အိန်ဂျယ် ဒီမာရီယာကို စံချိန်တင်ပြောင်းရွှေ့ ကြေး ၅၉.၇ သန်း နဲ့ ရီးရဲလ် အသင်းကနေ ခေါ်ယူခဲ့တာကြောင့်ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပါတယ်။ အသင်းရဲ့ ဂန္ထဝင် ကျောနံပတ် ( ၇ ) ကိုဝတ်ဆင်ခဲ့ပြီး မန်ယူ အသင်း နဲ့ ပြိုင်ပွဲ စုံ ( ၃၂ )ပွဲ ကစားခဲ့ပြီး ( ၄ ) ဂိုးသွင်းကာ ( ၁၂ ) ကြိမ်ဖန်တီး ပေးနိူင်ခဲ့တယ်။ မန်ယူ အသင်းက မျှော်လင့်ချက်ကြီးကြီးမားမားနဲ့ ခေါ်ယူခဲ့ပေမယ့် ဒီမာရီယာ က အသင်းနဲ့ ရော ပရီးမီယားလိဂ် နဲ့ ပါ သူ့ရဲ့ ကစားပုံက အံမဝင်ဖြစ်ခဲ့ရပြီး အဆိုးရွားဆုံး ရာသီ တစ်ခုကို မန်ချက်စတာယူနိုက်တက်နဲ့ အတူ ဖြတ်သန်းခဲ့ရတယ်။ မန်ချက်စတာယူနိုက်တက် မှာ တစ်ရာသီ ကစားခဲ့ပြီး 𝐏𝐒𝐆 အသင်းကို ပြောင်းရွှေ့ကြေး ၄၄ သန်းဖြင့်ပြောင်းရွှေ့ခဲ့တယ်။
၂၀၁၈ ခုနှစ် မှာ အလက်စစ် ဆန်းချက် ကို အာဆင်နယ် အသင်းမှ ဟင်နရစ် မစ်ခီတာယန် နဲ့ အလဲအလှယ်ပြုလုပ်ကာ အိုးထရက်ဖို့စ် ကိုခေါ်ယူခဲ့ပါတယ်။အဲ့ဒီအချိန် က ပရီးမီယားလိဂ် အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်ဖြစ်ပြီး အသင်းရဲ့ ဂန္ထဝင်ကျောနံပတ် ( ၇ ) ကိုဝတ်ဆင်ခဲ့ကာ မန်ယူ အသင်းနဲ့ပြိုင်ပွဲ စုံ ( ၄၅ ) ပွဲ ကစားခဲ့ကာ ( ၅ ) ဂိုးသွင်း ၊ ( ၉ ) ဂိုးဖန်တီးနိူင်ခဲ့တယ်။ အာဆင်နယ် မှာ ပြသခဲ့ တဲ့ ခြေစွမ်းကို မန်ယူမှာ ပြန်မတွေ့ရတော့ပဲ ဆန်းချက် ကမန်ယူအသင်းမှာ ခြေစွမ်းကျဆင်းသွားပြီး ၂၀၁၉ - ၂၀၂၀ ရာသီမှာ အင်တာမီလန် အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။
ဘန်ဘာစီ ထွက်သွားပြီးနောက် မန်ယူ အသင်းက ဘန်ဘာစီ နေရာအစားထိုး ရန်အတွက် အသက် ၂၁ နှစ်သာရှိသေးပြီး လူငယ်ခြေတက်ကစားသမားလေး မက်ဖစ် ဒီပေး ကို ခေါ်ယူခဲ့ပြီး ပရိတ်သတ်တွေ အနေနဲ့ရော အသင်းအနေ နဲ့ပါ အများကြီး မျှော်လင့် ထားကြပါတယ်။ ဒီပေး ဟာ မန်ယူ အသင်းကို ရောက်ရောက်ချင်းရာသီ မှာ ခြေစွမ်းကောင်းတွေ ကို မပြနိုင်ခဲ့ပါဘူး။ ဒီပေး က မန်ယူ အသင်းနဲ့ ( ၂၉ )ပွဲ ကစားပြီး ( ၂ )ဂိုးသာသွင်းယူနိုင်ခဲံပါတယ်။ နည်းပြ မော်ရင်ဟိုရောက်လာတဲ့ အချိန်မှာတော့ သူ့ ရဲ့ ခြေစွမ်းနဲ့ပွဲထွက်ခွင့်တွေဟာ ပိုမိုနည်းပါးလာပြီး ( ၄ )ပွဲသာ ကစားခဲ့ရတာကြောင့် ရာသီဝက်မှာပဲ လိုင်ယွန် အသင်းသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။
၂၀၂၀ ခုနှစ် တွင် အေဂျက် ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဗန်ဒီဘစ် ကို မန်ချက်စတာ ယူနိုက်တက် အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဖြစ်ခေါ်ယူခဲ့တယ်။ ဗန်ဒီဘစ် က မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ပြိုင်ပွဲစုံ ၆၂ ပွဲ ကစားပြီး ၊ ( ၂ )ဂိုးသွင်း၊( ၂ )ဂိုးဖန်တီး နိုင်ခဲ့ပါတယ်။ဗန်ဒီဘစ် ကို အလားအလာ အများကြီး ရှိတဲ့ ကစားသမားလို့သတ်မှတ်ပြီး ခေါ်ယူခဲ့ပေ့မယ် မန်ချက်စတာယူနိုက်တက်တွင် အရံခုံသာထိုင်ခဲ့ရတယ်။ ခေါ်ခေါ် ယူချင်း ပထမ ဆုံးရာသီ မှာ ပရီးမီးယားလိဂ် လေးပွဲ သာ ပါဝင်ကစားခဲ့ရတယ်။ နည်းပြအဆက်ဆက် ကလည်း ဗန်ဒီဘစ်ကို အသုံးမပြုပဲ အရံခုံ တွင်သာ အများဆုံးထိုင်ခိုင်းခဲ့ကြတယ်။ အဲဗာတန် ၊ 𝐟𝐫𝐚𝐧𝐤𝐟𝐮𝐫𝐭 အသင်းတို့ထံ အငှား သွားရောက်ကစား ပြီး ၂၀၂၄ ခုနှစ် တွင် လာလီဂါ ကလပ်တစ်ခု ဖြစ်တဲ့ ဂျီရိုနာ အသင်းကို ပြောင်းရွှေ့ကြေး ၉.၁ သန်း ဖြင့် ပြောင်းသွားခဲပါတယ်။
ယူနိုက်တက် အသင်းက ဆန်ချို ကို အကြောင်းပြချက်ပေါင်းများစွာနဲ့ လိုချင်ခဲ့ကြတာပဲဖြစ်ပါတယ်။မန်ယူ အသင်း က ဆန်ချို အတွက် ဒေါ့မွန် အသင်းနဲ့ သဘောတူညီမှု ရရှိ ရန် အချိန် ၂ နှစ် ယူခဲ့ရပြီး ၂၀၂၁ ခုနှစ် မှာ ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် မန်ယူအသင်းကို ရောက်ရှိလာခဲ့တယ်။ မန်ယူ မှာ ( ၈၂ )ပွဲ ကစားခဲ့ ပြီး ( ၁၂ ) ဂိုးသွင်း ၊ ( ၆ )ဂိုး ဖန်တီး ပေးနိုင်ခဲ့တယ်။ ဒေါ့မွန် တွင် ပြသခဲ့တဲ့ခြေစွမ်းတွေ ကြောင့် မန်ယူ အသင်းကခေါ်ယူခဲ့ပေမယ့် ထင်ထားသလောက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မရရှိ ခဲ့ပါဘူး။ မန်ယူအသင်းရဲ့ နည်းပြဖြစ်တဲ့ တန်ဟက်နဲ့ လည်းအဆင်မပြေဖြစ်ကာ ၂၀၂၄ ဇန်နဝါရီ လတွင် ဒေါ့မွန် အသင်းကို အငှား သွားရောက်ကစားခဲ့ပြီး ၊ ၂၀၂၄- ၂၀၂၅ ရာသီ အတွက် ချဲယ်ဆီး အသင်းသို့ အငှား သွားရောက် ကစာခဲ့ပါ,တယ်။
အခုတင်ဆက်ပေးသွားတာကတော့ မန်ယူ အသင်းရဲ့ အဆိုးဝါးဆုံးလူခေါ်ယူမှုတွေထဲက ကစားသမား ၅ယောက်အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူး အများကြီး တင်ရှိပါတယ်။
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"