အားကစားသတင်းများ

ယူကရိန်းသမိုင်းရဲ့အကြီးမြတ်ဆုံး ဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချန်ကို

blog image

December 4, 2024

တိုက်စစ်မှူးတစ်ယောက်မှာရှိတဲ့အရည်အချင်းတွေအားလုံးပြည့်စုံနေတဲ့ ရှက်ဗ်ချန်ကို သည်ထူးချွန်ပြီး ပုံမှန်အားဖြင့်ဗဟိုတိုက်စစ်မှူးအဖြစ် ကစားလေ့ရှိသူဖြစ်ပါတယ်။ ဒါ့အပြင်သူသည် ရှေ့တန်းတစ် လျှောက် မည်သည့်နေရာတွင်မဆိုလဲကစားနိုင်စွမ်းရှိပြီး မကြာခဏဆိုသလိုဘယ်တောင်ပံအဖြစ်လည်း ကစားခဲ့ပါတယ်။ သူဟာ သန်မာပြီးကာယပိုင်းကောင်းတဲ့တိုက်စစ်မှုးမျိုးဖြစ်ပြီး ဘောလုံးနဲ့အတူ ကောင်းမွန်တဲ့ရွှေ့လျားမှုတွေနဲ့ ဘောက်စ်အတွင်းအဆုံးသတ်နိုင်မှု၊ ဂိုးရှေ့တွင် တည်ငြိမ်မှုတို့အပြင် ပင်နယ်တီကန်သွင်းချက်တွေတိကျခြင်းတို့ကြောင့်လည်း လူသိများခဲ့ပါတယ်။ ထို့အပြင် သူသည် ဧရိယာအတွင်းရောအပြင်ရောပါ ခြေနှစ်ဖက်လုံးဖြင့်ပြင်းထန်တိကျသောကန်သွင်းချက်တွေကို လည်းပိုင်ဆိုင်ထားသူပါ။ သူဟာ အဓိကအားဖြင့်ဂိုးတွေသွင်းယူတဲ့သူတစ်ယောက် ဖြစ်သော်လည်း အသင်းဖော်များနှင့်အချိတ်အဆက်မိမိကစားခြင်းကြောင့် အခွင့်ရေးဖန်တီးမှုတွေ၊ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။


ရှက်ဗ်ချန်ကိုသည် ဒိုင်နမိုကိဗ်၊ အေစီမီလန်၊ ချယ်လ်ဆီးနှင့် ယူကရိန်းလက်ရွေးစင်အသင်းတို့အတွက် ကစားပေးခဲ့သောဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လွန်ခဲ့သောနှစ်တွေက နိုင်ငံလက်ရွေးစင် အသင်းယူကရိန်းနှင့် စီးရီးအေကလပ် ဂျီနိုအာအသင်းတို့ရဲ့နည်းပြချုပ်ဖြစ်ခဲ့ပါတယ်။ သူ့ကိုအချိန်တိုင်းရဲ့ အကြီးကျယ်ဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ်သတ်မှတ်ထားကာ ယူကရိန်းသမိုင်းရဲ့အကြီးမြတ်ဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။


ရှက်ဗ်ချန်ကို သည် ဒိုင်နမိုကိဗ်တွင် သူ့ရဲ့ကစားသမားဘဝကိုစတင်ခဲ့ပြီး အေစီမီလန်သို့မရောက်ခင် လိဂ်ဖလား 𝟓 ကြိမ်ဆက်တိုက်ရရှိခဲ့ပါတယ်။ မီလန်တွင် သူသည် ဥရောပရှိ ထိပ်တန်းတိုက်စစ်မှူးများ ထဲမှတစ်ဦးအဖြစ်ရပ်တည်ခဲ့ပြီး 𝟐𝟎𝟎𝟑 ခုနှစ်တွင် ယူအီးအက်ဖ်အေချန်ပီယံလိဂ်ကို ဆွတ်ခူးခဲ့ကာ သူဟာ ယူကရိန်း၊ အီတလီနှင့် အင်္ဂလန်တို့တွင် ဆုဖလားများ အသီးသီးရရှိခဲ့ပါတယ်။ သူ့ကို 𝟐𝟎𝟎𝟒 ခုနှစ်တွင် ဖီဖာရဲ့ ထိပ်တန်းဘောလုံးသမား 𝟏𝟐𝟓 ဦးထဲမှ တစ်ဦးအဖြစ်သတ်မှတ်ခဲ့ပြီး ထိုနှစ်တွင်ပင် ဖီဖာရွှေဘောလုံးဆုကိုရရှိခဲ့ပါတယ်။ဒါ့အပြင် 𝟐𝟎𝟎𝟓 ခုနှစ်အတွက်လည်း ဖီဖာကမ္ဘာ့အကောင်းဆုံး 𝟏𝟏 ယောက်စာရင်းတွင်ရွေးချယ်ခံခဲ့ရပါတယ်။


သူသည် ယူအီးအက်ဖ်အေ ကလပ်ပြိုင်ပွဲအားလုံးတွင် 𝟔𝟕 ဂိုးဖြင့် သတ္တမမြောက်ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး မီလန်အတွက်သွင်းဂိုး 𝟏𝟕𝟓 ဂိုးအထိ သွင်းယူထားနိုင်ကာ ကလပ်သမိုင်း တစ်လျှောက် ဒုတိယမြောက်အအောင်မြင်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မီလန်ဒါဘီ ( မီလန်နှင့် မြို့ခံပြိုင်ဘက် အင်တာမီလန်တို့ကြား ) ပွဲစဉ်များတွင်လည်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် 𝟏𝟒 ဂိုးသွင်းယူကာရပ်တည်ထားပါတယ်။



နိုင်ငံလက်ရွေးစင်အဖြစ် ယူကရိန်းလက်ရွေးစင်အသင်းအတွက် 𝟒𝟖 ဂိုးဖြင့် ဂိုးသွင်းအများဆုံးဖြစ်ပြီးယူကရိန်းအသင်းခေါင်းဆောင်အဖြစ် 𝟐𝟎𝟎𝟔 ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့ပါတယ်။ ယူရို 𝟐𝟎𝟏𝟐 တွင်လည်းယူကရိန်းကအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာလည်းလက်ရွေးစင်အသင်းအတွက်ပါဝင်ပေးခဲ့ပါတယ်။


သူဟာ 𝟐𝟎𝟏𝟐 ခုနှစ်အတွင်းမှာပဲ နိုင်ငံရေးလောကကိုကူးပြောင်းဖို့အတွက် အားကစားလောကမှ နှုတ်ထွက်ခဲ့ပြီး 𝟐𝟎𝟏𝟐 ၊ အောက်တိုဘာ ယူကရိန်းပါလီမန်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ သို့သော် သူ့ရဲ့ပါတီသည်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီနောက် 𝟐𝟎𝟏𝟔 မှာ ဘောလုံးလောကသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ယူကရိန်းလက်ရွေးစင်အသင်း ရဲ့လက်ထောက်နည်းပြအဖြစ် 𝟔 လအထိတာဝန်ယူခဲ့ကာ ဇူလိုင်လတွင် ယူကရိန်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ယူအီးအက်ဖ်အေ ယူရို 𝟐𝟎𝟐𝟎 တွင်လက်ရွေးစင်အသင်းကိုကွာတားဖိုင်နယ်သို့ ရောက်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။ 𝟐𝟎𝟐𝟐 ၊ နိုဝင်ဘာလ 𝟏𝟕 တွင်သူဟာ ယူကရိန်းအမျိုးသား အိုလံပစ်ကော်မတီရဲ့ ဒုတိယဥက္ကဌ ဖြစ်လာခဲ့ပြီး သဘောထားတွေကွဲလွဲပြီးနောက် ဇန်နဝါရီတွင်ကော်မတီမှ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ဇန်န၀ါရီ 𝟐𝟎𝟐𝟒 မှာတော့သူဟာ ယူကရိန်း ဘောလုံးအသင်းရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


ငယ်စဉ်ကတည်းက သူသည် 𝐋𝐋𝐖𝐈 ယူကရိန်းအငယ်တန်းလိဂ်တွင် အပြိုင်အဆိုင်လက်ဝှေ့သမားတစ်ဦး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘေားလုံးသမားတစ်ဦးအဖြစ်ပြောင်းလဲခဲ့သူဖြစ်ပါတယ်။

"〰〰〰〰〰〰〰〰〰〰〰〰〰〰〰

𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"

#mmmedia
#Shevchenko
#Striker
#Ukraine