အားကစားသတင်းများ

One Friday Fights ပြိုင်ပွဲမှာဒုတိယမြောက်ပွဲစဉ်ကိုထိုးသတ်တော့မယ့်ထွန်းမင်းအောင်။

blog image

July 12, 2024


ထွန်းမင်းအောင်ကတော့အားလုံးသိရှိပြီးထားတဲ့အတိုင်း အသက် 18 နှစ်အရွယ်မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားလေး တစ်ယောက်ဖြစ်ပါ


တယ်။ ရိုးရာလက်ဝှေ့မှာအနေအထားတစ်ခုရှိပြီးတောက်ပတဲ့အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ 

ဒီပွဲစဉ်ဟာ ဖယ်သာဝိတ်တန်းရဲ့ 155 ပေါင်တန်းမှာယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြိုင်ဘက်ဖြစ်သူကတော့ ဗီယမ်နမ် နိုင်ငံသား ထရန်ကွမ်တွမ်

ပဲဖြစ်ပါတယ်။ ဒီကစားသမားဟာ One မှာတစ်ပွဲထိုးဖူးပြီး အလဲထိုးဖြင့်လည်းအနိုင်ရရှိထားသူဖြစ်ပါတယ်။ ထွန်းမင်းအောင်ကတော့

ပထမပွဲစဉ်မှာ ပြိုင်ဘက်ရုရှားဖိုက်တာကိုအမှတ်ဖြင့်ရှုံးနိမ့်ထားပြီး တာထွက်မလှခဲ့ပါဘူး။ ပြီးတော့ဒီပွဲစဉ်မှာလည်း ပြိုင်ဘက်ဖိုက်တာရဲ့

 ပတ်ပြေးနေတဲ့ကစားပုံတွေကြောင့်ကောင်းကောင်းလုပ်ပြခွင့်လဲမရရှိခဲ့ပါဘူး။ ဒါကြောင့်ဒီပွဲမှာအနိုင်ယူပြီးဖိုက်တာကောင်းတစ်ယောက်

ဖြစ်ကြောင်းသက်သေပြဖို့လိုအပ်ပါတယ်။
ပြိုင်ဘက်နဲ့နှိုင်းယှဉ်ရင် ပြိုင်ဘက်ကတစ်ပွဲအနိုင်ရထားတာကလွဲရင် ကွာဟချက်ကြီးကြီးမားမားမရှိပဲ ထွန်းမင်းအောင်ကတောင်

အရပ်အမောင်းအားသာချက်ရှိပါတယ်။ ဒါကြောင့်ဘက်မျှတယ်လို့ပြောလို့ရပြီး ထွန်းမင်းအောင်အနေနဲ့လည်းအကောင်းဆုံးလုပ်ပြနိုင်

မယ်ယုံကြည်ပါတယ်။ 

ကဲ, ထွန်းမင်းအောင်ကို အားပေးလိုက်ရအောင်  

 ဒီပွဲစဉ်ကိုတော့ - 12/7/2024 ၊ သောကြာနေ့ည ၊ ( မြန်မာစံတော်ချိန်7 : 00 PM ) မှာယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

 ထွန်းမင်းအောင် ရဲ့ပွဲစဉ်ကတော့ ပွဲစဉ် 4 ပွဲမြောက်မှာဖြစ်ပါတယ်။  

#k9winsportmedia

#TunMinAung

#onechampionship

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024