အားကစားဗီဒီယိုများ

ပရီးမီးယားလိဂ်ကို တစ်ခေတ်ဆန်းစေခဲ့တဲ့ (၂၁)ရာစုရဲ့ အကောင်းဆုံး မန်နေဂျာ ( 5 )ယောက်

blog image

March 3, 2025

ပရီးမီးယာလိဂ် က လွန်ခဲ့တဲ့  25 နှစ်အတွင်း လူကြိုက် အများဆုံးနဲ့ အအောင်မြင်ဆုံးသော လိဂ်တစ်ခုဖြစ်ခဲ့ပြီး ဘောလုံးပရိတ်သတ်တိုင်းစောင့်ကြည့်ရတဲ့  ကမ္ဘာကျော် ပြိုင်ပွဲ တစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးသွားမှာကတော့ ပရီးမီးယားလိဂ်ကို အကောင်းဆုံး နဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်တစ်ခုဖြစ်အောင်  သူတို့ရဲ့ နည်းစနစ်တွေနဲ့ အကောင်းဆုံး လုပ်ပေးခဲ့ကြတဲ့ နည်းပြ 5 ယောက် အကြောင်းပဲဖြစ်ပါတယ်။ 


1. ဆာအဲလက်စ် ဖာဂူဆန် 

ပရီးမီးယားလိဂ်ကို  အကောင်းဆုံးလိဂ် တစ်ခုလို လူကြိုက် အများဆုံးဖြစ်အောင် ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ နည်းပြကြီးကတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် နည်းပြ ကြီးဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန် ပဲဖြစ်ပါတယ်။ဖာဂူဆန်က သူရဲ့ အကောင်းဆုံး ကစားကွတ် ၊ ကစားသမား ပေါ် ဩဇာညောင်းမှုတို့ကြောင့် နာမည်ကျော်ကြားပြီး မန်ချက်စတာယူနိုက်တက် အသင်းကို ပရီးမီးယားလိဂ် အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်အောင် လုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 


2 . အာဆင် ဝင်းဂါး 

မန်ချက်စတာယူနိုက် အသင်းရဲ့ ရွှေရောင်တစ်ခေတ်ကို အကောင်းဆုံး  အံတုပြီး ရှုံးပွဲမရှိစံချိန်နဲ့ ရွှေဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာဆင်နယ် ရဲ့ နည်းပြကြီး အာဆင် ဝင်းဂါးပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက် အသင်းရဲ့ အကောင်းဆုံးအချိန်တွေမှာ  အာဆင်ဝင်းဂါးက ဆာအဲလက်စ် ဖာဂူဆန် ရဲ့ အကောင်းဆုံး ပြိုင်ဘက်လည်းဖြစ်ခဲ့ပါတယ်။ဆာအဲလက်စ် ဖာဂူဆန်  နဲ့ အာဆင်ဝင်းဂါး တို့ရဲ့ ပြိုင်ဆိုင်မှုက ဘောလုံးပရိတ်သတ်တွေ အတွက် အကောင်းဆုံးရသ ကို ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် က လူကြိုက်အများဆုံးလိဂ်တစ်ခု ဖြစ်လာခဲ့ပါတယ်။


3 . ဟိုဆေး မော်ရင်ညို 

မိုဗစ် လက်ထက် ချယ်လ်ဆီး အသင်းကို အောက်ခြေကနေ အစအဆုံး ပြောင်းလဲ တဲ့ အချိန် သူ့ရဲ့ အကောင်းဆုံး ခံစစ် အားသန် ကစားကွက်နဲ့ အတူ ချယ်လ်ဆီး အသင်းကို ဥရောပ မှာ လူရိုသေရှင်ရိုသေ အသင်းတစ်သင်းဖြစ်အောင် ပုံဖော်နိုင်ခဲ့ပြီး ဆုဖလားတွေနဲ့ ဝေးကွာနေတဲ့ အသင်းကို ပရီးမီးယားလိဂ် ဖလားအပြင် အခြားဖလားပေါင်းများစွာကို သိမ်းပိုက်ိနုင်ခဲ့တဲ့ နည်းပြကြီးကတော့ စပယ်ရှယ်ဝမ်း‌(သို့) ဟိုဆေးမော်ရင်ညိုပဲဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းအပြင် မန်ချက်စတာယူနိုက် ၊ စပါး အသင်းတွေကိုပါ ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ ကစားကွက်အပြင် လှပကြွယ်ဝတဲ့တော်ကီတွေကြောင့်လဲ ပရိတ်သတ်တွေကို အကောင်းဆုံးရသပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 


4 . ပက် ဂွာဒီရိုလာ 

ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် အသင်းတွေမှာ ရှိသမျှ ဖလားအစုံကို သိမ်းပိုက်နိုင်ခဲ့တဲ့ နည်းပြကြီး ပက်ဂွာဒီရိုလာ ကတော့ သူရဲ့ နည်းပြအရည်အချင်းကို ပြသဖို့ ပရီးမီးယားလိဂ် ကို ရွက်လွှင့်လာခဲ့ပါတယ်။ ဆုဖလားအောင်မြင်မှု မယ်မယ်ရရ  မရှိသေးတဲ့  မန်စီးတီး အသင်းကို သူ့လက်ထပ်မှာ ဥရောပဖလားအပြင် ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင်လုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာလည်း အချိန်အတော် ကြာအုပ်စိုးခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးကစားပုံနဲ့ တိုက်စစ်အားသန်ကစားကွက်တွေက ဘောလုံးပရိတ်သတ်တွေအတွက် စောင့်ကြည့်ရတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပြီး ဘောလုံးရသကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 


5 . ယာဂန် ကလော့ 

လီပါးပူး အသင်းကို အချိန်ယူကာ ဖြည်းဖြည်းချင်း ပြောင်းလဲပြီးအကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင်လုပ်ပေးခဲ့တဲ့ နည်းပြကြီး ကလော့ကလည်း ပရီးမီးယားလိဂ်မှာ ဂွာဒီရိုလာရဲ့ မန်စီးတီး အသင်း နဲ့ အကောင်းဆုံး တိုက်ပွဲဝင်နိုင်ခဲ့ပြီး မန်စီးတီး အသင်းရဲ့ အဓိက ပြိုင်ဘက် အသင်း ပြိုင်ဘက်အသင်းတစ်သင်းဖြစ်အောင် လီပါပူး အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့ပါတယ်။ မန်စီးတီး အသင်းနဲ့ လီပါပူး အသင်းတို့ရဲ့ အားပြိုင်မှုကတော့ ဘောလုံးပရိတ်သတ်တွေ အတွက် အမှတ်ရစေမယ့်အချိန်တစ်ခုပဲဖြစ်ပါတယ်။

ဒီနည်းပြတွေရဲ့ အသင်းကို အကောင်းဆုံးတည်ဆောက်ပုံနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံတွေကြောင့် ပရီးမီးယားလိဂ် က အကောင်းဆုံးလိဂ်တစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ 

#mmmedia

#SirAlexFerguson

#ArseneWenger

#JoseMourinho

#PepGuardiola

#JurgenKlopp

#coach

Related Sports News