စတင်ပေါ်ထွက်လာချိန်မှစ၍ ကစားသမားဘဝတစ်လျှောက်တည်ငြိမ်တဲ့လက်စွမ်းတွေကြောင့် ကျော်ကြားခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ထားခြင်းခံရသူကတော့ ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန်ပဲဖြစ်ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝပွဲပေါင်း 1,100 ကျော်ကစားခဲ့ပြီး စီးရီးအေရဲ့ ပွဲအများဆုံး စံချိန်ကို ကိုင်မြောက်ထားသူပါ။ကစားသမားဘဝမှာ ဘောလုံးမျိုးဆက် 3 ခုစာလောက် ဖြတ်သန်းခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ယှဉ်ပြိုင်ကာ ဆုဖလားအောင်မြင်မှုတွေနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေများစွာ ရယူထားတဲ့သူလည်းဖြစ်ပါတယ်။
ဘူဖွန်သည် 1995 ၊ ပါးမားတွင် စီးရီးအေပွဲဦးထွက်ကိုကစားခဲ့ပြီး ကိုပါအီတလီယာဖလား၊ ယူအီးအက်ဖ်အေဖလားနှင့် စူပါကိုပါအီတာလီယာတို့ကို 1999 တွင်ပါးမားနှင့်အတူဆွတ်ခူးကာ 2001 တွင် ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို 52.9 သန်းဖြင့် ဂျူဗင်တပ်စ်ကိုပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးနှစ်ရာသီစလုံးတွင် စီးရီးအေဖလားကို ဆွတ်ခူးခဲ့ပါတယ်။ ဒီလိုနဲ့ ဂျူဗင်တပ်စ်အသင်းမှာ 17 နှစ်ကြာထိကစားခဲ့ပြီး စံချိန်တင်စီးရီးအေချန်ပီယံ 9 ကြိမ်၊ ကိုပါအီတာလီယာ 4 ကြိမ်နဲ့ စူပါကိုပါ အီတလီယာ 5 ကြိမ် တို့ကိုရယူနိုင်ခဲ့ပြီး သူဟာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စီးရီးအေတစ်နှစ်တာအကောင်းဆုံးဂိုးသမားအဖြစ်လည်း စံချိန်တင် 12 ကြိမ်ရရှိခဲ့ပါတယ် ။
2018 ၊ အသက် 40 နှစ်တွင် ပြင်သစ်ကလပ် ပီအက်စ်ဂျီ နှင့် စာချုပ်ခဲ့ပြီး အသင်းနှင့်အတူ တစ်ရာသီ ကစားခဲ့ကာ ထရိုဖီဒက်စ်ချန်ပီယံ နှင့် လီဂူး 1 ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်တစ်နှစ်တွင် ဂျူဗင်တပ်စ်သို့ ပြန်သွားခဲ့ပါတယ်။ 2019-20 ရာသီအတွင်း ဘူဖွန်သည် အဓိကဂိုးသမားဆက်ဇနီ နောက် အရံကစားသမားအဖြစ်ကစားခဲ့ပြီး ပေါ်လိုမာလ်ဒီနီရဲ့ စီးရီးအေတွင် 647 ပွဲကစားသည့် စံချိန်ကို ချိုးဖျက်ခဲ့ကာ ကလပ်အသင်းနှင့် 10 ကြိမ်မြောက် ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ပါတယ်။ နောက်ရာသီတွင်လည်းသူဟာ အရံကစားသမားအဖြစ်ပါဝင်ကာ ကိုပါအီတာလီယာဆု ကို စံချိန်တင် 6 ကြိမ်မြောက်ရရှိပြီး 2 ရာသီကြာကစားခဲ့ပြီးနောက် 2021 ၊ ဇွန်လတွင် စီးရီးဘီ သို့တန်းဆင်းခဲ့ရသည့် သူ့ရဲ့ငယ်ဘဝကလပ် ပါးမား သို့ပြန်လည်ရောက်ရှိခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ်လည်း ဘူဖွန်ဟာ ပွဲပေါင်း 176 ပွဲဖြင့် အီတလီလက်ရွေးစင်အသင်းသမိုင်း တစ်လျှောက် ပွဲအများဆုံးကစားသမားဖြစ်ခဲ့ပြီး စတုတ္ထမြောက်ပွဲအများဆုံးကစားသမားထားတဲ့ ဥရောပကစားသမားလည်းဖြစ်ခဲ့ပါတယ်။ နောက်ပြီး 2010 ခုနှစ်တွင် အသင်းခေါင်းဆောင် လက်ပတ်ကိုတာဝန်ယူပြီးနောက် အီတလီအသင်းခေါင်းဆောင်အဖြစ်ပွဲအများဆုံးကစားခဲ့တဲ့ မှတ်တမ်းဝင်ခဲ့သူပါ။ 1997 တွင်ပွဲဦးထွက်ကစားပြီးနောက်သူသည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ 1998 ၊ 2022 ၊ 2006 ၊ 2010 နှင့် 2014 တို့တွင်ကစားခဲ့သူအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ကာ 2006 ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အနိုင်ရပြီး စံချိန်တင် 5 ပွဲ Clean Sheet ပြုလုပ်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားအဖြစ် ရွှေလက်အိတ်ဆုကိုရရှိခဲ့ပါတယ်။ ယူရိုပြိုင်ပွဲ 4 ကြိမ်၊ 1996 အိုလံပစ်ပြိုင်ပွဲ၊ ဖီဖာကွန်ဖက်ဒရေးရှင်း ဖလား 2 ကြိမ်တို့တွင်လည်း နိုင်ငံအတွက်ပါဝင်ကစားခဲ့ပြီး 2013 ပြိုင်ပွဲတွင်ကြေးတံဆိပ်တစ်ခုရရှိခဲ့ပါတယ်။ 2018 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီတလီသည်ခြေစစ်ပွဲမအောင်ခဲ့တဲ့နောက် 2017 ခုနှစ်တွင် နိုင်ငံတကာဘောလုံးလောကမှ အနားယူကြောင်းကြေညာခဲ့သော်လည်း နောက်နှစ်တွင် ဒီဆုံးဖြတ်ချက်ကိုပြောင်းလဲကာ အသင်းရဲ့ခြေစမ်းပွဲများတွင်ပါဝင်ကစားခဲ့ပြီး 2018 မေလတွင် ဘောလုံးလောကမှအပြီးတိုင် အနားယူကြောင်းကြေညာခဲ့ပါတယ်။
ဘူဖွန်ဟာ 2004 ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားများစာရင်း ဖီဖာ 100 စာရင်းတွင် ပီလီမှ ရွေးချယ်ခံခဲ့ရသူပါ။ နောက်ပြီး ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ကို 2003 ခုနှစ်တွင်ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိပြီးနောက် ရရှိခဲ့တဲ့တစ်ဦးတည်းသော ဂိုးသမားလည်း ဖြစ်ပါတယ်။ သူသည် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု ကိုလည်းရရှိခဲ့ပြီး ယူအီးအက်ဖ်အေရဲ့တစ်နှစ်သာအကောင်းဆုံးအသင်းမှာ 5 ကြိမ်တိုင်တိုင်ရွေးချယ်ခံခဲ့ရသူပါ။ 2006 ခုနှစ်တွင် ရွှေဘောလုံးဆုအတွက် ဒုတိယရရှိခဲ့ပြီး ဖီဖာပရိုကမ္ဘာ့အကောင်းဆုံး 11 စာရင်းတွင် 3 ကြိမ်တိုင်တိုင်ရွေးချယ်ခံခဲ့ရပါတယ်။ သူသည် ရွှေခြေထောက်ဆုကို ပထမဆုံးရရှိခဲ့သည့် ဂိုးသမားဖြစ်ပြီး IFFHS ရဲ့ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုကိုလည်း စံချိန်တင် 5 ကြိမ်အဖြစ် ကာစီးလက်စ်၊ နူအာ တို့နှင့်အတူရရှိခဲ့ပြီး လွန်ခဲ့သည့် 25 နှစ်နှင့် 21 ရာစု၏ အကောင်းဆုံးဂိုးသမား အဖြစ် တူညီသောအဖွဲ့အစည်းမှရွေးချယ်ခြင်းကိုလည်းခံခဲ့ရသူဖြစ်ပါတယ်။
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။