အားကစားသတင်းများ

ပေါ့ဘာ ပြန်လာနိုင်ခဲ့ပြီ

blog image

October 6, 2024

အများကကမ္ဘာ့အဆင့်ကစားသမားလို့သတ်မှတ်ထားတဲ့ ၊ ကွင်းထဲမှာလွှမ်းမိုးမှုအပြည့်ရှိတဲ့ ၊ ဖြတ်တင်ဘောတွေသေသပ်လွန်းတဲ့ ကစားသမားကိုပြပါဆိုရင် ပေါ့ဘာ လို့ပဲပြောရပါမယ်။ ထိပ်တန်းအဆင့် ကစားသမားတစ်ယောက်မှာပိုင်ဆိုင်ထားတဲ့အရည်အချင်းတွေအားလုံးရှိပြီး အမြင့်ဆုံးထိ မဖြစ်ထွန်းခဲ့တဲ့ကစားသမားတစ်ယောက်ဆိုလည်းမမှားပါဘူး။ ကွင်းထဲမှာထက် ကွင်းပြင်ပမှာပိုပြီးအာရုံစိုက်တာ၊ ဖက်ရှင်တွေအပေါ်ရူးသွပ်တာ၊ စည်းကမ်းလိုက်နာမှုတွေအားနည်းလွန်းတာက သူ့ရဲ့ကစားသမားဘဝကို ဒီထက်ပိုပြီးမအောင်မြင်စေခဲ့တာဖြစ်ပါတယ်။ 

ဂျူဗင်တပ်ကို ပထမဦးဆုံးအကြိမ်ရောက်ရှိတုန်းကနဲ့ ပြင်သစ်အတွက်ကစားပေး‌နေတုန်းကဆို ပေါ့ဘာကတကယ့်ထိပ်တန်းပါ။ နိုင်ငံသင်းနဲ့တောင် ကမ္ဘာ့ဖလားကိုရယူနိုင်ခဲ့ပါသေးတယ်။ သူ့ကိုယူနိုက်တက်ကပဲ ဖျက်ဆီးလိုက်တာလား ၊ ကိုယ်တိုင်ပဲမကြိုးစားချင်လို့လားတော့မသိ နောက်ဆုံးယူနိုက်တက်မှာ ပြဿနာတွေတက်ပြီး ဂျူဗင်တပ်ဆီကိုပဲပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ဂျူဗင်တပ်ကိုပြန်လာခြင်းက ပေါ့ဘာထင်သလို ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာတွေခဏခဏရပြီး ပွဲကစားခွင့်တွေနည်းပါး ၊ နည်းပြနဲ့ လည်းပြဿနာတွေတက် နောက်ဆုံးဆေးကျပြီး 4 နှစ်ကစားခွင့် ပိတ်ပင်ခံရတဲ့ထိကို ဘဝကလုံးဝကို ဇောက်ထိုးဖြစ်သွားခဲ့ပါတယ်။ သူပွဲပိတ်ပင်ခံထိတုန်းကဆို အသက်အရွယ်က 30 ကျော်ဆိုတော့ ကစားသမားဘဝကိုပါအနားယူရ တော့မယ့်အခြေအနေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဂျူဗင်တပ်ကလည်း စာချုပ်ဖျက်သိမ်းမယ်၊ စပွန်ဆာ ကုမဏီတွေဘက်ကလည်း စာချုပ်တွေဖျက်သိမ်းမယ် စတဲ့ပြဿနာပေါင်းစုံနဲ့ကြုံပြီး အားလုံးရှေ့ကနေ ပျောက်ကွယ်လုနီးပါး ပါဖြစ်သွားခဲ့ပါတယ်။ 

ပြောရရင် ပေါ့ဘာ ဘဝကနိမ့်မြင့်တက်ကျတွေပေါင်းစုံပါ၊ သူ့ကိုအားလုံးက ဘောလုံးလောကထဲမှာ ပြန်မမြင်ရတော့ဘူးလို့ထင်ထားခဲ့တဲ့အချိန် ကံကြမ္မာက အခွင့်ရေးပြန်ပေးခဲ့ပြီး ဘောလုံးကစားသမား ဘဝကိုပြန်လည်စတင်လို့ရမဲ့ဒုတိယအခွင့်အရေးကိုရခဲ့ပါတယ်။ သူ့ရဲ့ပြစ်ဒဏ်အတွက် အယူခံဝင်တာ အောင်မြင်ခဲ့ပြီး နိုင်ငံတကာအားကစားခုံရုံး ( CAS ) က 4 နှစ်ကနေ 1နှစ်ခွဲ ထိ​​​ဖြေ​လျော့​ပေးခဲ့ပါတယ်။

တကယ်ကိုမထင်ထားတဲ့အရာပါ ​ပေါ့ဘာ​ ပြောတာ​တော့သူဟာတားမြစ်​ဆေးသုံးစွဲတာမဟုတ်ပဲ ဆရာ​ဝန်တွေ​ပေးတဲ့အား​ဆေးကိုသာသုံးစွဲတယ်ဆိုပြီး​တော့ပါ။ဒါကြောင့်သူ့အနေနဲ့ ဇွန်နဝါရီမှာ လေ့ကျင့်ခန်း​တွေပြန်ဆင်းပြီး မေလလောက်မှာဘောလုံး ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ​ပေမဲ့လည်း ​ထပ်ပြီးကံဆိုးပုံက ဘောလုံး​​လောကထဲပြန်လည်ဝင်​ရောက်လို့ရတာမှန်​ပေမယ့် လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဂျူဗင်တပ်အသင်းကပေါ့ဘာရဲ့စာချုပ် ကိုအခုထိစဉ်းစားနေတုန်းဖြစ်ပြီး ပေါ့ဘာကိုဂျူဗင်မှာပဲတွေ့ရမလား အခြားအသင်းတွေမှာပဲတွေ့ရမလားတော့စောင့်ကြည့်ရပါအုံးမယ်။ ဘာပဲပြောပြော နိဂုံးချုပ်ရရင်တော့ ပေါ့ဘာ တစ်ယောက်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကြား ကနေရုန်းထွက်ပြီး ပြန်လည်ရှင်သန်နိုင်ခဲ့ပြီ၊ ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

#K9WinSportsMedia

#manchesterunited

#juventus

#paulpogba

Related Sports News