အားကစားသတင်းများ

ဘောလုံးလောကရဲ့ တန်ဖိုးဖြတ်မရတဲ့သစ္စာတရားပိုင်ရှင် ဂန္ထဝင်တိုက်စစ်မှူးတော့တီ

blog image

November 22, 2024

တော့တီ သည် သူ့ရဲ့ ကစားသမားဘဝတစ်ခုလုံးကို ရိုးမားအသင်းတွင် ကုန်ဆုံးခဲ့ပြီး စီးရီးအေချန်ပီယံဆု၊ ကိုပါအီတာလီယာ ချန်ပီယံ 𝟐 ကြိမ်နှင့် စူပါကိုပါအီတလီယာ ဖလား 𝟐 ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။ နောက်ပြီးသူဟာ အီတလီလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး 𝟐𝟓𝟎 ဖြင့် ဒုတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်တွင် 𝟑𝟏𝟔 ဂိုးဖြင့် ဆဋ္ဌမမြောက်ဂိုးသွင်းအများဆုံး အီတလီကစားသမားလည်းဖြစ်ပါတယ်။ ရိုးမားသမိုင်းတွင်လည်း ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး စီးရီးအေတွင် တစ်သင်းတည်းကစားကာ ဂိုးအများဆုံးသွင်းသူ အဖြစ် မှတ်တမ်းဝင်ကာ စီးရီးအေသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင် အဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။


အကြီးကျယ်ဆုံး ကစားသမားများထဲမှ တစ်ဦးနှင့် တစ်ချိန်လုံး အကြီးကျယ်ဆုံး အီတလီ ဘောလုံးသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ တော့တီဟာ အီတလီ ဘောလုံးသမားများ အစည်းအရုံးမှပေးအပ်တဲ့ အော်စကာဒဲလ်ကယ်စီအိုဆုကို စံချိန်တင် 𝟏𝟏 ဆု ရရှိထားတဲ့အပြင်စီးရီးအေ တစ်နှစ်တာအကောင်းဆုံးအီတလီဘောလုံးသမား 𝟓 ဆု၊ စီးရီးအေ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု 𝟐 ဆု၊ စီးရီးအေ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆု 𝟐 ဆု၊ စီးရီးအေ တစ်နှစ်တာ ဂိုးသွင်းအများဆုံးဆု 𝟏 ဆုနှင့် စီးရီးအေ တစ်နှစ်တာအကောင်းဆုံးလူငယ်ဘောလုံးသမားဆု တို့ကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် 𝟐𝟎𝟎𝟕 တွင် ဥရောပရွှေဖိနပ်ဆုနှင့် 𝟐𝟎𝟏𝟎 တွင် ရွှေခြေထောက်ဆု တို့ကိုလည်း ရရှိခဲ့သူပါ။


𝟐𝟎𝟎𝟒 ခုနှစ်တွင် ပီလီ မှရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားများစာရင်းဖြစ်သည့် 𝐅𝐈𝐅𝐀 𝟏𝟎𝟎 တွင် ဖီဖာရဲ့နှစ်တစ်ရာပြည့်အခမ်းအနားမှာ ထည့်သွင်းခံခဲ့ရပြီး 𝟐𝟎𝟏𝟏 ခုနှစ်တွင်လည်း တော့တီအား 𝐈𝐅𝐅𝐇𝐒 မှဥရောပတွင်အကျော်ကြားဆုံး ဘောလုံးသမား အဖြစ်အသိအမှတ်ပြုခဲ့တဲ့အပြင် 𝟐𝟎𝟏𝟓 ခုနှစ်တွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က သူ့ကို အသက် 𝟑𝟔 နှစ်အထက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆယ်ယောက်ထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ 𝟐𝟎𝟏𝟕 တွင်ကစားသမားဘဝမှအနားယူပြီးနောက် 𝐏𝐥𝐚𝐲𝐞𝐫'𝐬 𝐂𝐚𝐫𝐞𝐞𝐫 ဆု နှင့် ယူအီးအက်ဖ်အေ 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭'𝐬 ဆုတို့ကိုလည်းချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။


တော့တီ သည် ရောမမြို့တွင် မွေးဖွားခဲ့ပြီး ပေါ်တာမီထရိုနီရာ ရပ်ကွက်တွင်ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်ကပင် သူသည် ရိုးမားအသင်းခေါင်းဆောင်ဟောင်း ဂူစက်ပီဂီရန်နီနီအား အတုယူကာ သူ့ထက်အသက်ကြီးသောသူများနှင့်ဘောလုံးကစားခဲ့ပါတယ်။ 𝟏𝟗𝟖𝟒 ခုနှစ်တွင် လူငယ်ဘော်လုံးအသင်း ဖော်တစ်တူဒို နှင့်စတင်ကစားခဲ့ပြီးနောက်ပိုင်း ထရပ်စ်တီဗီရီ နှင့် လိုဒီဂီယာနီ တို့နဲ့ပူးပေါင်းခဲ့ပါတယ်။ ကင်းထောက်များ အာရုံစိုက်လာပြီးနောက်တွင် သူ့မိခင်က သူ့ကိုဇာတိမြို့မှာပဲရှိစေခြင်တဲ့အတွက် မီလန်မှ တန်ဖိုးကြီးသောကမ်းလှမ်းမှုများကိုပယ်ချခဲ့ပါတယ်။ သူ့ရဲ့လူငယ်အသင်းမှာ တော့တီအား လာဇီယိုလူငယ်အသင်းထံ ရောင်းချရန် ကနဦးသဘောတူညီမှုရရှိခဲ့သော်လည်း 𝟏𝟗𝟖𝟗 ခုနှစ်တွင် ရိုးမားလူငယ်နည်းပြ တစ်ဦးဖြစ်သည့် ဂီလ်ဒိုဂီရန်နီနီ က သူ့ရဲ့မိဘများကို ရိုးမားလူငယ်အသင်းတွင် ပါဝင်ခွင့်ပေးရန်ဆွဲဆောင်ခဲ့ပါတယ်။

သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးတွင် ဂန္တဝင်နံပါတ် 𝟏𝟎 ကစားသမားအဖြစ်သာ အဓိကကစားခဲ့ပြီး ရိုးမားကစားသမားဘဝနောက်ပိုင်းနှစ်များတွင်သာ သူသည် တိုက်စစ်မှူးအဖြစ် ကစားခဲ့ပါတယ်။ နောက်ပြီးတော့တီဟာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ စွယ်စုံရကစားသမားဖြစ်တဲ့အတွက် ရှေ့တန်းတလျှောက် ဘယ်နေရာမှာမဆို ကစားနိုင်တဲ့အပြင် တောင်ပံကစားသမားအဖြစ် ဒါမှမဟုတ် ဗဟိုကွင်းလယ် ကစားသမားအဖြစ်လည်း ရံဖန်ရံခါ မြင်တွေ့ရလေ့ရှိပါတယ်။

သူဟာ နိုင်ငံအသင်းနှင့်အတူ 𝟐𝟎𝟎𝟔 ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီး ယူရို 𝟐𝟎𝟎𝟎 ဖိုင်နယ်တွင် လည်းပါဝင်ကစားကာ ကမ္ဘာ့အဆင့်အောင်မြင်မှုများရရှိခဲ့ပြီး ထိုပြိုင်ပွဲနှစ်ခုစလုံး အတွက် အကောင်းဆုံးအသင်း ( 𝐀𝐥𝐥-𝐒𝐭𝐚𝐫 ) မှာလည်းရွေးချယ်ခံခဲ့ရပါတယ်။ နောက်ပြီး 𝟐𝟎𝟎𝟐 ကမ္ဘာ့ဖလားနှင့် ယူရို 𝟐𝟎𝟎𝟒 တို့တွင်လည်း ပါဝင်ကစားခဲ့ပြီး 𝟐𝟎𝟎𝟕 ခုနှစ်မှာတော့ ဒဏ်ရာပြဿနာများကြောင့် ရိုးမားအသင်းအတွက်သာအာရုံအပြည့်အဝစိုက်ခြင်တဲ့အတွက် လက်ရွေးစင်ကစားသမားဘဝ မှအနားယူခဲ့ပါတယ်။

တော့တီလို စွမ်းဆောင်ရည်မြင့်မားတဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ကို အဲ့ဒီအချိန်တွေမှာ လိုခြင်တဲ့အသင်းတွေများဝိုင်းဝိုင်းကိုလည်ခဲ့တာပါ။ တချို့အသင်းတွေဆိုလစာတွေ ရှယ်ပေးပြီး သွေးဆောင်ဖျားယောင်းခဲ့ပါသေးတယ် ။ဒါပေမဲ့တော့တီအတွက်က ဒီအပေါ်မှာ ဘာခံစားချက်မှ မပြောင်းသွားခဲ့ပါဘူး။ သူ့အတွက်က ရိုးမားမှာကစားရခြင်းကသာ ဘောလုံးကစားသမား ဘဝအဓိပ္ပါယ်ရှိခဲ့တာပါ။ နောက်ပြီးသူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ ရိုးမားကိုဘယ်တော့မှ ပစ်မသွားရက်တဲ့သူ့ရဲ့ခံစားချက်နဲ့ သစ္စာရှိမှုတွေကလည်း တကယ်ကို လေးစားစရာကောင်းလွန်း ခဲ့ပါတယ်။


#k9mmmedia

#Roma

# FrancescoTotti

Related Sports News