နေ့စဥ် အားကစားသတင်းတို

ယူရို 2024 ရဲ့အုပ်စုပွဲစဉ်တွေအပြီး သွင်းဂိုးအများဆုံးနေရာကိုဉီးဆောင်နေသူ

blog image

June 28, 2024

ယူရို 2024 ရဲ့အုပ်စုပွဲစဉ်တွေအပြီး သွင်းဂိုးအများဆုံးနေရာကိုဉီးဆောင်နေသူကတော့ ပရိတ်သတ်တွေမျှော်မှန်းထားကြသလို ထိပ်တိန်းတိုက်စစ်ကစားသမားတွေမဟုတ်ခဲ့ပဲ ဒီနှစ်မှာမှ ယူရိုမှာစတင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ ဂျော်ဂျီယာအသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ မီကာတက်ဇီ ကဉီးဆောင်နေတာဖြစ်ပါတယ်။ အသက် 23 နှစ်အရွယ် ဒီကစားသမားလေးဟာ အုပ်စုပွဲစဉ် 3 ပွဲလုံးပွဲတိုင်း 1 ဂိုးစီသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်းသွင်းဂိုး 3 ဂိုးနှင့် 1 ဂိုးဖန်းတီးနိုင်တဲ့ထိကိုခြေစွမ်းပြခဲ့ပါတယ်။ ဂျော်ဂျီယာတိုက်စစ်မှာ ခွာရက်စကယ်လီယာ နှင့် အတူအတွဲညီစွာခြေစွမ်းပြနေပြီး ယခုလိုသူ့တို့အသင်းရဲ့သမိုင်းဝင်အောင်ပွဲလို့ပြောရမဲ့အုပ်စုကိုကျော်ဖြတ်နိုင်ခဲ့ရာမှာ သူတို့နှစ်ဉီးရဲ့တိုက်စစ်စွမ်းဆောင်ရည်ကအဓိကကျခဲ့ပါတယ်။ ဂျော်ဂျီယာအသင်းဟာ ကမ္ဘာ့အဆင့် 74 မှာရှိတဲ့အသင်းငယ်လေးဖြစ်ပေမဲ့ အသင်းလိုက်ကစားအားကောင်းပြီး အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီလိုအသင်းကြီးကို 2 ဂိုးပြတ်အနိုင်ကစားကာအကောင်းဆုံးတတိယနေရာနဲ့ 16 သင်းအဆင့်ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ လာမဲ့ 16 သင်းအဆင့်မှာတော့ စပိန်အသင်းနှင့်ထိပ်တိုက်တွေ့ဆုံနေပြီး ပေါ်တူဂီအသင်းကိုအနိုင်ယူခဲ့သလိုမျိုးမထင်မှတ်တာတွေထပ်ပြီးလုပ်ပြနိုင်မလား ဂျော်ဂျီယာအသင်းအတွက်သွင်းဂိုးတွေ ထပ်ပြီးမြင်တွေ့ရနိုင်မလားစောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

Related Sports News