အားကစားသတင်းများ

စပိန်နိုင်ငံထုတ်ကွင်းလယ်အင်ဂျင်တစ်လုံး

blog image

December 4, 2024

ဇန်န၀ါရီလ 𝟐𝟓 ရက် 𝟏𝟗𝟖𝟎 ၊ ဘာစီလိုနာ ၊ ကာတာလိုနီးယား တွင်မွေးဖွားခဲ့တဲ့ ဇာဗီ သည် ဘာစီလိုနာရဲ့ လာမာစီယာထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ သူသည် လူငယ်နှင့် အရန်အသင်းများမှတဆင့် ဖြတ်သန်းခဲ့ပြီး ဒုတိယတန်းသို့တန်းတက်ခွင့်ရခဲ့သော ဘာစီလိုနာ 𝐁 အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ငယ်စဉ်က သူသည် အင်္ဂလိပ်ဘောလုံးပွဲများစွာကို ကြည့်ရှုခဲ့ပြီး ကွင်းလယ်ကစားသမား ဂျွန်ဘားနက်စ် ၊ ပေါဂတ်စ်ကိုဂျင် နှင့် မတ်လီတစ်ဆီယာ ကို ကြည့်ရှုရကာကြီးပြင်းခဲ့ပါတယ်။ သူရဲ့ဖခင် ဂျိုအာကွင်းဟာ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အစ်ကို ဖြစ်သူအော်စကာ သည်လည်း ယခင်က ကစားသမားနှင့် နည်းပြတစ်ဦးဖြစ်ပါတယ်။
ဇာဗီ သည်အသက် 𝟏𝟏 နှစ်အရွယ်တွင် ဘာစီလိုနာလူငယ်အကယ်ဒမီမှ လာမာစီယာ သို့ ရောက်ရှိလာခဲ့ပြီး 𝟏𝟗𝟗𝟖 သြဂုတ်လ မာယော့ကာနှင့်ပွဲစဉ်တွင်ပထမဆုံးအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပါတယ်။ ဘာစီလိုနာအတွက် 𝟕𝟔𝟕 ပွဲကစားခဲ့ပြီး 𝟖𝟓 ဂိုး သွင်းယူခဲ့ကာ ဘာစီလိုနာ သမိုင်းတစ်လျှောက် ဥရောပနှင့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲပေါင်း 𝟏𝟓𝟎 တွဲကစားသည့် ပထမဆုံး ကစားသမားဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလား 𝟖 ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား 𝟒 ကြိမ် တို့ကိုရရှိခဲ့ပါတယ်။ 𝟐𝟎𝟏𝟓 ခုနှစ်တွင်သူသည် ဘာစီလိုနာမှထွက်ခွာခဲ့ပြီး ကာတာကလပ် အယ်လ်ဆက်ဒ် အတွက်ကစားခဲ့ကာ ဆုဖလား 𝟒 လုံးရယူခဲ့ပြီး 𝟐𝟎𝟏𝟗 ခုနှစ်တွင်ကစားသမားဘဝမှ အပြီးတိုင်အနားယူခဲ့ပါတယ်။
နိုင်ငံလက်ရွေးစင်အဖြစ် ဇာဗီသည် 𝟏𝟗𝟗𝟗 ခုနှစ်တွင် စပိန်ယူ-𝟐𝟎 အတွက် ဖီဖာကမ္ဘာ့ဖလား နှင့် 𝟐𝟎𝟎𝟎 အိုလံပစ်တွင် ငွေတံဆိပ်ရရှိအောင်စွမ်းဆောင်ပြီးနောက် 𝟐𝟎𝟎𝟎 မှာ သူ့ရဲ့ စီနီယာအသင်း ပွဲဦးထွက်ကို ကစားခဲ့ပြီး စပိန်အတွက် 𝟏𝟑𝟑 ပွဲ ကစားပေးခဲ့ပါတယ် ။ သူဟာ 𝟐𝟎𝟏𝟎 ဖီဖာကမ္ဘာ့ဖလား ဆွတ်ခူးနိုင်မှုအပြင် ယူအီးအက်ဖ်အေယူရို 𝟐𝟎𝟎𝟖 နှင့် 𝟐𝟎𝟏𝟐 ဆွတ်ခူးခဲ့တဲ့အသင်းတို့တွင်လည်း အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ပါတယ်။ သူသည် ယူရို 𝟐𝟎𝟎𝟖 တွင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီး အကောင်းဆုံးအသင်းတွင်ပါဝင်ကာ ၊ ယူရို 𝟐𝟎𝟏𝟐 တွင်လည်း ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမား 𝟏𝟏 ယောက်စာရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ယူရို 𝟐𝟎𝟏𝟐 ဖိုင်နယ်တွင် ဂိုးဖန်တီးမှု 𝟐 ကြိမ်ကိုပြုလုပ်ခဲ့ပြီး စပိန်အသင်းအတွက်ပထမဆုံကစားသမား အဖြစ်ဖိုင်နယ်နှစ်ခုမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ 𝟐𝟎𝟏𝟒 ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာတော့ ဇာဗီဟာ လက်ရွေးစင်ကစားသမားဘဝမှအနားယူသွားခဲ့ပါတယ်။
ဇာဗီသည် 𝟐𝟎𝟎𝟖 မှ 𝟐𝟎𝟏𝟑 အထိ ဖီဖာပရိုရဲ့ကမ္ဘာ့အကောင်းဆုံး 𝟏𝟏 ယောက်စာရင်းတွင် 𝟔 ကြိမ်နှင့် 𝟐𝟎𝟎𝟖 မှ 𝟐𝟎𝟏𝟐 အထိ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်းတွင် 𝟓 ကြိမ်တိုင်တိုင် ရွေးချယ်ခံ ခဲ့ရသူဖြစ်ပါတယ်။ 𝟐𝟎𝟎𝟗 ခုနှစ် ဖီဖာတစ်နှစ်တာကမ္ဘာ့အကောင်းဆုံးကစားသမားဆု နေရာတွင် တတိယ၊ ရွှေဘောလုံးဆု 𝟐𝟎𝟏𝟎 နှင့် 𝟐𝟎𝟏𝟏 တို့တွင်တတိယနေရာတို့ကိုရရှိခဲ့ပြီး 𝟐𝟎𝟏𝟏 ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုနေရာမှာ မက်ဆီနောက် ဒုတိယနေရာရှိခဲ့သူပါ။ ဒါ့အပြင် 𝟐𝟎𝟏𝟐 ခုနှစ်တွင်လည်း 𝐏𝐫𝐢𝐧𝐜𝐞 𝐨𝐟 𝐀𝐬𝐭𝐮𝐫𝐢𝐚𝐬 ဆုကို ချီးမြှင့်ခံခဲ့ရပြီး ၊ 𝐈𝐅𝐅𝐇𝐒 ရဲ့ကမ္ဘာ့အကောင်းဆုံး 𝐏𝐥𝐚𝐲𝐦𝐚𝐤𝐞𝐫 ဆုကို 𝟐𝟎𝟎𝟖 မှ 𝟐𝟎𝟏𝟏 အထိ 𝟒 ကြိမ်ဆက်တိုက် ချီးမြှင့်ခံခဲ့ရပါတယ်။ နောက်ပြီး သူဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း 𝟏,𝟎𝟎𝟎 ကျော် ကစားနိုင်ခဲ့တဲ့ကစားသမားအနည်းစုထဲက တစ်ယောက်ဖြစ်ခဲ့သူပါ။
ကစားသမားဘဝမှအနားယူပြီးနောက် ဇာဗီသည် နည်းပြလောကထဲသို့ကူးပြောင်းခဲ့ပြီး 𝟐𝟎𝟏𝟗 မေလတွင် ကာတာစတားလိဂ် အယ်လ်ဆက်ဒ်ရဲ့နည်းပြအဖြစ်တာဝန်ယူခဲ့ကာ သုံးနှစ်အတွင်း ဆုဖလား ခုနစ်လုံးရရှိခဲ့ပါတယ်။ 𝟐𝟎𝟐𝟏 နိုဝင်ဘာလတွင် ဇာဗီအားအသင်းဟောင်း ဘာစီလိုနာက နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး 𝟐𝟎𝟐𝟐-𝟐𝟑 လာလီဂါဖလားကိုရာသီပြည့်ကိုင်တွယ်ရချိန်တွင်ရယူခဲ့ပြီး ၊ 𝟐𝟎𝟐𝟑 စူပါကိုပါ ဖလားကိုလည်းရရှိခဲ့ပါတယ်။
ဇာဗီဟာ အချိန်တိုင်းရဲ့ အကြီးမြတ်ဆုံးကွင်းလယ်ကစားသမားများထဲမှတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ခံထားရသူပါ။ သူ့ခေတ်သူ့အခါက ဇာဗီ၊ အင်နီယေစတာ၊ ဘက်စ်ကွပ် ဆိုတဲ့ကွင်းလယ်အတွဲကတကယ်ကိုပြည့်စုံလွန်းခဲ့ပြီး ဘောလုံးရသအပြည့်ပေးခဲ့ကြတဲ့ သမိုင်းဝင်ကွင်းလယ်အတွဲဖြစ်ခဲ့ကြပါတယ်။
"〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗞𝟵𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"