အားကစားသတင်းများ

ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခတ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

blog image

September 3, 2024

ဒီနှစ်အပြောင်းအရွှေ့ရာသီထဲမှာ ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံး၊ အလှုပ်ခပ်ဆုံးလို့ပြောရမဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတစ်ပုဒ်ကတော့ အခုချိန်မှာဇာတ်သိမ်းမလှပဲအဆုံးသတ်ခဲ့ပါပြီ။
နာပိုလီအသင်းရဲ့တိုက်စစ်မှူး ဗစ်တာအိုဆင်ဟမ် ဟာ ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အသင်းကြီးတွေအများစုလိုက်နေကြတဲ့ကြယ်ပွင့်ကစားသမားတွေ ထဲတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အဓိကအားဖြင့် ပီအက်စ်ဂျီ၊ ချယ်လ်ဆီး၊ ဆော်ဒီကလပ်အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက်က ပြောင်းရွှေ့ကြေးကို နာပိုလီနဲ့ ညှိမရလို့အပြောင်းအရွှေ့ပျက်တယ်၊ ချယ်လ်ဆီးအတွက်က ဒီတစ်နွေလုံးလိုက်ခဲ့တယ် အပြောင်းအရွှေ့နောက်ဆုံးထိလည်းပြန်လိုက်တယ် ပြောင်းရွှေ့ကြေးသဘောတူခဲ့တယ် နောက်ဆုံးကစား သမားနဲ့လစာကိစ္စညှိမရလို့ပျက်တယ်၊ နောက်ထပ် ဆော်ဒီကလပ် အယ်လ်အာလီ ဆိုလည်းပြောင်းရွှေ့ကြေးကို သဘောတူတယ်၊ လစာလည်းဆော်ဒီလိဂ်ဆိုတဲ့အတိုင်းရှယ်ပေးခဲ့တယ် ဒါပေမဲ့ ကစားသမားက ဆော်ဒီလိဂ်ကိုမပြောင်းချင်နဲ့ အဆုံးသတ်ခဲ့တယ်။ အဲ့လိုနဲ့ ဉရောပကလပ်တွေကိုလစာအဆမတန်တောင်း၊ ဆော်ဒီကပေးတော့လဲမပြောင်းချင်ဖြစ်နေတဲ့ အိုဆင်ဟမ်ကို ဉရောပအသင်းကြီးတွေကလက်ရှောင်ခဲ့ပြီး နောက်ဆုံးဈေးကွက်ပိတ်တဲ့အချိန်မှာ နာပိုလီအသင်းမှာပဲရှိနေခဲ့ရတော့တယ်။ သို့ပေမဲ့လို့ နာပိုလီအသင်းကလဲ အသင်းနေ ထွက်မယ်တကဲကဲလုပ်နေတဲ့ အိုဆင်ဟမ် ကိုအမြင်ကပ်ပုဒ်မနဲ့ အသင်းရဲ့လူစာ ရင်းမှာ မထည့်ပဲထုတ်ပယ်ထားခဲ့တယ်။ ဒီလိုအခြေအနေတွေမှာ ဟိုဆင်ဟမ် အနေနဲ့အတော်တိုင်ပတ်ခဲ့ပြီး တစ်ရာသီလုံးဘောပွဲတွေကိုထိုင်ကြည့်နေရမဲ့အရေးကိုကြုံခဲ့ရတယ်။
ဒါပေမဲ့လည်း နောက်ဆုံးမှာကံကောင်းစွာနဲ့ တူရကီအပြောင်းအရွှေ့ရာသီကမပိတ်သေးတဲ့အတွက် တူရကီလိဂ်ကိုပြောင်းရွှေ့ဖို့အခွင့်အရေးရခဲ့ပြီး မပြောင်းချင်ပေမဲ့လည်း မကစားရမဲ့တူတူ ပြောင်းရွှေ့ဖို့သဘောတူခဲ့ပြီး တူရကီမြေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းကို တစ်ရာသီအငှားပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အငှားခကိုဂါလာတာစာရေး အသင်းဘက်ကပေးချေစာမလိုပဲ ကစားသမားရဲ့လစာကိုသာအပြည့်ပေးချေရမည့်သဘောတူညီချက်နဲ့အပြောင်းအရွှေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာလစာက နာပိုလီမှာရရှိတဲ့အတိုင်းပဲ ပေးချေရမှာဖြစ်ပါတယ်။
ဒီနှစ်မှာတကယ်ကိုတိုင်အပတ်ဆုံးအပြောင်းအရွှေ့ပါ၊ ဘာပဲပြောပြော ဂါလာတာစာအသင်းကတော့ ကြားထဲကအမြတ်ထွက်ခဲ့ပြီး သူ့တို့အနေနဲ့ ခေါ်ယူဖို့အိမ်မက်လို့ပဲရမဲ့ ကစားသမားကိုတစ်ရာသီပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်လစာအများကြီးလိုချင်တဲ့အတွက်ကြောင့်ခံလိုက်ရတဲ့အဖြစ်ကို အိုဆင်ဟမ်အနေနဲ့တူရကီလိဂ်မှာ ရှက်ရမ်း ရမ်းပြီးဘယ်လောက်ထိကြမ်းပြသွားမလဲ ပဲစောင့်ကြည့်ချင်စရာပါ။ 🟡🟤

Related Sports News

အန်းဒရစ်ကတော့ ကိုယ့်ကိုယ်ကိုပဲ ယုံကြည်မှုတွေရှိလွန်းတာလား ၊ ဂိုးပေါက်တွေ့တိုင်းကိုလှမ်းကန်တတ်တဲ့အကျင့်ပါနေတာလားတော့မသိပါဘူး ဂိုးပေါက်မြင်တာနဲ့ဂိုးသွင်းဖို့ကိုပဲချောင်းနေပြီး အခွင့်အရေးရတာနဲ့ကိုဂိုးထဲလှမ်းလှမ်းကန်နေတာကိုမြင်တွေ့နေရပါတယ်။

September 19, 2024

အားလုံးစောင့်မျှော်နေကြတဲ့ UEFA Champions League 🏆ပြိုင်ပွဲကတော့ ဒီနေ့ညမှာစတင်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။

September 17, 2024

ယနေ့အတွက်နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ📰

August 28, 2024

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးလေး အန်းဒရစ်

August 27, 2024

သွင်းဂိုးပေါင်း 10,00 ဆိုတဲ့စံချိန်တစ်ခုကို ဂုတ်ကြီးတစ်ယောက်ထပ်ပြီးတင်နိုင်မှာလား ? 🐐🇵🇹 🎖️

August 9, 2024