အားကစားသတင်းများ

နီကို ဝီလီယံ တစ်ယောက် ဘာလဲ ? ဘယ်လဲ ?

blog image

July 20, 2024


ယူရို 2024 မှာအကောင်းဆုံးတောက်ပခဲ့တဲ့ ကြယ်ပွင့်ကစားသမားလေး နီကို ဝီလီယံ ဟာ လက်ရှိ အပြောင်း အရွှေ့ဈေးကွက်ထဲမှာ အသင်းကြီးတိုင်းရဲ့အလိုရှိဆုံးကစားသမားလို့ပြောရပါမယ်။ အထူးဖြင့်  စပိန်လာလီဂါ နဲ့ ပရီးမီးယားလိဂ်

အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုအခံရဆုံးပါ။ကစားသမားအနေနဲ့ ဘီဘာအိုအသင်းနှင့် စာချုပ်သက်တမ်းကာလရှည်ကျန်ရှိသေးပေမဲ့စာချုပ်ဖျက်သိမ်းကြေးက58သန်းပဲရှိလို့အသင်းတိုင်းအတွက်ကလည်းမျက်စိကျစရာကိုဖြစ်လို့နေတာပါ။ဒါ

ကြောင့်လိုချင်တဲ့အသင်းတွေဝိုင်းဝိုင်းလည်နေတဲ့ဒီကစားသမားလေးရဲ့အပြောင်းရွှေ့က စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ယူရိုပြိုင်ပွဲမစတင်ခင်တုန်းက ဒီကစားသမားလေးကို အလိုချင်ဆုံးအသင်းက အာဆင်နယ်ပါ။ နောက်ပိုင်း ယူရိုပြိုင်ပွဲမှာအကောင်းဆုံးခြေစွမ်းတွေနဲ့ပေါ်ထွက်ခဲ့ပြီးနောက်မှာတော့လိုချင်တဲ့အသင်းတွေကဝိုင်းဝိုင်းကိုလည်ခဲ့တာပါ။ဒါကြောင့်ဒီ

ကစားသမားကိုရရှိဖို့ကအရင်လိုမလွယ်ကူတော့ပဲခက်ခက်ခဲခဲနဲ့ကိုအပြိုင်ခေါ်ယူသွားရတော့မှာဖြစ်ပါတယ်။

အခုဆို စပိန်ထိပ်သီး ဘာစီလိုနာကဒီကစားသမားကိုအသည်းအသန် လိုက်နေတယ်လို့ကြားသိရပါတယ်။ ယူရိုပြိုင်ပွဲအတွင်းမှာထဲကိုကဒီကစားသမားကိုလိုချင်ကြောင်းနဲ့ခေါ်ယူဖို့အတွက်ပိုက်ဆံလုံလုံလောက်လောက်ရှိကြောင်းကိုပေါ်တင်ပြော

ကြားထားတာလည်းတွေ့ရပါတယ်။ဘာစီလိုနာအနေနဲ့ကလည်းအမှန်တကယ်ကိုဈေးကွက်ထဲမှာကြယ်ပွင့်ကစားသမားတွေလိုအပ်နေပြီးပြိုင်ဘက်ရီးရဲမက်ဒရစ်မက်ဒရစ်ကိုအပြိုင်ကြဲဖို့ကြိုးစားရမယ့်အချိန်လည်းဖြစ်ပါတယ်။ပြိုင်ဘက်ရီး

ရဲမက်ဒရစ်အသင်းကအမ်ဘာပေတို့,အန်းဒရစ်တို့လိုကြယ်ပွင့်ကစားသမားတွေထပ်ပြီးစုဆောင်းထားနိုင်တဲ့အချိန်ဘာစီလိုနာအနေနဲ့ကလည်းရီးရဲကိုအပြိုင်ကြဲဖို့ဒီအပြောင်းအရွှေ့ကိုမဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ဝီလီယံဟာ

ဆိုလည်းလက်ရှိကစားခဲ့တဲ့ယူရိုပြိုင်ပွဲဝင်ကစားသမားတွေထဲမှာ အကောင်းဆုံးတောင်ပံတိုက်စစ်ကစားသမားဖြစ်လို့ သူတို့အနေနဲ့ဒီကစားသမားလေးကို ဆွဲစားပြီးရီးရဲကို အကောင်းဆုံးယှဉ်ပြိုင်ချင်နေတာဖြစ်ပါတယ်။နောက်ပြီးဘာစီလိုနာက
ခေါ်ယူမယ်ဆို ပိုပြီးအားသာချက်ရှိတာကဝီလီယံရဲ့စပိန်အသင်းဖော်ရာမယ်ရှိနေခြင်းပါပဲ။နိုင်ငံအသင်းမှာအတွဲညီစွာခြေစွမ်းပြခဲ့တဲ့အသင်းဖော်တွေနဲ့ပြန်လည်ကစားရမဲ့အခွင့်အရေးရှိနေလို့ပါ။


နောက်ထပ် ဝီလီယံကိုအလိုရှိနေတဲ့အသင်းက ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းပါ။ အာဆင်နယ်အသင်းဟာဆိုရင်လည်း အသင်းကောင်းတစ်သစ်ဖြစ်တာနဲ့အညီ ဆုဖလားတွေကိုစိန်ခေါ်ဖို့အတွက် တိုက်စစ်မှာဆာကာတစ်ဦးထဲကိုပဲ
မှီခိုနေရတဲ့ပြဿနာကိုဝီလီယံနဲ့ဖြေရှင်းချင်နေတာပါ။ဝီလီယံလိုကစားသမားမျိုးကိုသာရလိုက်ရင်အာဆင်နယ်ဟာလည်းတကယ်ကိုပြည့်စုံသွားမှာလို့ဆိုရပါမယ်။ဒါပေမဲ့အာဆင်နယ်အတွက်ခက်ခဲတာက အပြောင်းအရွှေ့တွေမှာ လျှင်လျှင်မြန်
မြန်မလုပ်ဆောင်တတ်တာပါ။ ဘိုလော့နာက ကယ်လာဖီအို ရီဆို ကစားသမားနှင့်သဘောတူညီမှုရတာကြာပြီး အခုချိန်ထိကိုပြောင်းရွှေ့ကြေးကညှိလို့ကိုမပြီးသေးတာပါ။ ဒီလိုမျိုးဆိုရင်လည်းဝီလီယံကိုရဖို့ကဘယ်လိုမှမဖြစ်နိုင်ပါဘူး။
နောက်ထပ်ဝီလီယံကိုစိတ်ဝင်စားတဲ့အသင်းတွေလည်းအများကြီးရှိပါသေးတယ်၊အခုပြောခဲ့တဲ့နှစ်သင်းကတော့လက်ရှိဈေးကွက်မှာဝီလီယံကိုအလိုရှိဆုံးလို့ပြောရမဲ့နှစ်သင်းပါ။


ကစားသမားဖက်ကိုပြန်ကြည့်မယ်ဆိုဝီလီယံကဘီဘာအိုအသင်းနှင့်စာချုပ်ရှိသေးတယ်၊အသင်းအတွက်ပဲအာရုံစိုက်ထားတယ်လို့လည်းပြောကြားထားတာကိုတွေ့ရပါတယ်။ဒါကလက်ရှိအသင်းကိုလေးစားတာလည်းဖြစ်ချင်ဖြစ်မှာပါ။သူ့အနေနဲ့
ဘီဘာအိုမှာပဲတစ်သက်လုံးတော့မနေတာသေချာပါတယ်။နောက်ပြီးကစာသမားကရီးရဲမက်ဒရစ်အသင်းမှာကစားဖို့အိမ်မက်မက်ထားတဲ့သူပါ၊သူကိုယ်တိုင်ကလည်းရီးရဲအသည်းကျော်ရော်နယ်ဒိုဖန်လည်းဖြစ်ပါတယ်။ဒီတော့အပြောင်းအရွှေ့က
ထင်ထားတာထပ်ကိုပိုရှုပ်ထွေးပါတယ်၊သူ့ကိုခေါ်ယူဖို့အနီးစပ်ဆုံးလို့ပြောရမဲ့အရမ်းလိုချင်နေတဲ့အိမ်မက်အသင်းရဲ့ပြိုင်ဘက်ဘာစီကိုသွားပါ့မလား?၊သူ့idolကိုမုန်းတဲ့အသင်းကိုသွားပါ့မလားပေါ့။ဒါမှမဟုတ်အင်္ဂလန်ပရီးမီးယားလိဂ်ကိုပဲ
ရောက်လာမလားပေါ့။သူ့အတွက်စာချုပ်ဖျက်သိမ်းကြေးပေးနိုင်တဲ့အသင်းတွေကလည်းများတော့အခြားဘယ်လိဂ်ကိုပဲရောက်သွားမလဲ၊လက်ရှိအသင်းမှာပဲဆက်ပြီးနေသွားမလားပေါ့ ၊ စိတ်ဝင်စားဖို့ရမ်းကောင်းပါတယ်။ဝီလီယံတစ်ယောက်
လည်းကိုယ့်ကို ကို ငါဟာဘာလဲ? ဘယ်လဲ? လို့တောင်ဝေခွဲရခက်နေမဲ့အချိန်ဖြစ်နေမှာသေချာပါတယ်။

ကဲ. ဒီကြယ်ပွင့်ကစားသမားလေးကို ဘယ်အသင်းမှာမြင်တွေ့ချင်ကြလဲဗျာ။






Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

September 3, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024