အားကစားသတင်းများ

ဒီနှစ် Euro ရဲ့ အကောင်းဆုံးပွဲ ဖြစ်လာမယ့် စပိန် 🇪🇸 Vs 🇩🇪 ဂျာမနီ ( ကွာတားဖိုင်နယ် )

blog image

July 5, 2024

ဒီနှစ် Euro ရဲ့ အကောင်းဆုံးပွဲ ဖြစ်လာမယ့် စပိန် 🇪🇸 Vs 🇩🇪 ဂျာမနီ ( ကွာတားဖိုင်နယ် )
------------------------------------------------------------------------------
အခု နှစ် Euro 2024 ရဲ့ အကောင်းဆုံး ပွဲ တစ်ပွဲ ဖြစ်လာမည့် ပွဲစဉ်တစ်ပွဲ ရှိပါတယ် ။ အဲ့တာကတော့ မကြာခင် ယှဉ်ပြိုင်ကစားကြတော့မယ့် စပိန် အသင်း နှင့် ဂျာမနီ အသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်လို့ မျှော်လင့်ရပါတယ်။ ဒီပွဲဟာ ဥရောပ ရဲ့ အင်အားကြီးမား အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး အားလုံးရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ဖမ်းစားနိုင်မည့်ပွဲဖြစ်မှာပါ။
စပိန်အသင်း ရဲ့ Modern Football Playstyle နဲ့အတူ ပရိတ်သတ်တွေအာရုံကို အပြည့်အဝဖမ်းစားထားနိုင်ပြီး Rodri ဦးဆောင်တဲ့ ကွင်းလယ်ပိုင်းဟာ ပြိုင်ဘက်အသင်‌း တွေ‌အပေါ် သိသိသာသာ လွမ်းမိုးပြီး ပွဲကို ထိန်းချုပ်ထားနိုင်ပါတယ် ။ စပိန်းအသင်း ရဲ့ ကွင်းလယ်ပိုင်း အားသာချက် နဲ့ အတူ တောင်ပံနှစ်ဖက်မှာ ရှိတဲ့ ဝီလီယံ နဲ့ ယာမယ် တို့ ရဲ့ အတိုးအလှုပ် တွေဟာ စပိန်အသင်းကို ပိုမိုအားကောင်းစေပြီး ရှေ့တန်းမှာ မိုရာတာအတွက် လည်း အင်မတန် ထိရောက်နေပါတယ်။ တစ်ဖက်မှာလည်း ဂျာမနီအသင်းက Quality Players တွေ နဲ့ စုဖွဲ့ထားပြီး စပိန်အသင်းအတွက် အများကြီး အခက်တွေ့နိုင်ပါတယ် ။
ဒီပွဲ မှာတော့ နှစ်သင်းလုံးဟာ ကွင်းလယ် အားပြိုင်မှု ကို တွေ့ရမှာဖြစ်ပြီး စပိန်အသင်း ရဲ့ Rodri ,Pedri , Ruiz နဲ့ ဂျာမနီ အသင်း ရဲ့ Kroos , Andrich , Gundogun တို့ ရဲ့ ကွင်းလယ် မှာ ဘယ်အသင်း အသာရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။လူငယ် ကစားသမား တွေ တဲ့ William x Yamal နဲ့ Musiala x Writz တို့ ရဲ့ အားပြိုင်မှု ကလည်း ပိုပြီး ပွဲကို မြိုင်ဆိုင်ဦးမှာပါ ။ နှစ်သင်းလုံး မှာ ကစားသမား အင်းအားကြီးကြီး မားမား ကွာခြား မှု မရှိပဲ လက်ရှိ အစုအဖွဲ့မှာဆိုရင်လည်း အားကောင်းပြီးသားဖြစ်ပါတယ် ။ ဂျာမနီ အသင်း ကတော့ အိမ်ရှင်အားသာ ချက်ရှိပြီး စပိန်အသင်းကို အကောင်းဆုံး ဧည့်ခံသွားမှာဖြစ်ပြီး စပိန် အသင်းကလည်း လက်ရှိ ပြိုင်ပွဲမှာ ပွဲစဉ်တိုင်း ပုံစံကောင်းတွေ ပြထားနိုင်တဲ့ အသင်းဖြစ်တာကြောင့် အကောင်းဆုံး ယှဉ်ပြိုင် သွားမှာပါ ။
ကစားသမား အင်အား နဲ့ လက်ရှိ အနေအထားရ ကွားခြား မှု မရှိပဲ သူတင်ကိုယ်တင် ပဲ ပြွိုင်ပွဲကို အကောင်းဆုံး ထိန်းချုပ်ကစားသွားဖို့ပဲ ရှိပါတယ် ။
ပြိုင်ဆိုင်မှု ကြီးမားတဲ့ အသင်း‌တွေ ဖြစ်တဲ့ အပြင် Euro ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ စပိန် နဲ့ ဂျာမနီ အသင်းတို့ ကတော့ ဒီပြိုင်ပွဲ ရဲ့ ကွာတားဖိုင်နယ် မှာ စောစောစီးစီး တွေ့ရတော့ ပရိတ်သတ်တွေ အနေနဲ့ တကယ် ပြိုင်ဆိုင်မှု ပြင်ထန်း ပွဲတစ်ပွဲကို စောစောစီးစီး ကြည့်ရှု ခံစားရတော့မှာ ပါ ။
စပိန် အသင်းဟာ လက်ရှိ Euro 2024 မှာ ၁၆သင်းရှုံးထွက် အဆင့် က Georgia အသင်း နဲ့ ပွဲအပါဝင် ၄ပွဲ ကစားထားပြီး တိုက်စစ် က 9 ဂိုးထိ သွင်းထားပြီး ခံစစ်က 2 ဂိုး သာ ပေးထားရပါတယ် ။ လက်ရှိ ပြိုင်ပွဲ မှာ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ စပိန်ဟာ အကောင်းဆုံး ခရီးဆက်နေပါတယ် ။
တဖက် က အိမ်ရှင် ဂျာမနီအသင်းဟာ ဆိုရင်လည်း ပြိုင်ပွဲတစ်လျှောက် ကစားခဲ့တဲ့ ၄ ပွဲ မှာ တိုက်စစ်ပိုင်းက 10 ဂိုးထိ သွင်းထားပြီး ခံစစ်ကလည်း 2 ဂိုးသာ ခွင့်ပြုပေးထားရပါတယ် ။ Switzerland အသင်း နဲ့ သရေ ကျ ခဲ့တဲ့ ပွဲစဉ် ကလွဲလို့ ပွဲစဉ်တိုင်းကို အနိုင်ရရှိထားပါတယ် ။
စပိန်အသင်းဟာ အုပ်စုအတွင်း ခက်ခဲတဲ့ ပြိုင်ပွဲတွေ ကို ဖြတ်ကျော်ခဲ့ရပြီးမရဏအုပ်စုဖြစ် Modric တို့ရဲ့ Croatia , လက်ရှိ ချန်ပီယံ Italy , Albania အသင်းတို့နဲ့ ရင်ဆိုင်ခဲ့ရကာ ၁၆သင်းအဆင့်မှာတော့ Group F ကနေ အကောင်းဆုံး အုပ်စု တတိယ နဲ့ တက်လာခဲ့တဲ့ Geogia အသင်း တို့ ရင်ဆိုင်ခဲ့ရပါတယ် ။
အိမ်ရှင် ဂျာမနီ အသင်းဟာတော့ Group A မှာ Scotland , Switzerland , Hungary အသင်းတို့ နဲ့ အတူ ကျရောက်ခဲ့ပြီး ၁၆သင်း ရှုံးထွက် အဆင့်ပွဲစဉ်မှာတော့ Denmark အသင်း နဲ့ ရင်ဆိုင်ခဲ့ပါတယ် ။
နှစ်ဖက် အသင်းတွေဟာ လက်ရှိအချိန် ပုံစံကောင်းတွေ ပိုင်ဆိုင်ထားပြီး ကစားသမား အင်အားလည်း မျှပါတယ် ။ ဂျာမနီရဲ့ ဝါရင့် ဂိုးသမား Nuer ဟာဆိုရင် လက်ရှိအချိန်မှာ အသင်းကို ပုံစံကောင်းတွေ နဲ့ အကောင်းဆုံး ကူညီနေပြီး Denmark အသင်း နဲ့ ပွဲစဉ်က လက်စွမ်းကို ကြည့်ရင်လည်း Nuer ဟာ ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦး အဖြစ် ရှိနေပါသေးတယ် ။ အသင်းရဲ့ ကွင်းလယ်မှာလည်း တကျော့ပြန် Kroos ရဲ့ ဦး‌ဆောင်မှု နဲ့အတူ Andrick , Gundogan , Wirtz , Musiala တို့ရှိနေပြီး တိုက်စစ်ပိုင်းမှာ Harvertz က ဒီပြိုင်ပွဲမှာ သွင်းဂိုး ၂ဂိုးထိ သွင်းယူထားပါတယ် ။ ဂျာမနီ အသင်းကတော့ နေရာစုံကနေ ဂိုးရနိုင်တဲ့အသင်းဖြစ်ပြီး တိုက်စစ် ကွင်းလယ် ခံစစ် မျှ တဲ့ အသင်း ဖြစ်ပါတယ် ။ အသင်းရဲ့ အားထားရတဲ့ လူငယ်ကြယ်ပွင့် ဖြစ်တဲ့ Musiala က တော့ လက်ရှိ Euro 2024 ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ နယ်သာလန် က Gakpo နဲ့ အတူ လက်ရှိ အချိန်မှာ သွင်းဂိုး ၃ ဂိုး နဲ့ ရပ်တည်နေပါတယ် ။
စပိန် အသင်းကတော့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဘောလုံးပိုင်ဆိုင်မှု ကို အသားပေးပြီး တဖက်အသင်းကို ဖိအားပေးပြီး ပွဲကို ထိန်းချုပ်ကစားခဲ့ပါတယ် ။ Rodri ရဲ့အကောင်းဆုံး ဦးဆောင်မှု နဲ့ Pedri , Ruiz , Yamal , Willam တို့ဟာလည်း စပိန် အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြထားပါတယ် ။တိုက်စစ်ကွင်းလယ် ကတော့ ဂျာမနီ နဲ့ တန်းတူဖြစ်ပြီး ခံစစ်ပိုင်း နဲ့ ဂိုးသမား မှာ ဂျာမနီ ဘက်က ပိုပြီး သာပါတယ် ။
Rudiger x Tah တို့ နဲ့ပွဲထွက် လာမယ့် ဂျာမနီ အသင်း နဲ့ နောက်တန်းဟာ Laporte x Normand တို့ နောက်တန်းထပ် ပိုပြီး တည်ငြိမ် တာကို တွေ့ရမှာပါ ။ ဂိုးသမားနေရာမှာဆိုလည်း လက်ရှိမှာ Nuer က ပိုပြီး တည်ငြိမ် နဲ့ လက်စွမ်း နဲ့ အတူ အသင်းနဲ့ နောက်တန်းကိုလည်း အကောင်းဆုံး ထိန်းကျောင်းထားနိုင်တာကို တွေ့ရပါတယ် ။ နှစ်သင်းလုံးဟာ ပြိုင်ပွဲ တောက်လျှောက် ပေးဂိုး ၂ ဂိုး သာ ပေးထားရပြီး အခုလို ခြေရည်တူ ချန်ပီယံ ဆု ကို စိန်ခေါ် နိုင်တဲ့ အသင်းကြီး ၂ သင်း တွေ့ဆုံတဲ့ ပွဲမှာ ဘယ်အသင်းက အမှားနည်းပြီး အခွင့်ရေးကို အကောင်းဆုံး အသုံးချနိုင်မလဲ စောင့်ကြည့်ရမှာပါ ။
နှစ်သင်းလုံးဟာ လက်ရှိအချိန် မှာ ဥရောပ Euro အောင်မြင်မှု နဲ့ ဝေးကွာနေပြီး စပိန် အသင်းဟာ ၂ကြိမ် ဆက် ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ် ။ ဂျာမနီအသင်းဟာဆိုရင်လည်း 1996 Euro မှာ ဗိုလ်စွဲပြီးနောက်ပိုင်း အခုတကြိမ် Euro မှာ ဗိုလ်ဝင်ခံဖို့ တဲ့ အိမ်ရှင်ပရိတ်သတ် ရဲ့ အားတွေနဲ့ အတူ အကောင်းဆုံး အခွင့်အရေးရှိနေတဲ့အတွက် နှစ်သင်းလုံးအတွက် အရေးပါတဲ့ အခြေနေပဲ ဖြစ်ပါတယ် ။
စပိန် အသင်း နှင့် ဂျာမနီ အသင်းတို့ ရဲ့ Euro2024 ကွာတာဖိုင်နယ် ပွဲစဉ် ဟာ ၅/၇/၂၀၂၄ (သောကြာနေ့ ) ည ၁၀နာရီ ခွဲ မှာ ဂျာမနီ နိုင်ငံ မှာ ရှိတဲ့ Stuttgart Arena မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်မို့ ဘောလုံးပရိတ်သတ်တွေ အနေနဲ့ မလွတ်တမ်းစောင့်မျှော်ကြည့်ရှုသွားရမှာ ဖြစ်ပါတယ် ။
ပရိတ်သတ်ကြီးအနေနဲ့ ဒီနေ့ပွဲမှာ ဘယ်အသင်းကို အားပေးသွားမှာလဲ ??🤗🤗
ဘယ်အသင်းနောက်တစ်ဆင့် တက်မလဲ Comment မှာ မှတ်ချက်ပေးသွားကြပါဦး 👇👇

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024