နေ့စဥ် အားကစားသတင်းတို

ယူရို 2024 🏆၊ ဖိုင်နယ်ပွဲစဉ် ခြေစွမ်းအကောင်းဆုံးအသင်း 🇪🇸 Vs 🏴󠁧󠁢󠁥󠁮󠁧󠁿 ကံတရားကမျက်နှာသာပေးတဲ့အသင်း

blog image

July 14, 2024

ယူရို 2024 🏆၊ ဖိုင်နယ်ပွဲစဉ်
ခြေစွမ်းအကောင်းဆုံးအသင်း 🇪🇸 Vs 🏴󠁧󠁢󠁥󠁮󠁧󠁿 ကံတရားကမျက်နှာသာပေးတဲ့အသင်း
ခေါင်းစဉ်အတိုင်းပဲ လက်တွေ့မှာဒီနှစ်သင်းတွေ့ဆုံပါပြီ။ စပိန်အသင်းဟာလက်ရှိယူရိုပြိုင်ပွဲရဲ့ခြေစွမ်းအကောင်းဆုံး၊ ရလဒ်အကောင်းဆုံးအသင်းပါ၊။ ရှေ့ ၊ လယ် ၊ နောက် ဟန်ချက်ညီပြီး တည်ငြိမ်တဲ့ပုံစံတစ်ခုနဲ့တည်ဆောက်ထားတဲ့အသင်းပါ။ နောက်ပြီးယူရိုမှာ 6 ပွဲဆက်တိုက်အနိုင်ရလဒ်ဖော်ဆောင်ထားနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ အင်္ဂလန်ကတော့ အားလုံးသိထားပြီးတဲ့အတိုင်း ဒီယူရိုပြိုင်ပွဲမှာနာမည်ကြီးသလောက် ခြေစွမ်းကတစ်စက်မှအားရစရာမရှိပဲဒီအဆင့်ကိုကံကောင်းပြီးရောက်လာခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါကို စလိုဗက်ကီးယားအသင်းနဲ့ပွဲစဉ်မှာသေချာပေါက်မြင်တွေ့ခဲ့ရပါတယ်။ အချိန်ပိုတွေလိုအပ်တာထပ်ပိုရခဲ့ပြီး ဘယ်လင်ဂမ် ရဲ့ဂိုးကြောင့်သာဒီအချိန်မှာ အင်္ဂလန်ကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက အုပ်စုပွဲစဉ်လည်းချောင်တယ် ၊ ဖိုင်နယ်တက်လာခဲ့တဲ့လမ်း ကြောင်းမှာလည်းအသင်းသေးတွေနဲ့ပဲတွေ့ခဲ့ရတာကကံကောင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သူ့အတွက်ဖိုင်နယ်ထိရောက်ဖို့အခက်ခဲဆုံးပြိုင်ဘက်ဆိုလို့ နယ်သာလန်တစ်သင်းထဲသာရှိခဲ့ပါတယ်။ စပိန်လိုမျိုးသာ အသင်းကြီးတွေနဲ့ဆက်တိုက်တွေ့ဆုံခဲ့ရရင် ဒီအချိန်မှာအင်္ဂလန်ကပြုတ်နေလောက်ပါပြီ။
ဒါကြောင့်အခုလိုမျိုးနှစ်သင်းတွေ့ဆုံတဲ့အခါ ဘယ်အသင်းကအနိုင်ရရှိသွားမှာလဲ။
👉ကြိုးစားမှုကြောင့်ရလာတဲ့ခြေစွမ်းကောင်းတဲ့အသင်း ကအနိုင်ရမလား ?
( ဒါမှမဟုတ် )
👉ကံတရားကမျက်နှာသာပေးလို့သာဖိုင်နယ်တက်လာတဲ့အသင်းကအနိုင်ရသွားမလား ?
ပရိတ်သတ်တွေအနေနဲ့ရောဘယ်အသင်းက အနိုင်ရသွားမယ်ထင်လဲ ? ကိုယ့်ရဲ့အမြင်တွေကိုလဲ comment မှာဆွေးနွေးပေးသွားလို့ရပါတယ်။ 💌
ဒါပေမဲ့လည်း ဘောလုံးအားကစားဆိုတဲ့အရာက အချိန်မရွေးဘာမဆိုဖြစ်သွားနိုင်ပါတယ်။ နှစ်သင်းလုံးမှာချန်ပီယံဖြစ်ဖို့အခွင့်အရေးအပြည့်ရှိပါတယ်။ 💯✔

Related Sports News