အားကစားသတင်းများ
အာဆင်နယ် အသင်းတွက် အဓိက ခံစစ်ကျောက်ဆောင် ဆာလီဘာ
February 20, 2025
အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်တဲ့ အာတီတာ ရဲ့ နောက်ပိုင်းနှစ်တွေမှာ အာဆင်နယ် အသင်းရဲ့ ခံစစ် ပိုင်းက ပိုမို တိုးတက်ကောင်းမွန်လာတာကို တွေ့မြင်ရမှာ ပဲဖြစ်ပါတယ်။ အခုလိုပိုမိုတိုးတက်ကောင်းမွန်လာတာက အသက် ၂၂ နှစ်သာရှိသေးတဲ့ အာဆင်နယ် ခံစစ်ရဲ့ 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐋𝐢𝐧𝐞 𝐋𝐞𝐚𝐝𝐞𝐫 ဖြစ်တဲ့ ဆာလီဘာ ကြောင့်ဖြစ်ပါတယ်။ အသင်းတစ်သင်းမှာ ခံစစ်ကို ဦးဆောင် မောင်းနှင်နိုင်တဲ့ ကစားသမား တစ်ဦးလိုကို လိုအပ်ပါတယ်။ ဥပမာ- ပြောရရင် လီပါပူလ်း အသင်း က ဗန်ဒိုက်လို အသင်းကို ဦးဆောင်မောင်းနှင်နိုင်တဲ့ ကစားသမား ကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်းတိုင်းကို စိန်ခေါ်နိုင်ခဲ့ပြီး ဆုဖလားတွေကိသိမ်းပိုက်နိုင်ခဲ့သလို ဂွာဒီရိုလာရဲ့ မန်စီးတီး အသင်းဆိုလဲ ရူဘင်ဒီးရက်လို 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 ကောင်းမွန်တဲ့ ကစားသမား တစ်ဦးကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်းက သိသိသာသာ တိုးတက်ကောင်းမွန်ခဲ့ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။
ဆာလီဘာ က အာဆင်နယ် အသင်း ရဲ့ ခံစစ် ကို အကောင်းဆုံးဦးဆောင် ကစားနိုင်ပြီး ဆာလီဘာရဲ့ အမြန်နှုန်း ၊ တွန်းတွန်းတိုက်တိုက် ကစားနိုင်စွမ်း ၊ မာကျောမှုနဲ့ ခံစစ်စွမ်းဆောင်နိုင်စွမ်းတို့ကြောင့် အာဆင်နယ် အသင်းရဲ့ ခံစစ်လှိုင်းက တစ်နေ့ထက် တစ်နေ့ ပိုမိုမာကြော ကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။ ဝီလျှံဆာလီဘာသည် ဖရန်စီ၏ ဘွန်ဒီမြို့တွင် မွေးဖွားခဲ့ပြီး သူ့ရဲ့လူငယ်ဘဝကတည်းက ဘောလုံးအားကစားကိုနှစ်သက်ခဲ့ပြီး ခံစစ်သမားတစ်ဦးဖြစ်လာရန် ကြိုးစားလေ့ကျင့်ခဲ့တာပဲဖြစ်ပါတယ်။၂၀၁၆ တွင် စင့်အီတီယန်အသင်း (𝐒𝐚𝐢𝐧𝐭-É𝐭𝐢𝐞𝐧𝐧𝐞) မှာ စတင်ကစားခဲ့ပြီး ၂၀၁၉ တွင် အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့သည်။ ဆာလီဘာက ရောက်ရောက်ချင်း နှစ်တွေမှာ အသက်အရွယ် ငယ်လွန်းတာကြောင့်ရော ခြေစွမ်းပိုင်း အရလည်း အာဆင်နယ် အသင်းရဲ့ 𝐋𝐢𝐧𝐞 𝐔𝐩 တစ်နေရာမှာ နေရာမပေးနိုင်သေးတာကြောင့် ပွဲ အတွေ့အကြုံပိုမို ရရှိစေရန် ၂၀၂၁-၂၂ ရာသီတွင် မာဆေသ်း (𝐌𝐚𝐫𝐬𝐞𝐢𝐥𝐥𝐞) အသင်းကို အငှားသွားရောက် ကစားခဲ့ပြီး ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသခဲ့ပြီး အာဆင်နယ် အသင်း ကိုပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ အသင်းအတွက် မရှိမဖြစ် အဓိက အားထားရတဲ့ ကစားသမား တစ်ဦးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
ဆာလီဘာ က သူရဲ့ ခံစစ် အတွဲ အဖက် ဖြစ်တဲ့ ဂေဘရီအယ် နဲ့ အကောင်းဆုံး တွဲဖက် ကစားပြီး အသင်းရဲ့ ခံစစ်ကို မဟာ တံတိုင်းသဖွယ် မာကျော ကျစ်လစ်စေရုံသာမက ပဲ ဆာလီဘာနဲ့ ဂေဘရီအယ် တို့ရဲ့ ခံစစ်က တိုက်စစ်ကစားသမားတိုင်း ကြောက်ရတဲ့ ရဲ့အိမ်မက်ဆိုး ဖြစ်စေခဲ့ပါတယ်။ ဆာလီဗာ က မော်ဒန်ခံစစ် ကစားသမား ပုံစံ အတိုင်း အကောင်းဆုံး ကစားနိုင်တဲ့ ခံစစ်မှုးတစ်ဦးဖြစ်ပြီး 𝐁𝐚𝐥𝐥 𝐏𝐥𝐚𝐲𝐢𝐧𝐠 ၊ 𝐏𝐚𝐜𝐞 ၊ 𝐏𝐫𝐞𝐬𝐬𝐢𝐧𝐠 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧 ၊ 𝐁𝐨𝐱 𝐃𝐞𝐟𝐞𝐧𝐝𝐢𝐧𝐠 ၊ 𝐂𝐨𝐦𝐩𝐨𝐬𝐮𝐫𝐞 ၊ 𝐖𝐢𝐝𝐞 𝐀𝐫𝐞𝐚 𝐂𝐨𝐯𝐞𝐫𝐢𝐧𝐠 တို့မှာ အလွန်ကောင်းမွန်တဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် 𝐆𝐫𝐨𝐮𝐧𝐝 𝐃𝐮𝐞𝐥 ၊ 𝐀𝐫𝐢𝐞𝐥 𝐃𝐮𝐥𝐞 တို့မှာလည်း 𝐋𝐞𝐯𝐞𝐥 တစ်ခုကို ရောက်ရှိနေတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ကြယ်စင်စု အသင်း လို့ နာမည်ကြီးတဲ့ ဥရောပမှာ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း က သူတို့သင်းရဲ့ အားနည်းနေတဲ့ ခံစစ် ကြောင်း အကောင်းဆုံးပြင်ဆင်နိုင်ရန် အတွက် ခံစစ်ကြော တစ်ကြောလုံးကို လိုက်လံ ကာဗာပေးကစားပြီး 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 ပိုင်းမှာ အလွန်ကောင်းမွန်တဲ့ ဆာလီဗာ ကို အလွန်စိတ်ဝင်စားခဲ့တာပဲဖြစ်ပါတယ်။
ဆာလီဘာ က အာဆင်နယ် အတွက် ဘယ်လောက် အရေးပါလည်းဆိုရင် ၂၀၂၂-၂၃ ရာသီမှာ အာဆင်နယ် အသင်း က မန်စီးတီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဆု အတွက် အကောင်းဆုံးတိုက်ပွဲ ဝင်နိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဆာလီဘာ ဒဏ်ရာပြသာနာကြောင့် ပွဲတွေဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိတော့တဲ့ အချိန်မျာ အာဆင်နယ် အသင်းရဲ့ ခြေစွမ်းက သိသိသာသာ ကျဆင်းသွားခဲ့ရပြီး ပွဲတွေကို နိုင်သင့်သလောက် အနိုင်မရရှိတော့ပဲ ရာသီ အကုန်မှာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို မန်စီးတီး အသင်းကို ပေးလိုက်ရတာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အသက် ၂၂ နှစ်သာရှိသေးတဲ့ ဆာလီဘာလို ကစားသမား မျိုးကိုပိုင်ဆိုင်ထားတာက အသင်းအတွက် အလွန်ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်ပြီး နောက် ၁၀ နှစ်ထိ အာဆင်နယ် အသင်းရဲ့ ခံစစ်တစ်နေရာ အတွက် လှည့်ကြည့်စရာမလိုအောင် စိတ်ချသွားရပြီပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#WilliamSaliba
#Arsenal
#Defense
#Arteta
Related Sports News
ဘာစီလိုနာ နဲ့ လီပါပူး တို့နှစ်သင်းကြား လူးဝစ်ဒီးယက်ရဲ့ အပြောင်းအရွှေ့ကို သုံးသပ်ခြင်း
April 9, 2025
Ac Milan နဲ့ Inter နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမား ၅ ယောက်
April 9, 2025
အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး
April 9, 2025
ချန်ပီယံ ဆုကို ပီအက်ဂျီ အသင်းက ရရှိခဲ့ပေမယ့်လက်ကျန်ပွဲစဥ်တွေမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ဦးမယ့် လိဂ်ဂူးဝမ်း
April 7, 2025
ဘောလွန်းဒီအော ရော ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး
April 7, 2025