အားကစားသတင်းများ

တစ်ချိန်က အားကစားဂျာနယ်မျက်နှာဖုံးမှာနေရာအမြဲယူခဲ့တဲ့ တင်းနစ်အလှမယ် ရှာရာပိုဗာ

blog image

November 26, 2024

တင်းနစ်အလှမယ်လေး ရှာရာပိုဗာ ဟာ ရုရှားနိုင်ငံရဲ့ နံပါတ်တစ် ဖြစ်ပြီး 𝐖𝐓𝐀 𝐓𝐨𝐮𝐫 တွင် 𝟐𝟎𝟎𝟏 ခုနှစ်မှ 𝟐𝟎𝟐𝟎 ခုနှစ်အထိ ယှဉ်ပြိုင်ခဲ့ကာ အမျိုးသမီးတင်းနစ်အသင်း (𝐖𝐓𝐀) မှာ 𝟐𝟏 ပတ်ကြာ ကမ္ဘာ့နံပါတ် 𝟏 နေရာကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမသည် 𝐜𝐚𝐫𝐫𝐞𝐫 𝐆𝐫𝐚𝐧𝐝 𝐒𝐥𝐚𝐦 အောင်မြင်မှုကိုရခဲ့သည့် အမျိုးသမီး ဆယ်ဦးထဲမှတစ်ဦးဖြစ်ပြီး 𝟐𝟎𝟏𝟐 လန်ဒန်အိုလံပစ် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ငွေတံဆိပ်ဆုကိုရရှိခဲ့ပါတယ်။ သူမရဲ့မျိုးဆက်မှာတော့ အကောင်းဆုံး အမျိုးသမီးတင်းနစ် ကစားသမားများထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

ရှာရာပိုဗာ သည် အသက် 𝟏𝟖 နှစ် ၊ 𝟐𝟐 သြဂုတ် 𝟐𝟎𝟎𝟓 တွင် ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် 𝟏 ဖြစ်လာခဲ့ပြီး တစ်ဦးချင်အဆင့်တွင်ထိပ်ဆုံးမှာရပ်တည်ထားနိုင်တဲ့ ပထမဆုံး ရုရှားအမျိုးသမီး တန်းနစ်ကစားသမားဖြစ်ခဲ့ပါတယ်။ သူမသည် အဓိကဆုဖလား 𝟓 ခုရရှိခဲ့ပြီး ပြင်သစ်အိုးပင်းတွင် နှစ်ခုနှင့် ဩစတြေးလျအိုးပင်း၊ ဝင်ဘယ်ဒန် နှင့် 𝐔𝐒 𝐎𝐩𝐞𝐧 တို့တွင် တစ်ခုစီဆွတ်ခူးခဲ့ပါတယ်။ နောက်ပြီး နှစ်ထပ်ကွမ်းချန်ပီယံအဖြစ် 𝟑 ကြိမ်အပါအဝင် 𝟐𝟎𝟎𝟒 ပွဲဦးထွက်မှဆိုလျှင် ဆုတံဆိပ် အားလုံးပေါင်း 𝟑𝟔 ခုထိလည်းပိုင်ဆိုင်ထားသူပါ။ သူသည် 𝐖𝐓𝐀 နှင့်အတူ ရုရှားကိုယ်စားပြုအဖြစ် ကစားခဲ့သော်လည်း၊ 𝟏𝟗𝟗𝟒 ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုတွင် အတည်တကျနေထိုင် နေသူဖြစ်ပါတယ်။

သူသည် 𝟐𝟎𝟏𝟔 ဩစတြေးလျအိုးပင်း၊ မူးယစ်ဆေးဝါးစစ်ဆေးမှုတွင် မအောင်မြင်ခဲ့ဘဲ 𝟐𝟎𝟏𝟔 ၊ ဇွန်လ 𝟖 ရက်နေ့တွင် သူမအား နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ် (𝐈𝐓𝐅) မှ တင်းနစ်ကစားခြင်းမှ 𝟐 နှစ်ဆိုင်းငံ့ ခဲ့ပါတယ်။ သို့သော် အားကစားဆိုင်ရာ စီရင်ဆုံးဖြတ်ရေးတရားရုံးက သူမသည် ထင်ရှားသော အပြစ်မရှိကြောင်းနှင့် ဆရာဝန်ညွှန်ကြားသောဆေးများကိုသောက်သုံးခြင်းဖြစ်ကြောင်း တင်ပြခဲ့ပြီး 𝟐𝟎𝟏𝟔 ၊ အောက်တိုဘာ 𝟒 ရက်နေ့တွင် ဆိုင်းငံ့ခြင်းအား 𝟏𝟓 လသို့ လျှော့ချပေးခဲ့ပါတယ်။ ပြီးနောက် ဧပြီလ 𝟐𝟔 ရက်နေ့တွင် 𝐖𝐓𝐀 𝐓𝐨𝐮𝐫 သို့ပြန်လည်ယှဉ်ပြိုင်ခဲ့ပါတယ်။

ရှာရာပိုဗာသည် တင်းနစ်အပြင်ဘက်တွင် မော်ဒယ်လ်အလုပ်များစွာကိုလည်းလုပ်ကိုင်ခဲ့ပြီး 𝐍𝐢𝐤𝐞၊ 𝐏𝐫𝐢𝐧𝐜𝐞 နှင့် 𝐂𝐚𝐧𝐨𝐧 တို့အပါအဝင် ကြော်ငြာများစွာရိုက်ကာ အခြားအမှတ်တံဆိပ်များစွာရဲ့ ပင်တိုင်မော်ဒယ်လ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပြီး 𝟐𝟎𝟎𝟕 ဖေဖော်ဝါရီလကတည်းက သူမသည် 𝐂𝐡𝐞𝐫𝐧𝐨𝐛𝐲𝐥 𝐑𝐞𝐜𝐨𝐯𝐞𝐫𝐲 𝐚𝐧𝐝 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 နှင့် အထူးသက်ဆိုင်သော ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

ဇွန် 𝟐𝟎𝟏𝟏 တွင် သူမအား 𝐓𝐢𝐦𝐞 မဂ္ဂဇင်း မှ "𝟑𝟎 𝐋𝐞𝐠𝐞𝐧𝐝𝐬 𝐨𝐟 𝐖𝐨𝐦𝐞𝐧'𝐬 𝐓𝐞𝐧𝐧𝐢𝐬 “ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် တွင် ပါဝင်ခဲ့ပြီး 𝐌𝐚𝐫𝐜𝐡 𝟐𝟎𝟏𝟐 တွင် တင်းနစ်ချန်နယ်မှ "𝟏𝟎𝟎 𝐆𝐫𝐞𝐚𝐭𝐞𝐬𝐭 𝐀𝐥𝐥 𝐓𝐢𝐦𝐞" ထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 𝐅𝐨𝐫𝐛𝐞𝐬 ရဲ့အဆိုအရ သူမသည် ကမ္ဘာပေါ်တွင် 𝟏𝟏 နှစ်ဆက်တိုက် လစာအများဆုံး အမျိုးသမီးအားကစားသမားအဖြစ် ရပ်တည်ခဲ့ပြီး၊ 𝟐𝟎𝟎𝟏 ခုနှစ်တွင်ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လာပြီးထဲကစတင်ကာ 𝐔𝐒$ 𝟐𝟖𝟓 သန်း (ဆုငွေများအပါအဝင်) ရရှိခဲ့ပါတယ်။

သူမရဲ့ကစားသမားဘဝက ခမ်းနာခဲ့ပေမဲ့ တင်းနစ်သမားတစ်ယောက်ဖြစ်လာဖို့ သူမကျော်ဖြတ်ခဲ့ရတဲ့ ဘဝတွေက တကယ်ကြမ်းတမ်းခဲ့ပါတယ်။ သူမငယ်ဘဝမှာပဲ သူမမိဘတွေနေထိုင်ရာအနီးမှာရှမ်နိုဗိုင်း နယူးကလီးယားပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကံကောင်စွာပဲသူတို့မိသားစုက အသက်ဘေးကနေ လွတ်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်တော့ တင်းနစ်သမားဖြစ်ခြင်တဲ့ အိမ်မက်ကိုဖြည့်စီးဖို့အတွက် သူ့မိဘတွေက ပိုက်ဆံတွေချေး၊ အလုပ်တွေအများကြီးလုပ်ကာ ရုရှားကနေ၊ အမေရိက ကိုပြောင်းရွှေ့ဖို့ကြိုးစားခဲ့ရကြရတာပါ။ အမေရိကန်မှာ သူမအတွက် ဈေးသက်သာတဲ့ တင်းနစ်သင်တန်းတွေထားခဲ့ပြီး အဲဒီကနေတစ်ဆင့် တင်းနစ်မယ်တစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရှာရာပိုဗာ ဟာကျွန်တော်တို့ ဘောလုံးသတင်းတွေကိုအခုလိုမျိုး လိုင်းကနေအလွယ်တကူဖတ်လို့မရတဲ့ အချိန်တုန်းက အားကစားဂျာနယ်တွေကနေတဆင့်ရင်းနှစ်ကျွမ်းဝင်ခဲ့သူလို့ပြောရပါမယ်။ သူမရဲ့လှပတဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံတွေဟာ အားကစားဂျာနယ်မျက်နှာဖုံးမှာပါလာလေ့ရှိပြီး အမြဲလိုလိုမြင်တွေ့ ခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ရှာရာပိုဗာဟာ တင်းနစ်လောက ကနေအနားယူသွားတာ ကြာပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထက်ကာ မော်ဒယ်တစ်ယောက် အဖြစ်လုပ်ကိုင်လျက်ရှိပါတယ် ။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။

#k9mmmedia

#MariaSharapova

#Tennis




Related Sports News