အားကစားသတင်းများ

ယူနိုက်တက်အတွက်ဘဝတစ်ခုလုံးပုံအပ်ပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ ရွိုင်ယန်ဂစ်

November 23, 2024

ဝေးလ်း နိုင်ငံသားဂန္ထဝင်ကစားသမားကြီး ရိုင်ယန်ဂစ်ဟာ ဘောလုံးသမား၊ ဘောလုံးနည်းပြ၊ နှင့် လက်ရှိမှာ ဆဲလ်ဖို့ဒ်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်။ သူဟာချွင်းချက်မရှိသူ့မျိုးဆက်ရဲ့အကြီးကျယ်
ဆုံး ကစားသမားတွေထဲမှတစ်ယောက်ဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး တောင်ပံကစားသမားများထဲမှ တစ်ဦးအဖြစ်လဲသတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတစ်ခုလုံးကို မန်ချက်စတာယူနိုက်တက်အသင်းမှာ ကုန်ဆုံးခဲ့ပြီး ယာယီ နည်းပြ၊ လက်ထောက်နည်းပြအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ လှပတဲ့ကစားဟန်နဲ့ အဖိုးတန်ဘယ်ခြေတစ်ချောင်းပိုင်ဆိုင်ထားပြီး ကစားသမားဘဝ ပွဲပေါင်း 𝟏,𝟎𝟎𝟎 ကျော် ကစားခဲ့သည့် ကစားသမား 𝟒𝟒 ဦးအနက်မှတစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။



ရိုင်ယန်ဂစ်ဟာ ရပ်ဘီကစားသမားဝေးလ်လက်ရွေးစင် ဒန်နီဂျွန်ဆင်ရဲ့သားဖြစ်ပြီး သူ့ကို ကာဒစ်ဖ်မြို့ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဟာ ဆွင်းတောင်း 𝐑𝐋𝐅𝐂 ရပ်ဘီအသင်းနှင့် ပူးပေါင်းခဲ့တဲ့အတွက် သူ့အသက် 𝟔 နှစ်သားအရွယ်မှာသူတို့မိသားစုဟာ ဂရိတ်တားမန်ချက်စတာရှိ ဆဲလ်ဖို့ဒ်မြို့ကို ပြောင်းရွှေ့ နေထိုင်ခဲ့ပါတယ်။ ဆဲလ်ဖို့ဒ် ကိုပြောင်းရွှေ့ပြီးနောက် ဂစ်ဟာ မန်ချက်စတာစီးတီး ကင်းထောက် ဒန်းနစ်စကိုဖီးဒ် မှနည်းပြသည့်ဒေသခံအသင်း ဒင်းစ် ဘောလုံးအသင်းမှာ ထင်းရှားခဲ့ပါတယ်။ ဒါကြောင့် ဒန်းနစ်စကိုဖီးဒ်သည် မန်ချက်စတာစီးတီးသို့ ပြောင်းရန်အကြံပြုခဲ့ပြီး နောက် ဂစ်ကသူ့တို့ရဲ့ကျောင်းမှာစာရင်းသွင်းခဲ့ပါတယ်။



အဓိကအားဖြင့်သူဟာကွင်းလယ်ဘယ်ခြမ်းမှာကစားပြီး မန်စီးတီးအသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ပေမယ့် 𝟏𝟗𝟖𝟕 ၊ သူ့ရဲ့ 𝟏𝟒 နှစ်မြောက် မွေးနေ့မှာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိ လာခဲ့ပါတယ်။ သူဟာ 𝟏𝟗𝟗𝟏 ခုနှစ်မှာ ကလပ်အတွက် ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ကစားခဲ့ပြီး 𝟐𝟑 နှစ်ကြာ စီနီယာအသင်းအတွက်ကစားပေးခဲ့ပါတယ်။ 𝟐𝟎𝟏𝟑-𝟏𝟒 ရာသီကုန်တွင် ဘောလုံးကစားခြင်းမှ အနားယူခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း 𝟗𝟔𝟑 ပွဲကစားပြီး ပြိုင်ပွဲစုံကလပ်စံချိန်တင်ခဲ့ပါတယ်။



ဆုဖလားအောင်မြင်မှုအဖြစ်သူဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု 𝟏𝟑 ကြိမ်ရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အခြားကစားသမားတွေထက်ပိုများကာ အက်ဖ်အေဖလား 𝟒 ကြိမ်၊ လိဂ်ဖလား 𝟒 ကြိမ်၊ ချန်ပီယံလိဂ် 𝟐 ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား 𝟏 ကြိမ်၊ အင်နာနေရှင်နယ်ဖလား 𝟏 ကြိမ်၊ ဉရောပစူပါဖလား 𝟏 ကြိမ် နှင့် ကွန်မြူနတီဒိုင်း 𝟗 ကြိမ်တို့ကိုရရှိခဲ့ပါတယ်။ နောက်ပြီးပရီးမီးယားလိဂ်မှာ ဂစ်ထက် လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာဆိုလို့ မန်ချက်စတာယူနိုက်တက်နှင့် လီဗာပူးတို့အသင်းသာ ရှိပါတယ်။


ရိုင်ယန်ဂစ်ဟာ သမိုင်းတစ်လျှောက် 𝐏𝐅𝐀 တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို 𝟏𝟗𝟗𝟐 နှင့် 𝟏𝟗𝟗𝟑 တွင် 𝟐 နှစ်ဆက်တိုက်ရရှိခဲ့ပြီး ၊ တစ်ဦးတည်းသောကစားသမားအဖြစ် ပရီမီးယားလိဂ်ရဲ့ 𝟐𝟐 ရာသီလုံးကိုကစားခဲ့သလို 𝟐𝟏 ရာသီ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟎𝟕 ခုနှစ်တွင် 𝐏𝐅𝐀 ရဲ့ရာစုနှစ်အသင်း၊ 𝟐𝟎𝟎𝟑 ခုနှစ်တွင်ပရီးမီးယားလိဂ်ရဲ့ ဆယ်စုနှစ်အသင်း နှင့် 𝐅𝐀 𝐂𝐮𝐩 အသင်းရဲ့ရာစုနှစ်တွင်ရွေးချယ်ခံခဲ့ရပါတယ်။နောက်ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု 𝟏𝟔𝟐 ကြိမ်နှင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု 𝟒𝟏 ကြိမ်ပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 𝟐𝟎𝟎𝟗 ခုနှစ်တွင် 𝐁𝐁𝐂 𝐒𝐩𝐨𝐫𝐭𝐬 ရဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐭𝐲 𝐨𝐟 𝐭𝐡𝐞 𝐘𝐞𝐚𝐫 အဖြစ် သတ်မှတ်ခံခဲ့ရပြီး 𝟐𝟎𝟎𝟕 ဘုရင်မမွေးနေ့တွင် 𝐎𝐁𝐄 အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။



နိုင်ငံလက်ရွေးစင်အဖြစ် ဂစ်ဟာ ဝေးလ်လက်ရွေးစင်အသင်းအတွက် 𝟏𝟗𝟗𝟏 ခုနှစ်မှ 𝟐𝟎𝟎𝟕 ခုနှစ်အတွင်း 𝟔𝟒 ပွဲပါဝင်ကစားပြီး 𝟏𝟐 ဂိုးသွင်းယူခဲ့ကာ 𝟐𝟎𝟏𝟐 နွေရာသီအိုလံပစ်တွင် ယှဉ်ပြိုင်ခဲ့သော ဂရိတ်ဗြိတိန် အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။



ယူနိုက်တက်မှာ ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် ယူနိုက်တက်ကို တာဝန်ယူခဲ့ပြီး နည်းပြလူးဝစ်ဗန်ဟားရဲ့ လက်ထောက်နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ နောက်ပိုင်း နည်းပြမော်ရင်ဟိုကို ခန့်အပ်ပြီးနောက် 𝟐𝟎𝟏𝟔 ဇူလိုင်မှာယူနိုက်တက်ကနေ ထွက်ခွာခဲ့ ပါတယ်။ 𝟐𝟎𝟏𝟖 ဇန်နဝါရီလတွင် ဝေးလ်လက်ရွေးစင်အသင်းရဲ့ မန်နေဂျာအသစ် ဖြစ်လာခဲ့ကာ ဂစ်သည် ဝေးလ်ကို ယူအီးအက်ဖ်အေ ယူရို 𝟐𝟎𝟐𝟎 အတွက်ပါဝင်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး 𝟐𝟎𝟎𝟐 ဇွန်လတွင် ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။



ဂစ်ရဲ့ ကစားသမားဘဝကတကယ်ကိုခမ်းနားလွန်းခဲ့ပါတယ်။ နည်းပြကြီးဖာဂူဆန် ပြောပြောနေကျ သူကိုင်တွယ်ဖူးတဲ့ ကမ္ဘာ့အဆင့်ကစားသမား 𝟓 ဦးစာရင်းမှာထိပ်ဆုံးကနေပါဝင်ခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ဘယ်ခြေတစ်ပေါက်က တစ်ကယ်ကိုအဖိုးတန်ပြီး ကြည့်ရတဲ့သူတွေအတွက်ဖျော်ဖြေမှု ဘယ်လောက်ထိပေးစွမ်းနိုင်လဲဆိုတာ ယူနိုက်တက်ဖန်တွေသာအသိဆုံးဖြစ်မှာပါ။

#k9mmmedia
#ManchesterUnited
#RyanGiggs


Related Sports News