အားကစားသတင်းများ

အိုနားနားရဲ့ လူမသိသေးတဲ့ သူ့ရဲ့ ခက်ခဲတဲ့ ဘောလုံးသမားဘဝ အကြောင်း

blog image

January 17, 2025

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ဂိုးသမား အိုနားနား က အဆင့်အတန်း တစ်ခုရှိတဲ့ ဂိုးသမားတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အစက အလွန်ခက်ခဲ ကြမ်းတမ်းခဲ့ပါတယ်။ အိုးနားနား ကို ၁၉၉၆ ခုနှစ် ဩဂုတ် လ ၂ ရက် နေ့ မှာ ကင်မရွန်း နိုင်ငံ ၊ 𝐍𝐤𝐨𝐥 𝐍𝐠𝐨𝐤 ကျေးရွာ မှာ မွေးဖွားခဲ့ပြီး သူရဲ့ မိဘများက သာမန် မိသားစု များဖြစ်ကြပြီး သူရဲ့ ဘဝ အစပိုင်းအချိန်များမှာ ခက်ခဲမှုများကို ကျော်ဖျက်ခဲ့ရပါတယ်။ အိုနားနား က ဘောလုံးကစားခြင်းကို အလွန် နှစ်သက်ခဲ့ပြီး ဒေသ အဆင့် ပြိုင်ပွဲတွေမှာ စတင် ကစားခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည် ကို လူသိများလာခဲ့တယ်။ အိုနားနား က သူရဲ့ စွမ်းဆောင်ရည်ကြောင့် ၂၀၁၀ ခုနှစ်မှာ ကမ္ဘာ့ အကောင်းဆုံး အကယ်ဒမီ တစ်ခုဖြစ်တဲ့ စပိန် နိုင်ငံရှိ လာမာစီယာ အကယ်ဒမီ ကိုဝင်ရောက်လေ့လာရန်အတွက် အခွင့်အရေးရရှိခဲ့ပါတယ်။


ဒါပေမယ့် အသက်အရွယ် ငယ်သေးတဲ့ လူတစ်ယောက် အနေနဲ့ နိုင်ငံတစ်နိုင် ကနေ အခြားတစ်နိုင်ငံ ကို သွားရောက် ခြင်းက လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ အိုနားနား က လာမာစီယာ မှာ ဘာသာစကားအခက်အခဲ ၊ အခြားနိုင်ငံ ကို သွားရောက် နေထိုင်ရခြင်း ၊ မိသားစုနဲ့ ဝေးကွာ ရခြင်း တို့ကြောင့် အလွန်ခက်ခဲတဲ့ အချိန် ကာလတွေကို ဖြတ်သန်းခဲ့ ရပါတယ်။ ဘာစီလိုနာ အသင်း က အိုနားနား ကို စာချုပ် သက်တမ်း မတိုးတော့ တာကြောင့် အိုနားနား ရဲ့ 𝐚𝐠𝐞𝐧𝐭 က အာဆင်နယ် အသင်းနဲ့ ချယ်ဆီး အသင်းတို့ကိုလည်းဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး ။ ၂၀၁၅ ခုနှစ် မှာ နယ်သာလန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အေဂျက် အသင်းသို့ပြောင်းရွှေ့ခဲ့ပြီး သူရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့ပါတယ်။ အေဂျက် အသင်းရဲ့ အဓိက ဂိုးသမားနေရာကနေ အပြည့်အဝ တာဝန်ယူရပြီး အေဂျက် အသင်းကို သူ့ရဲ့ အကောင်းဆုံးလက်စွမ်းတွေနဲ့ အတူ ယူရိုပါလိဂ် ဖိုင်နယ် အထိပို့ပေးနိုင်ခဲပါတယ်။ ၂၀၂၁ ခုနှစ် မှာ အိုနားနားကို 𝐔𝐄𝐅𝐀 မှ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ၁၂ လကြာ ကစားခွင့်ပိတ်ခဲ့ပါတယ်။ အိုနားနား က သူ့ရဲ့ အမျိုးသမီး ဆေးကို မှားယွင်းသောက်သုံးမိခဲ့တာဖြစ်ကြောင်း အယူခံဝင်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကို ၉ လထိ 𝐔𝐄𝐅𝐀 ကလျော့ချခဲ့ပါတယ်။


ပွဲပယ် ပြစ်ဒဏ်ချခံရတဲ့ အချိန်တွေမှာ အိုနားနား က စိတ်ပိုင်းဆိုင်ရာ နှင့် သူ့ရဲ့ ဂိုးဖမ်းစွမ်းရည်တိုးတက်လာစေရန် အမြဲ ကြိုးစား လေ့ကျင့်ခဲ့ပါတယ်.။ ၂၀၂၂ ခုနှစ်မှာ အင်တာမီလန် အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၃ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ အသင်းကို သူ့ ရဲ့ အကောင်းဆုံးလက်စွမ်းတွေနဲ့အတူ ဖိုင်နယ် အထိ ရောက်အောင်ပို့ပေးနိုင်ခဲ့ပါတယ်။ အိုနားနား ရဲ့ စိတ်အားထက်သန် မှု နှင့် အရှုံးမပေးမှုတို့ကြောင့် အခက်အခဲ များစွာ ကို ကျော်ဖျက်နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ မှာ ပရီးမီးယားလိဂ် ရဲ့ အသင်းကြီးတွေထဲ ကတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း ကို ပြောင်းရွှေ့ခဲ့ ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းမှာ လက်စွမ်း မတည်ငြိမ် မှုကြောင့် ဝေဖန် မှုတွေကို ခံနေရပါတယ်။


မန်ချက်စတာယူနိုက်တက် အသင်း မှာဖြစ်နေတဲ့ အခက်အခဲတွေ ရော အိုနားနား တစ်ယောက် ဖြတ်ကျော်နိုင်ပြီး အကောင်းဆုံး လက်စွမ်းတွေနဲ့ပြန်လာနိုင်မလား ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာ ဝင်ရောက် ဆွေးနွေးပေးသွားပါအုံး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုသွားတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ

ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"

#MMMedia
#AndréOnana
#manchesterunited
#goalkeeper

Related Sports News