အားကစားသတင်းများ

သွင်းဂိုးပေါင်း 10,00 ဆိုတဲ့စံချိန်တစ်ခုကို ဂုတ်ကြီးတစ်ယောက်ထပ်ပြီးတင်နိုင်မှာလား ? 🐐🇵🇹 🎖️

blog image

August 9, 2024

ဒီစံချိန်က ဘောလုံးအားကစားသမားတွေအတွက်ဘောလုံးသမိုင်းမှာအခက်ခဲဆုံးနဲ့ စိတ်ကူးယဉ်အဆန်ဆုံး လို့ပြောရမဲ့ စံချိန်တစ်ခုသာဖြစ်မယ်ဆိုတာ 100% သေချာပါတယ်။ ဘယ်ကစားသမားတစ်
ယောက်က မှစိတ်ကူးထဲတောင်ရှိမနေတဲ့အရာလို့တောင်ပြောလို့ရပါတယ်။ သွင်းဂိုးတွေကိုရူးသွပ်ပါတယ်ဆိုတဲ့တိုက် စစ်မှုတွေတောင် ဒီလိုစိတ်ကူးတွေရှိနေမယ်မထင်ပါဘူး။ ဂိုးသွင်းကောင်းတဲ့
ကစားသမားတစ်ယောက်အနေနဲ့ အသက် 20 အရွယ်ကနေစလို့ အသက် 40 အရွယ်ထိတစ်ရာသီ သွင်းဂိုးပေါင်း 50 ပုံမှန်သွင်းနေနိုင်မှသာလျှင်ရယူနိုင်မဲ့စံချိန်မျိုးဖြစ်နေပါတယ်။ ဒီလို တစ်ရာသီကို ဂိုး
ပေါင်း 50 နှစ်ပေါင်း 20 ဆက် တိုက်သွင်းယူဖို့ မပြောနဲ့ 2 နှစ် ဆက်တိုက်သွင်းယူနိုင်တဲ့သူတွေတောင်ခက်ရှားရှားရယ်ပါ။ နောက်ပြီးအနည်းဆုံး အသက် 40 အရွယ်ထိဘောလုံးဆက်ကစားနေနိုင်မှသာ
နီးစမ်မှုရှိမဲ့စံချိန်မျိုးပါ ၊ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ။ ဒါကြောင့်ပဲ ဒီစံချိန်က အခက်ခဲဆုံးနဲ့ စိတ်ကူးယဉ်အဆန် ဆုံးဖြစ်နေတာပါ။

ဒီနေရာမှာပြောစရာရှိတာက ဘာစီလိုနာကြယ်ပွင့်လေး ရာမယ် တို့လို အသက် 16 နှစ်ထဲက ပရော်ဖက် ရှင်နယ် ပွဲစဉ်တွေစကစားနေမယ်ဆိုရင်ရောမဖြစ်နိုင်ဘူးလားပေါ့ ။ စဉ်စားကြည့်ရင်အသက် 16
နှစ်ထဲက စကစားမယ် အသက် 40 အရွယ်ထိဆိုရင် သူ့မှာ ကစားသမားဘဝသက်တမ်း 24 နှစ်ရပါမယ် ၊ ဒါဆို သွင်းဂိုး 10,00 ပြည့်ဖို့ သူ့အနေနဲ့ တစ်ရာသီ သွင်းဂိုး ပေါင်း 41 ဂိုး ၊ 42 ဂိုးဝန်းကျင်ပုံမှန်
သွင်းရမှာပါ။ ဒါကို ရာမယ်ရဲ့ ပြီးခဲ့တဲ့ 2023/24 ဘောလုံးရာသီအတွင်း ကလပ်နဲ့နိုင်ငံ အတွက်သွင်းဂိုးတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်။ ရာမယ်အနေနဲ့ အဲ့ဒီနှစ်တွေမှာ စုစုပေါင်း သွင်းဂိုး 10 ဂိုးပဲသွင်းယူ
နိုင်ခဲ့ တာတွေ့ရပါတယ်။ ဒါတောင်ရာမယ်က ဘာစီလိုနာနဲ့ စပိန်ရဲ့ အဓိကနေရာကပါဝင်ကစားခဲ့တဲ့ ကြယ်ပွင့်ကစားသမားပါ။ သူတောင်နီးစပ်မှုဘယ်လိုမှမရှိပါဘူး။ ဒါဆိုဘာကြောင့် ဂုတ်ကြီး ခရစ်စတီ
ယာနိုရော်နယ်ဒို ကိုဒီစံချိန်တင်နိုင်မှာလားလို့ ခေါင်းစဉ်တပ်ရတာလဲလို့ဆိုရင် ဂုတ်ကြီးရော်နယ်ဒို က ဒီစံချိန်နဲ့ နီးစပ်မှုအရှိဆုံးဖြစ်နေလို့ပါ ။ ရော်နယ်ဒို ရဲ့လက်ရှိသွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်က
895 ဂိုးနဲ့ သမိုင်းတစ် လျှောက်ဂိုးသွင်းအများဆုံးဆိုတဲ့ စံချိန်ပါတင်ထားလို့ပါ ။ ဒီသွင်းဂိုး 10,00 ဆိုတဲ့အရေအတွက်ကို မှီဖို့အတွက်ကလည်း သူ့အနေနဲ့ နောက်ထပ်သွင်းဂိုးပေါင်း 105 ဂိုးပဲလိုအပ်တာ
မို့လို့ပါပဲ။ သွင်းဂိုးပေါင်း 105 ဂိုးဆိုတဲ့ပမာဏဟာ အများကြီးဖြစ်ပေမယ့်လည်းအခုချိန်ထိ ဂိုးသွင်းစွမ်းဆောင်ရည်မကျသေးတဲ့ ရော်နယ်ဒိုအတွက်ကဖြစ်နိုင်ချေရှိနေသေးတာကြောင့်လည်းဖြစ်ပါ
တယ်။

အခုချိန်မှာ ရော်နယ်ဒိုရဲ့အသက်က 40 နှစ်ထဲမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ယူရိုပြိုင်ပွဲမှာလည်း ကစားခဲ့ပြီးပါပြီ။ သွင်းဂိုးတွေမရခဲ့ပေမဲ့ သက်လုံးကကျန်နေသေးပြီး အချိန်ပို 15 မိနစ်နှစ်ပိုင်းလုံးကို
တောင် ကစားပြခဲ့တာ အားလုံးလည်းမြင်တွေ့ခဲ့မှာပါပဲ။ နောက်ပြီးသူက ကစားသမားဘဝကို အနားမယူသေးဘဲ ဆက်ကစားမယ် လို့ပြောကြားထားပြီး လက်ရှိကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာ နဲ့
လည်းစာချုပ်သစ်ထပ်ချုပ်ဖို့ အစီစဉ်ပါ ရှိနေသေးတာလည်းဖြစ်ပါတယ်။ ဒါကြောင့်သူ့အနေနဲ့က ဒီစံချိန်ကိုမှီနိုင်တဲ့အနေအထား မှာရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်း
အတွက်ရော်နယ်ဒိုရဲ့သွင်းဂိုးကအရေအတွက်က ဂိုးပေါင်း 50 ထိတောင် ရှိခဲ့ပါတယ်၊ ဒါတောင်နိုင်ငံပွဲစဉ်ရဲ့သွင်းဂိုးမပါသေးပါဘူး။ ဒီနှစ်မှာလည်း သူ့အနေနဲ့ အယ်လ်နာဆာ အသင်းအတွက်အပြင် နိုင်ငံပွဲ
တွေလည်းထပ်ကစားဖို့ရှိနေသေးတယ်ဆိုတော့ အရင်နှစ်ကလို ဂိုး 50 ထိ မဟုတ်ခဲ့ ရင်တောင် သွင်းဂိုးတွေထပ်ပြီးစုဆောင်းနိုင်ပါသေးတယ်။ ဒါကြောင့် သူ့အနေနဲ့ နောက်ထပ် 2 နှစ် ၊ 3 နှစ် လောက်
ဆက်ကစားနေသေးရင်တော့သေချာပေါက်ပြည့်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ရော်နယ်ဒိုနဲ့ ပက်သက်ပြီးစဉ်စားရမဲ့အချက်တစ်ချက်က သူ့ရဲ့သားဖြစ်သူ ဂျူနီယာနဲ့ပက်သက်ပြီးတော့ပါ။ ဂျူနီယာက ဖခင်ဖြစ်သူနဲ့ ဘောလုံးအတူတွဲကစားချင်တယ်လို့ပြောကြားထားပြီး
သူ့အဖေကိုအနားမယူသေးပဲဆက်ကစားပေးဖို့တောင်း ဆိုထားတယ်ဆိုတာလည်း အားလုံးသိကြပြီးဖြစ်မှာပါ။ ဒါကြောင့်ရော်နယ်ဒိုအနေနဲ့ သူ့သားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့လုပ်ဆောင်သွားမလား
စောင့်ကြည့်ချင်စရာလည်းဖြစ်ပါတယ်။ ဂျူနီယာအနေနဲ့ကလည်း အခုချိန်မှာ အသက်က 14 နှစ်အရွယ်ရောက်ပြီဖြစ်လို့ ဒါကလည်းဖြစ်သွားနိုင်တဲ့အရာတစ်ခု ဖြစ်နေပါတယ်။
ယနေ့ဘောလုံးကမ္ဘာကိုကြည့်လိုက်ရင် ရော်နယ်ဒိုထက်အသက်ပိုကြီးပြီးဘောလုံးဆက်ကစားနေသေး တဲ့သူတောင်ရှိပါသေးတယ်။ အသက် 56 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျပန်ဘောလုံးကစားသမား မီယူ
ရာ ကာဇူရိုရှိ ဆိုသူပါ။ သူကတော့ အာရှလိဂ်အများစုမှာပဲကျင်လည်နေပြီး ဘောလုံးဆက်ကစားနေသေးတဲ့သူဖြစ်ပါတယ်။ ဉရောပမှာဆိုရင်တော့ ရော်နယ်ဒိုထက်အသက်ပိုကြီးပြီး ဘောလုံးဆက်
ကစားနေသေးတဲ့သူဆိုလို့တစ်ယောက်မှ မရှိတော့ပါဘူး ဒါပေမဲ့ ရော်နယ်ဒိုရဲ့လက်ရှိအသက်အရွယ်ထက် ပိုကြီးတဲ့အချိန်ထိကစားပြီးမှအနားယူသွားတဲ့သူတွေတော့ရှိပါတယ် ပီပီ ( 40 ) ၊ အီဗရာဟင်မို
ဗစ် ( 41 ) ၊ ဂျိုအာကွင်းဆန်းချက်ဇ် ( 41 ) ၊ ဘူဖွန် ( 45 ) ဆိုတဲ့နာမည်ကြီးကစားသမားတွေပါ။ ဒါကြောင့် ရော်နယ်ဒို လိုကိုယ့်ရဲ့ကြံ့ခိုင်ရေးကိုပဲအမြဲ ဂရုစိုက်နေတဲ့သူအတွက်ကတော့ ဒီကစားသမား
တွေလိုပဲ ဆက်ကစားနိုင်တဲ့အခြေအနေရှိနေပါတယ်။ နောက်ပြီးဘောလုံးနဲ့ပက်သက်ရင် လောဘကြီးတတ်တဲ့ သူ့လိုလူတစ်ယောက်အတွက်ကစံချိန်တွေဆိုတာ သူ့နောက်လိုက်နေတဲ့အရာလို့တောင်
ပြောလို့ရပြီး ဒီသွင်းဂိုးပေါင်း 1,000 ဆိုတဲ့ စံချိန်ကလည်း သူ့နောက်ကိုထပ်ပြီးလိုက်လာနိုင်မလား စောင့်ကြည့်ချင်စရာကောင်းလို့နေခဲ့ပါတယ်။
#K9WinSportsMedia
#ronaldo
#alnassr

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024