အားကစားသတင်းများ

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

blog image

August 27, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်ကတော့ ရီးရဲမက်ဒရစ်တို့ ဗယ်လက်ဒိုးလစ်အသင်းကို ( 3 - 0 ) နဲ့အနိုင်ယူခဲ့တဲ့လာလီဂါပွဲစဉ်မှာ သူ့ရဲ့ ရီးရဲမက်ဒရစ်ကစားသမားဘဝ ပထမဦးဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာ အန်းဒရစ် ဟာဒုတိယပိုင်းမှ အမ်ဘာပေနဲ့လူစားလဲပြီးဝင်လာခဲ့ပေမဲ့ ပွဲချိန် 96' မိနစ်အရောက်မှာတော့ လှပတဲ့ညာခြေကန်ချက်ဖြင့်သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီဂိုးကြောင့်သူဟာ မက်ဒရစ်ဂျာစီနဲ့ ပထမဆုံးသွင်ဂိုးရရှိရုံသာမက အသက် 18 နှစ် 35 ရက်အရွယ်နဲ့ လာလီဂါသမိုင်းမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်တဲ့အသက်အငယ်ဆုံးကစားသမားအဖြစ်ပါမှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။နောက်ပြီး မက်ဒရစ်အသင်းရဲ့အဓိကတိုက်စစ်မှူးတွေဂိုးပေါက်ပျောက်နေချိန်မှာ ယခုလိုဂိုးသွင်းယူနိုင်ခဲ့မှုဟာ ရာသီစခြေစမ်းပွဲစဉ်တွေမှာတုန်းက သူ့ကိုဝေဖန်ခဲ့တဲ့ဝေဖန်သံတွေကိုလည်း အထိုက်အလျောက်ရပ်တန့်စေနိုင်ခဲ့ပါတယ်။
တိုက်စစ်ကြယ်ပွင့်ကစားသမားတွေစုပုံနေတဲ့အသင်းတစ်သင်းမှာ သူ့အနေနဲ့အသက်အရွယ်ငယ်ငယ်နဲ့ပုံမှန်နေရာရရှိဖို့မလွယ်ကူပေမဲ့ ရရှိတဲ့အခွင့်အရေးမှာကောင်းကောင်းအသုံးချပြနိုင်တာတကယ်ကိုချီးကျူးစရာကောင်းပါတယ်။ ဒီတိုင်းဆိုရင် ပွဲကစားချိန်တွေကယခုထက်ပိုရလာဖို့ရှိနေပြီး နည်းပြအန်ဆယ်လော့တီလည်း သူ့ရဲ့တိုက်စစ်ကစားသမားတွေကို ရွေးချယ်ရတာတော်တော်ခေါင်းခြောက်နေတော့မှာသေချာပါတယ်။ နောက်ပြီးဒီပွဲမှာ သူ့ရဲ့သွင်းဂိုးကိုဖန်တီးပေးခဲ့တဲ့ ဘရာဟင် ဒိုင်းယက်ဇ် ဆိုလည်း တော်တော်လေးကိုကောင်းခဲ့ပါတယ်။ အန်းဒရစ်လိုပဲ ဒုတိယပိုင်းမှဝင်လာခဲ့ပေမဲ့ အကောင်းဆုံးခြေစွမ်းပြပြီး တစ်ဂိုးသွင်းယူကာတစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကဲ. အခုဆိုဘာနေဗျူးကွင်းမှာအစကောင်းခဲ့တဲ့ အန်းဒရစ်တစ်ယောက် နောက် ထပ်သွင်းဂိုးတွေဘယ်လောက်ထိများသွင်းယူပြီး ရှေ့ကသူ့ရဲ့ဘရာဇီးနောင် တော်ကြီးတွေရဲ့လမ်းစဉ်အတိုင်းထပ်ပြီးတောက်ပလာအုံးမလားစောင့်ကြည့်ချင်စရာကောင်းနေခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ ဉရောပဘောလုံးရပ်ဝန်းမှာ ဒီဘရာဇီးသားလေးဟာ မတူကွဲပြားတဲ့စွမ်းဆောင်ရည်တွေနဲ့ထွန်းလင်းလာအုံးမယ့်အရိပ်အရောင်ကောင်းတွေရှိနေတယ်ဆိုတာပါပဲ။ ⚪

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

သွင်းဂိုးပေါင်း 10,00 ဆိုတဲ့စံချိန်တစ်ခုကို ဂုတ်ကြီးတစ်ယောက်ထပ်ပြီးတင်နိုင်မှာလား ? 🐐🇵🇹 🎖️

August 9, 2024