အားကစားသတင်းများ

ခံစစ်မှူးတိုင်းလေးစားအတုယူကြရတဲ့ ဂန္ထဝင်ခံစစ်တံတိုင်းကြီးပေါ်လိုမာဒီနီ

blog image

November 20, 2024

အချိန်တိုင်းရဲ့ အကြီးမြတ်ဆုံးသော ခံစစ်ကစားသမားများထဲမှ တစ်ဦးအဖြစ်ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံရပြီး မီလန်နှင့် အီတလီအသင်းခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာကြာအောင်ကစား ခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မီလန်အတွက် နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေပြီး USL ချန်ပီယံရှင်ကလပ် မိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။


1978 ခု 10 နှစ်သားတွင် မာဒီနီဟာ အေစီမီလန်လူငယ်အကယ်ဒမီအတွက် ပထမဆုံး စမ်းသပ်မှုပြုလုပ်ခဲ့ပြီး အဲဒီ့မတိုင်ခင်အချိန်တွေမှာတော့ လမ်းဘေးဘောလုံးကိုပဲ ကစားခဲ့ပါတယ်။ သူဟာ 4-4-2 ကစားကွက်တွင် ညာဘက်ကွင်းလယ်ကစားသမား သို့မဟုတ် တောင်ပံကစားသမား အဖြစ်သူ့ရဲ့အသက်အရွယ်အသင်းများတွင် အောင်မြင်စွာကစားခဲ့ပြီး အသက် 14 နှစ်အရွယ်မှာတော့ ညာခြမ်းခံစစ် အဖြစ်ပြောင်းလဲခဲ့ကာ သူသည်ခြေနှစ်ဖက်စလုံးနှင့်ဘောလုံကိုကောင်းမွန်စွာ ကစားနိုင်သောကြောင့် တစ်ခါတစ်ရံတွင် ဘယ်ဘက်ခြမ်းတွင်လည်းကစားပေးခဲ့ပါတယ်။ သူဟာ ကိုပါအီတာလီယာ ပရီမဗာရာဖလားကို 1984-85 ဘောလုံးရာသီတွင် မီလန်လူငယ်အသင်းနှင့်အတူ ဆွတ်ခူးခဲ့ပြီး သူ့အသက် 16 နှစ် နည်းပြ နေးစ်လက်ဒ်ဟုမ်း လက်ထက် 1985 ခုနှစ် ဇန်နဝါရီလ 20 ရက်နေ့တွင် မီလန်အတွက် လိဂ်ပွဲဦးထွက်အဖြစ် ဒဏ်ရာရရှိခဲ့သော ဆာဂျီယိုဘာတီနီကို အစားထိုးကာ 1985 ခုနှစ် ဇန်နဝါရီလ 20 ရက်နေ့တွင် အူဒီးနီးစ်နှင့်ပွဲတွင်စတင်ကစားခဲ့ပါတယ်။ အသက် 17 နှစ်အရွယ်မှာတော့ စီနီယာညာနောက်ခံလူအဖြစ် ကျောနံပါတ် 3 ဂျာစီပေးအပ်ခံရပြီး ယခင်ကသူ့အဖေရဲ့ ကျောနံပါတ်ကိုပြန်လည်လက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ်။


မာဒီနီ သည် အေစီမီလန်တွင် ကစားခဲ့သည့် ကစားသမားဘဝ၏ 25 ရာသီစလုံးကို ဖြတ်သန်းခဲ့ပြီး 2009 ခုနှစ်တွင် အသက် 41 နှစ်တွင် အနားယူခဲ့ပါတယ်။ မီလန်နှင့် အတူ ဆုဖလား 26 ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် 5 ကြိမ်၊ စီးရီးအေ 7 ကြိမ်၊ ကိုပါအီတာလီယာ 1 ကြိမ်၊ စူပါကိုပါအီတာလီနာ ဖလား 5 ကြိမ်၊ ဥရောပ/ယူအီးအက်ဖ်အေစူပါဖလား 5 ကြိမ်၊ အင်တာနေရှင်နယ်ဖလား 2 ကြိမ်နှင့် ဖီဖာကလပ် ကမ္ဘာ့ဖလား 1 ကြိမ် တို့ရရှိခဲ့ပါတယ်။ သူဟာ အသက် 39 နှစ်အရွယ် ယူအီးအက်ဖ်အေကလပ် Football Awards တွင် အကောင်းဆုံး ခံစစ်ကစားသမားဆုနှင့် 2004 ခုနှစ်တွင် စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံးခံစစ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အနားယူပြီးနောက် မီလန်ကသူ့ရဲ့ ကျောနံပါတ် 3 ဂျာစီကိုအနားပေးခဲ့ပါတယ်။


မာဒီနီ ဟာ 1988 မှာ အီတလီအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး 14 နှစ်ကြာကစားခဲ့ကာ 126 ပွဲကစားခဲ့ပြီး 2002 ခုနှစ်မှာအနားယူခဲ့ပါတယ်။ ဖေဘီရိုကန်နာဗာရို နှင့် ဖူဖွန် တို့ကို ကျော်တက် သွားသည်အထိ အီတလီအသင်းနှင့် ပွဲထွက်ခွင့်စံချိန်ကိုထိန်းထားနိုင်ခဲ့သူပါ ။ သူသည် အီတလီ အသင်းခေါင်းဆောင်အဖြစ် 8နှစ်ကြာကစားခဲ့ပြီး အီတလီအသင်းခေါင်းဆောင်အဖြစ် 75 ပွဲပါဝင် ကစားသည့် စံချိန်ကိုပါရယူနိုင်ခဲ့ပါတယ်။ အီတလီနှင့်အတူ ဖီဖာကမ္ဘာ့ဖလား 4 ကြိမ်နှင့် ယူအီးအက်ဖ်အေ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲများတွင် ပါဝင်ခဲ့ပါတယ်။။ နိုင်ငံအသင်းနှင့်အတူ ဆုဖလားတစ်လုံးမှမရယူနိုင်ခဲ့သော်လည်း 1994 ကမ္ဘာ့ဖလား၊ ယူရို 2000 ဗိုလ်လုပွဲနှင့် 1990 ကမ္ဘာ့ဖလား၊ ယူရို 1988 ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့ပြီး ထိုပြိုင်ပွဲအားလုံးအတွက် အကောင်းဆုံး အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။


သူသည် 1995 ဖီဖာတစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမားဆုမှာဒုတိယ ၊ 1994 နှင့် 2003 ရွှေဘောလုံးဆုတို့တွင် တတိယရရှိခဲ့ပြီး 2002 ဖီဖာကမ္ဘာ့ကလပ် Dream Team တွင်ပါဝင်ခဲ့သူပါ။ 2004 ခုနှစ်တွင် ပီလီ သည် သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမားများစာရင်း FIFA 100 စာရင်းတွင် ထည့်သွင်းခဲ့ပါတယ်။ 20 ရာစုရဲ့ အကြီးကျယ်ဆုံး ကစားသမား 100 စာရင်းတွင် ကမ္ဘာ့ဘောလုံးမဂ္ဂဇင်း ရဲ့ အဆင့် 21 တွင် ရပ်တည်ခဲ့သူပါ။

သူသည် ယူအီးအက်ဖ်အေကလပ် ပြိုင်ပွဲများတွင် ပွဲအများဆုံး 174 ပွဲဖြင့် စံချိန်တင်ခဲ့ပြီး 2017 ခုနှစ်တွင် ကာစီးလက်စ်ကို ကျော်တက်သွားသည်အထိ စံချိန်တင် ခဲ့ပါတယ်။ မီလန်အသင်းနှင့် 902 ပွဲကစားသည့် စံချိန်ကို ရရှိထားသူဖြစ်ပြီး ကစားသမားဘဝ ပွဲပေါင်း 1,000 ကျော် ပြုလုပ်ထားသည့် ကစားသမားအနည်းငယ် ထဲမှ တစ်ဦးလည်းဖြစ်ကာ ဒီဇင်ဘာလ 2012 တွင် Italian Football Hall of Fame သို့ စာရင်းသို့ဝင်ခဲ့ပါတယ်။


သူ့ကစားသမားဘဝ အများစုအတွက် ဘယ်နောက်ခံလူအဖြစ် ကစားခဲ့ပေမယ့် မာဒီနီ ဟာ ညာခြေနဲ့ မီလန်အတွက် ညာနောက်ခံလူအဖြစ် စတင်ကစားခဲ့ပါတယ်။ သူ့ရဲ့ အမြင့်ဘောစွမ်းဆောင်ရည်၊ လျှောတိုက်ဖြတ်ထုတ်မှုများ၊ အမြန်နှုန်းနှင့် ခံနိုင်ရည်ကြောင့် ကျော်ကြားသလိုသူ့ရဲ့ နည်းဗျူဟာဆိုင်ရာ နှင့် ဘောလုံးလမ်းကြောင်းကိုကြိုတင်ခန့်မှန်းနိုင်စွမ်းတွေကြောင့်လည်း ကျော်ကြားခဲ့သူပါ။ ခံစစ်ကစာသမားဖြစ်ပေမဲ့ ကွင်းအတွင်း စည်းကမ်းရှိမှုကြောင့် ကစားသမားဘဝတစ်လျှောက်လုံး တွင် အနီကတ်သုံးကတ်သာ ရရှိထားသူလည်းဖြစ်ပါတယ်။

#k9mmmedia
#PaoloMaldini
#Defender








Related Sports News